Tuesday, December 17, 2013

တရုတ်ရှင်ကျန်ဒေသ အဓိကရုဏ်းကြောင့် ၁၆ ဦး သေဆုံး

Photo: တရုတ်ရှင်ကျန်ဒေသ အဓိကရုဏ်းကြောင့် ၁၆ ဦး သေဆုံး
Tuesday, December 17, 2013

တရုတ်နိုင်ငံမှ မွတ်ဆလင် အူဂါ တိုင်းရင်းသားများ၏ နေရပ်ဖြစ်သော ရှင်ကျန်ဒေသတွင် အဓိကရုဏ်း ရန်ပွဲ ဖြစ်ပွားမှုကြောင့် လူ ၁၆ ဦး သေဆုံးသွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ရာဇဝတ်မှု ကျူးလွန်သူဟု ယူဆရသူ တစ်ဦးကို ရဲက ပိုးလမ်းမမြို့ကြီး ကက်ရှ်ဂါ အနီး ရှုဖူး စီရင်စုနယ်တွင် ဖမ်းဆီးရန် ကြိုးစားရာမှ များစွာသော လူများက ပေါက်ကွဲစေနိုင်သော ပစ္စည်းများ၊ ဓားများ ကိုင်၍ တိုက်ခိုက်ကြရာမှ ယင်းသို့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး ၁၆ ဦး သေဆုံးသွားရခြင်း ဖြစ်ကြောင်း ဒေသတွင်းမီဒီယာ များက ရေးသားထားသည်။

သေဆုံးသူများမှာ ရဲနှစ်ဦးနှင့် ဆူပူတိုက်ခိုက်သူများ ဖြစ်ကြသည်ဟု သတင်း ထုတ်ပြန်ထားပြီး ရာဇဝတ်မှု ကျူးလွန်သူဟု ယူဆရသည့် မသင်္ကာသူ နှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားသေးသည်။

ပြီးခဲ့သည့် နှစ်လအတွင်းက တီအန်မင်ရင်ပြင်ကို ရှင်ကျန်နယ်သား အူဂါသုံးဦးက တိုက်ခိုက်ခဲ့ပြီး လူအုပ်ကြီးကို ကားဖြင့် အတင်းဝင်တိုက်ခဲ့ရာမှ နှစ်ဦး သေဆုံးပြီး လေးဆယ် ဒဏ်ရာရရှိခဲ့သည်။
တိုက်ခိုက်သူ သုံးဦးလည်း သေဆုံး သွားခဲ့ကြောင်း အာဏာပိုင်များက သတင်း ထုတ်ပြန်ထားသည်။

တရုတ်အစိုးရက ယင်းတိုက်ခိုက်မှုကို အကြမ်းဖက် တိုက်ခိုက်မှုဟု တပ်အပ် ပြောဆိုခဲ့ပြီး အရှေ့ တာကစ္စတန် အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့က ကျောထောက်နောက်ခံပြု လှုပ်ရှားနေခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

ပြည်ပပညာရှင်များက တိုက်ခိုက်မှု၏ ပုံစံသည် ရိုးရှင်းလွန်းနေခြင်းနှင့် အစ္စလာမ် စစ်သွေးကြွများ တရုတ်မြေတွင် ခြေချမှု မရှိခဲ့ဖူးခြင်း အပေါ် ဝေဖန်ထောက်ပြမှုများ ရှိနေသည်။

ရှင်ကျန်ဒေသသည် အာရှအလယ်ပိုင်း၊ ပါကစ္စတန်တို့နှင့် နယ်နိမိတ်ချင်း ကျယ်ပြန့်စွာ တည်ရှိနေပြီး တရုတ် မဟာတံတိုင်းနှင့် ဝေးကွာသော နေရာတွင် ရှိနေကာ ရာစုနှစ်ပေါင်းများစွာ အစ္စလာမ် ဘာသာဝင်များ နေထိုင်ခဲ့သည့်နေရာ ဖြစ်သည်။

တရုတ်အာဏာပိုင် တို့က ဒေသတွင်း ယဉ်ကျေးမှုကို ဖိနှိပ်ခြင်း၊ တင်းကျပ်သော လုံခြုံရေး နည်းစနစ်များ အသုံးပြုခြင်း အစရှိသည် တို့ကို မကျေမနပ် ပြောဆိုကြပြီး တရုတ်အစိုးရက ယင်းသို့ပြောဆို နေသူများသည် အစွန်းရောက်များ၊ အကြမ်းဖက်ဝါဒီများ၊ ခွဲထွက်ရေးသမားများ ဟု ပြောဆိုထားသည်။

