Thursday, January 3, 2013

ငြိမ်းချမ်းသောရင်ခွင်မှ နွေးထွေးစွာ ကြိုဆိုနေပါသည်

ငြိမ်းချမ်းသောရင်ခွင်မှ နွေးထွေးစွာ ကြိုဆိုနေပါသည်

Thursday, January 03, 2013

တစ်နှစ်ကျော်ကြာခဲ့ပါပြီ …. သယံဇာတပေါကြွယ်ဝလို့ ရေခံမြေခံကောင်းပြီး သာယာလှပတဲ့ ကချင်မြေမှာ.....။
- သေနတ်သံတွေ၊ မိုင်းသံတွေ ၊ ယမ်းခိုးတွေနဲ့ ပြည့်နေတဲ့ မြင် ကွင်းတွေ …
- သွေးသံရဲရဲနဲ့ အော်ဟစ်ငြီးတွားသံတွေ …
- မှောင်မှောင်မဲမဲမိုးရေထဲမှာ ခြင်ကိုက်၊ ဖြုတ်ကိုက်နဲ့ ငုတ်တုတ်ထိုင် ပြီး ဖြတ်သန်းခဲ့ရတဲ့ ညတွေ …
- ဘယ်တော့်ပြန်လာမလဲဆိုပြီး ညနေတိုင်းမှာ မျက်ရည်အပြည့်နဲ့ သားကို မျှော်နေတဲ့ မိခင်တွေ …
- အဖေကြီးပြန်လာရင် ကုန်းပိုးပြီး ဆော့မယ်ဆိုတဲ့ သားငယ်သမီး ငယ်တွေရဲ့ ငိုမဲ့မဲ့ပုံရိပ်တွေ …
- တောင်ထိပ်ကစခန်းငယ်မှာ ဆန်လက်တစ်ဆုပ်ကို ဆားမပါ၊ ငရုပ် မပါတဲ့ ပိန်းဥဟင်းနဲ့ နေ့စဉ်စားရင်း “မနက်ဖန်အတွက် ငါအသက်ရှင်ပါအုံးမလား ” ဆိုတဲ့အတွေးနဲ့ ရင်ထဲမှာ ကြိတ်ငိုနေတဲ့ အသုံး ချခံ ပြည်သူတွေ …
ဘာရည်ရွယ်ချက် ၊ ဘယ်သူအကျိုးအတွက် ၊ ဘယ်လိုအနာဂတ်မျိုးအတွက် ဒီလိုအဖြစ်ဆိုးတွေ ဖြစ်နေရ တာလဲ၊ ဘယ်အထိဆက်ဖြစ်နေကြအုံးမှာလဲ၊ ရခဲလှတဲ့ လူ့ဘ၀ သက်တမ်းလေးတစ်ခုမှာ ဒီလိုအဖြစ်ဆိုး တွေကြားထဲ မှာဘဲ KIA ရဲ့ အသုံးချခံဘ၀နဲ့ အဆုံးသတ်ကြတော့မှာလား ? စဉ်းစားကြပါ …
နိုင်ငံတော်အစိုးရအနေနဲ့ တစ်ပြည်လုံးငြိမ်းချမ်းပျော်ရွှင် စွာ နေထိုင်နိုင် ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒီမိုကရေစီ နိုင်ငံတော် တစ်ခုတည် ဆောက်နိုင်
ဖို့အတွက် ခိုင်မာတဲ့ သန္နိဌာန်ကိုချမှတ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းကို ငြိမ်းချမ်းရေးလမ်းပေါ် လက်တွဲကူညီဖေးမလို့ ခေါ်ဆောင်ခဲ့ရာ မှာ စေတနာမှန်ကို နားလည်သဘော ပေါက်ခဲ့သူတွေကတော့ မြန်မာနိုင်ငံ သားတိုင်းရဲ့ ရသင့်ရထိုက်တဲ့ အကျိုးခံစားခွင့်တွေကို တန်းတူရည်တူခံ စား နေကြပြီး တစ်ပြည်လုံးပျော်လို့ ရွှင်လို့နေနိုင်ပေမယ့်လည်း မြန်မာ
ပြည်မြောက်ဖျားက ကချင်ပြည်နယ်မှာတော့ အနိဌာရုံတွေက လွှမ်းမိုးနေ ဆဲပါ …။
“ လူ့အောက်ကျို့လို့ လူမသေပါ ” ဆိုတဲ့စကားလို နိုင်ငံတော်အစိုးရအနေနဲ့
ပြည်သူလူထုတစ်ရပ်လုံးရဲ့ အကျိုးကို ရှေ့ရှုပြီး သည်းခံစိတ်ရှည် စွဖြင့် ရေ ရှည် အကျိုးကိုမျှော်ကိုးကာ KIO/KIA အဖွဲ့ကို ငြိမ်းချမ်းရေးဆွေး နွေးကြဖို့ ကြိမ်ဖန်များစွာကမ်းလှမ်းခဲ့၊ ၎င်းတို့ အလိုဆန္ဒကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးပမ်းခဲ့ပေမဲ့ အပစ် အခတ်ရပ်စဲရေးကိုသွေဖယ် ပြီး နိုင်ငံရေးဆွေးနွေး ဖို့သာ အပ်ကြောင်းထပ်အောင် ပြောကာ စစ်ရေးလှုပ်ရှားမှုတွေ ကိုဆက် လက်ဦးတည်လုပ်ဆောင်လာခဲ့တဲ့အတွက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့် အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဘယ်လောက်ထိ စစ်ကိုလိုလားနေသလဲဆိုရင် တပ်မတော် အနေနဲ့ နိုင်ငံ
တော်သမ္မတကြီးရဲ့ အမိန့်ကိုနာခံပြီး မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်မှအပ စစ်ဆင်တိုက်ခိုက်ခြင်းမပြုလုပ်ခဲ့ပေမဲ့လည်း KIO/KIA အနေနဲ့ တပ်မတော် စစ်ကြောင်းတွေရဲ့ မဖြစ်မနေသွားလာလုပ်ဆောင်ရတဲ့ ရိက္ခာပို့ဆောင်
ရေးတွေ၊ အုပ်ချုပ်မှု ကိစ္စရပ်တွေဆောင်ရွက်ချိန်မှာ ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်ပြီးတော့ အင်အားသုံးပြီး ပြင်းပြင်း ထန်ထန် ဖြတ်တောက် တိုက်ခိုက်တာတွေ ၊ နှောက်ယှက်ပစ်ခတ်တာတွေ၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ရထားလမ်းတွေ မိုင်းခွဲ၊ တံတားတွေချိုး၊ ရဲစခန်းတွေ ၀င်တိုက်၊ စစ်ကြောင်းတွေ မိုင်းဆွဲလို့ ဒုက္ခသည်များ တိုးပွားအောင်ဖန်တီး လုပ်ဆောင်ခဲ့ ပါတယ်။ ဒါတင်မက KIA အင်အားတောင့်တင်းဖို့အတွက် ရ၀မ်၊ လီဆူး၊ လော်ဝေါ်၊ လာချိတ်၊ ရှမ်း တိုင်းရင်းသားများသာမ က ဂေါ်ရခါးလူမျိုးတွေကိုပါ ကျား/မ မခွဲခြားဘဲ အဓမ္မဖမ်းဆီး လူသစ်စု
ဆောင်းကာ ရှေ့တန်းကအသေခံခိုင်းတာတွေ အဆက်မပြတ် ကျူးလွန်နေခဲ့ပါတယ်။

KIA အနေဖြင့် လိုင်ဇာဒေသက ပြည်သူလူထုတွေကို ထိန်းချုပ်ပြီး ဒုက္ခသည်များအဖြစ်အမည်ခံ၍ ပြည်ပနိုင်ငံများမှ အကူအညီတွေရရှိအောင် ဖန်တီးနေသလို ဒုက္ခသည်များထဲမှာ အရွယ်ကောင်း ယောင်္ကျား၊ မိန်းမအား လုံးကို တပ်သားအဖြစ်နဲ့ အဓမ္မစုဆောင်းကာ သေတွင်းကိုပို့နေသလို ကျန်ရှိတဲ့ အသက်ကြီးသူ၊ ကျန်းမာရေးမကောင်းသူနဲ့ ကလေးငယ် များကို
တော့ KIA ဌာနချုပ်ကို လူသားတံတိုင်းနဲ့ ကာရံထားဖို့ စီမံဆောင်ရွက်
နေကြပြီဖြစ်လို့ KIA ရဲ့ အသုံးချတာခံနေရတဲ့ ဒုက္ခသည် စခန်းက ပြည်သူ
တွေ အနေနဲ့ ကိုယ်ဘ၀ နောင်ရေးအတွင် စဉ်းစားနားလည်ကြဖို့ လိုအပ်ပါပြီ။