ဇွန်လအတွင်းကလည်း ယင်းသို့ အဓိကရုဏ်းတစ်ခု အပြင်းအထန် ဖြစ်ပွားခဲ့သဖြင့် ၃၅ ဦး သေဆုံးကာ ၁၃၉ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

The Voice Weekly
တရုတ်နိုင်ငံမှ မွတ်ဆလင် အူဂါ တိုင်းရင်းသားများ၏ နေရပ်ဖြစ်သော ရှင်ကျန်ဒေသတွင် အဓိကရုဏ်း ရန်ပွဲ ဖြစ်ပွားမှုကြောင့် လူ ၁၆ ဦး သေဆုံးသွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
ရာဇဝတ်မှု ကျူးလွန်သူဟု ယူဆရသူ တစ်ဦးကို ရဲက ပိုးလမ်းမမြို့ကြီး ကက်ရှ်ဂါ အနီး ရှုဖူး စီရင်စုနယ်တွင် ဖမ်းဆီးရန် ကြိုးစားရာမှ များစွာသော လူများက ပေါက်ကွဲစေနိုင်သော ပစ္စည်းများ၊ ဓားများ ကိုင်၍ တိုက်ခိုက်ကြရာမှ ယင်းသို့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး ၁၆ ဦး သေဆုံးသွားရခြင်း ဖြစ်ကြောင်း ဒေသတွင်း မီဒီယာ များက ရေးသားထားသည်။

သေဆုံးသူများမှာ ရဲနှစ်ဦးနှင့် ဆူပူတိုက်ခိုက်သူများ ဖြစ်ကြသည်ဟု သတင်း ထုတ်ပြန်ထားပြီး ရာဇဝတ်မှု ကျူးလွန်သူဟု ယူဆရသည့် မသင်္ကာသူ နှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားသေးသည်။

ပြီးခဲ့သည့် နှစ်လအတွင်းက တီအန်မင်ရင်ပြင်ကို ရှင်ကျန်နယ်သား အူဂါသုံးဦးက တိုက်ခိုက်ခဲ့ပြီး လူအုပ်ကြီး ကို ကားဖြင့် အတင်းဝင်တိုက်ခဲ့ရာမှ နှစ်ဦး သေဆုံးပြီး လေးဆယ် ဒဏ်ရာရရှိခဲ့သည်။
တိုက်ခိုက်သူ သုံးဦးလည်း သေဆုံး သွားခဲ့ကြောင်း အာဏာပိုင်များက သတင်း ထုတ်ပြန်ထားသည်။

တရုတ်အစိုးရက ယင်းတိုက်ခိုက်မှုကို အကြမ်းဖက် တိုက်ခိုက်မှုဟု တပ်အပ် ပြောဆိုခဲ့ပြီး အရှေ့ တာကစ္စတန် အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့က ကျောထောက်နောက်ခံပြု လှုပ်ရှားနေခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

ပြည်ပပညာရှင်များက တိုက်ခိုက်မှု၏ ပုံစံသည် ရိုးရှင်းလွန်းနေခြင်းနှင့် အစ္စလာမ် စစ်သွေးကြွများ တရုတ်မြေ တွင် ခြေချမှု မရှိခဲ့ဖူးခြင်း အပေါ် ဝေဖန်ထောက်ပြမှုများ ရှိနေသည်။

ရှင်ကျန်ဒေသသည် အာရှအလယ်ပိုင်း၊ ပါကစ္စတန်တို့နှင့် နယ်နိမိတ်ချင်း ကျယ်ပြန့်စွာ တည်ရှိနေပြီး တရုတ် မဟာတံတိုင်းနှင့် ဝေးကွာသော နေရာတွင် ရှိနေကာ ရာစုနှစ်ပေါင်းများစွာ အစ္စလာမ် ဘာသာဝင်များ နေ ထိုင် ခဲ့သည့်နေရာ ဖြစ်သည်။

တရုတ်အာဏာပိုင် တို့က ဒေသတွင်း ယဉ်ကျေးမှုကို ဖိနှိပ်ခြင်း၊ တင်းကျပ်သော လုံခြုံရေး နည်းစနစ်များ အသုံးပြုခြင်း အစရှိသည် တို့ကို မကျေမနပ် ပြောဆိုကြပြီး တရုတ်အစိုးရက ယင်းသို့ပြောဆို နေသူများသည် အစွန်းရောက်များ၊ အကြမ်းဖက်ဝါဒီများ၊ ခွဲထွက်ရေးသမားများ ဟု ပြောဆိုထားသည်။

ဇွန်လအတွင်းကလည်း ယင်းသို့ အဓိကရုဏ်းတစ်ခု အပြင်းအထန် ဖြစ်ပွားခဲ့သဖြင့် ၃၅ ဦး သေဆုံးကာ ၁၃၉ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

The Voice Weekly

No comments:

Post a Comment