အခုဆိုရင် KIA ရဲ့ထိန်းချုပ်မှုအောက်က ဒုက္ခသည်စခန်းမှာရောက်နေ တဲ့ ပြည်သူလူထုတွေအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ အရိပ်အာဝါသအောက် ကို ရောက်လာရင် စားဝတ်နေရေးနဲ့ ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေ ကို ဆောင်ရွက်ပေးဖို့ နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်နေပါပြီ …
KIO/KIA အနေနဲ့လည်း စစ်ပြေးဘ၀ကို ရောက်ရှိနေပြီဖြစ်လို့ ဒုက္ခသည် အမည်ခံ ပြည်သူလူထုကို ဘာမှလုပ်ပေးနိုင်မှာ မဟုတ်တော့သလို KIAေ ခါင်းဆောင်ပိုင်းတွေအနေနဲ့ နဂိုမူလကတည်းက အကြံ အစည်နဲ့ တရုတ်နိုင်ငံထဲမှာ ကိုယ်ပိုင်ဟိုတယ်တွေနဲ့ ဇိမ်ကျနေမှာပါ။ မသိနားမလည် တဲ့ ပြည်သူတွေဘဲ ဆင်းရဲမွဲတေငတ် မွတ်မှုဒဏ်တွေကို ခါးစည်းခံရမှာပါ …

တစ်နှစ်ကျော်ကာလအတွင်းမှာ KIA ရဲ့ တစ်ယူသန်လုပ်ရပ်တွေကြောင့် ကချင်ပြည်နယ်အတွင်းမှာ လမ်းတံတားတွေ ဖျက်ဆီး၊ ကုန်ဈေးနှုန်း
တွေ မြင့်တက်၊ အဓမ္မဖမ်းဆီးခံရမှုတွေ၊ မြေ မြှု ပ်မိုင်းဒဏ်တွေစတဲ့ အထိတ်တလန့်နဲ့ ကျီးလန့်စာစားနေရတဲ့ ဘ၀မျိုးကနေ လွတ်မြောက်
အောင် နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းတဲ့ အရိပ်အောက်ကို အမြန်ဆုံး
ဝင်ရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း တရား
ဥပဒေ စိုးမိုးမှု ရှိတဲ့ နိုင်ငံတော်ရဲ့အုပ်ချုပ်မှုအောက်မှာ အေးချမ်းစွာနဲ့ လာရောက်ပူးပေါင်း နေထိုင်နိုင်မှာဖြစ်လို့ အမြန်ဆုံး လာ ရောက်ကြဖို့ လိုအပ်ပါတယ်။

နွေးထွေးစွာကြိုဆိုလျက်ပါ ……

မြ၀တီ

တစ်နှစ်ကျော်ကြာခဲ့ပါပြီ …. သယံဇာတပေါကြွယ်ဝလို့ ရေခံမြေခံကောင်းပြီး သာယာလှပတဲ့ ကချင်မြေ
မှာ.....။
- သေနတ်သံတွေ၊ မိုင်းသံတွေ ၊ ယမ်းခိုးတွေနဲ့ ပြည့်နေတဲ့ မြင် ကွင်းတွေ …
- သွေးသံရဲရဲနဲ့ အော်ဟစ်ငြီးတွားသံတွေ …
- မှောင်မှောင်မဲမဲမိုးရေထဲမှာ ခြင်ကိုက်၊ ဖြုတ်ကိုက်နဲ့ ငုတ်တုတ်ထိုင် ပြီး ဖြတ်သန်းခဲ့ရတဲ့ ညတွေ …
- ဘယ်တော့်ပြန်လာမလဲဆိုပြီး ညနေတိုင်းမှာ မျက်ရည်အပြည့်နဲ့ သားကို မျှော်နေတဲ့ မိခင်တွေ …
- အဖေကြီးပြန်လာရင် ကုန်းပိုးပြီး ဆော့မယ်ဆိုတဲ့ သားငယ်သမီး ငယ်တွေရဲ့ ငိုမဲ့မဲ့ပုံရိပ်တွေ …
- တောင်ထိပ်ကစခန်းငယ်မှာ ဆန်လက်တစ်ဆုပ်ကို ဆားမပါ၊ ငရုပ် မပါတဲ့ ပိန်းဥဟင်းနဲ့ နေ့စဉ်စားရင်း “မနက်ဖန်အတွက် ငါအသက်ရှင်ပါအုံးမလား ” ဆိုတဲ့အတွေးနဲ့ ရင်ထဲမှာ ကြိတ်ငိုနေတဲ့ အသုံး ချခံ ပြည် သူတွေ …
ဘာရည်ရွယ်ချက် ၊ ဘယ်သူအကျိုးအတွက် ၊ ဘယ်လိုအနာဂတ်မျိုးအတွက် ဒီလိုအဖြစ်ဆိုးတွေ ဖြစ်နေရ တာလဲ၊ ဘယ်အထိဆက်ဖြစ်နေကြအုံးမှာလဲ၊ ရခဲလှတဲ့ လူ့ဘ၀ သက်တမ်းလေးတစ်ခုမှာ ဒီလို အဖြစ် ဆိုး တွေကြားထဲ မှာဘဲ KIA ရဲ့ အသုံးချခံဘ၀နဲ့ အဆုံးသတ်ကြတော့မှာလား ? စဉ်းစားကြပါ …
နိုင်ငံတော်အစိုးရအနေနဲ့ တစ်ပြည်လုံးငြိမ်းချမ်းပျော်ရွှင် စွာ နေထိုင်နိုင် ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒီမိုကရေစီ နိုင်ငံတော် တစ်ခုတည် ဆောက်နိုင်ဖို့အတွက် ခိုင်မာတဲ့ သန္နိဌာန်ကိုချမှတ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းကို ငြိမ်းချမ်းရေးလမ်းပေါ် လက်တွဲကူညီဖေးမလို့ ခေါ်ဆောင်ခဲ့ရာ မှာ စေတနာ မှန်ကို နားလည်သဘော ပေါက်ခဲ့သူတွေကတော့ မြန်မာနိုင်ငံ သားတိုင်းရဲ့ ရသင့်ရထိုက်တဲ့ အကျိုး ခံစား ခွင့်တွေကို တန်းတူရည်တူခံ စား နေကြပြီး တစ်ပြည်လုံးပျော်လို့ ရွှင်လို့ နေနိုင်ပေ မယ့် လည်း မြန်မာ ပြည်မြောက် ဖျားက ကချင်ပြည်နယ်မှာတော့ အနိဌာရုံတွေက လွှမ်းမိုးနေ ဆဲပါ …။
“ လူ့အောက် ကျို့လို့ လူမသေပါ ” ဆိုတဲ့စကားလို နိုင်ငံတော်အစိုးရအနေနဲ့
ပြည်သူလူထုတစ်ရပ်လုံးရဲ့ အကျိုးကို ရှေ့ရှုပြီး သည်းခံစိတ်ရှည် စွဖြင့် ရေ ရှည် အကျိုးကိုမျှော်ကိုးကာ KIO/KIA အဖွဲ့ကို ငြိမ်းချမ်းရေးဆွေး နွေးကြဖို့ ကြိမ်ဖန်များစွာကမ်းလှမ်းခဲ့၊ ၎င်းတို့ အလို ဆန္ဒ ကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးပမ်းခဲ့ပေမဲ့ အပစ် အခတ်ရပ်စဲရေးကိုသွေဖယ် ပြီး နိုင်ငံရေးဆွေးနွေး ဖို့သာ အပ်ကြောင်းထပ်အောင် ပြောကာ စစ်ရေးလှုပ်ရှားမှုတွေ ကိုဆက် လက်ဦးတည်လုပ်ဆောင်လာခဲ့တဲ့အတွက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့် အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဘယ်လောက်ထိ စစ်ကိုလိုလားနေသလဲဆိုရင် တပ်မတော် အနေနဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ အမိန့်ကို နာခံပြီး မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်မှအပ စစ်ဆင်တိုက်ခိုက်ခြင်းမပြုလုပ်ခဲ့ပေမဲ့လည်း KIO/KIA အနေ နဲ့ တပ်မတော် စစ်ကြောင်းတွေရဲ့ မဖြစ်မနေသွားလာလုပ်ဆောင်ရတဲ့ ရိက္ခာပို့ဆောင်ရေးတွေ၊ အုပ်ချုပ်မှု ကိစ္စရပ်တွေဆောင်ရွက်ချိန်မှာ ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်ပြီးတော့ အင်အားသုံးပြီး ပြင်းပြင်း ထန်ထန် ဖြတ်တောက် တိုက်ခိုက်တာတွေ ၊ နှောက်ယှက်ပစ်ခတ်တာတွေ၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ရထား လမ်းတွေ မိုင်းခွဲ၊ တံတားတွေချိုး၊ ရဲစခန်းတွေ ၀င်တိုက်၊ စစ်ကြောင်းတွေ မိုင်းဆွဲလို့ ဒုက္ခသည်များ တိုးပွားအောင်ဖန်တီး လုပ်ဆောင်ခဲ့ ပါတယ်။ ဒါတင်မက KIA အင်အားတောင့်တင်းဖို့အတွက် ရ၀မ်၊ လီဆူး၊ လော်ဝေါ်၊ လာချိတ်၊ ရှမ်း တိုင်းရင်းသားများသာမ က ဂေါ်ရခါးလူမျိုးတွေကိုပါ ကျား/မ မခွဲခြားဘဲ အဓမ္မဖမ်းဆီး လူသစ်စုဆောင်းကာ ရှေ့တန်းကအသေခံခိုင်းတာတွေ အဆက်မပြတ် ကျူးလွန်နေ ခဲ့ပါ တယ်။

KIA အနေဖြင့် လိုင်ဇာဒေသက ပြည်သူလူထုတွေကို ထိန်းချုပ်ပြီး ဒုက္ခသည်များ အဖြစ် အမည် ခံ၍ ပြည်ပနိုင်ငံများမှ အကူအညီတွေရရှိအောင် ဖန်တီးနေသလို ဒုက္ခသည်များထဲမှာ အရွယ်ကောင်း ယောင်္ကျား၊ မိန်းမ အား လုံးကို တပ်သားအဖြစ်နဲ့ အဓမ္မစုဆောင်း ကာ သေတွင်း ကိုပို့ နေသလို ကျန်ရှိတဲ့ အသက်ကြီးသူ၊ ကျန်းမာရေးမကောင်းသူနဲ့ ကလေးငယ် များကိုတော့ KIA ဌာနချုပ်ကို လူသားတံတိုင်းနဲ့ ကာရံထားဖို့ စီမံဆောင်ရွက်နေကြပြီဖြစ်လို့ KIA ရဲ့ အသုံးချတာခံနေရတဲ့ ဒုက္ခသည် စခန်းက ပြည်သူတွေ အနေနဲ့ ကိုယ်ဘ၀ နောင်ရေးအတွင် စဉ်းစားနားလည်ကြဖို့ လိုအပ်ပါပြီ။
အခုဆိုရင် KIA ရဲ့ထိန်းချုပ်မှုအောက်က ဒုက္ခသည်စခန်းမှာရောက်နေ တဲ့ ပြည်သူ လူထုတွေ အနေနဲ့ နိုင်ငံတော်အစိုးရရဲ့ အရိပ်အာဝါသအောက် ကို ရောက်လာရင် စားဝတ်နေရေး နဲ့ ပြန်လည် ထူထောင်ရေး ကိစ္စရပ်တွေ ကို ဆောင်ရွက်ပေးဖို့ နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်နေပါပြီ …
KIO/KIA အနေနဲ့လည်း စစ်ပြေးဘ၀ကို ရောက်ရှိနေပြီဖြစ်လို့ ဒုက္ခသည် အမည်ခံ ပြည်သူလူထုကို ဘာမှလုပ်ပေးနိုင်မှာ မဟုတ်တော့သလို KIAေ ခါင်းဆောင်ပိုင်းတွေအနေနဲ့ နဂိုမူလကတည်းက အကြံ အစည်နဲ့ တရုတ်နိုင်ငံထဲမှာ ကိုယ်ပိုင်ဟိုတယ်တွေနဲ့ ဇိမ်ကျနေမှာပါ။ မသိနားမလည် တဲ့ ပြည်သူတွေဘဲ ဆင်းရဲမွဲတေငတ် မွတ်မှုဒဏ်တွေကို ခါးစည်းခံရမှာပါ …

တစ်နှစ်ကျော်ကာလအတွင်းမှာ KIA ရဲ့ တစ်ယူသန်လုပ်ရပ်တွေကြောင့် ကချင်ပြည်နယ်အတွင်းမှာ လမ်းတံတားတွေ ဖျက်ဆီး၊ ကုန်ဈေးနှုန်းတွေ မြင့်တက်၊ အဓမ္မဖမ်းဆီးခံရမှုတွေ၊ မြေ မြှု ပ်မိုင်းဒဏ်တွေ စတဲ့ အထိတ် တလန့်နဲ့ ကျီးလန့်စာစားနေရတဲ့ ဘ၀မျိုးကနေ လွတ်မြောက်အောင် နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းတဲ့ အရိပ်အောက်ကို အမြန်ဆုံးဝင်ရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း တရားဥပဒေ စိုးမိုးမှု ရှိတဲ့ နိုင်ငံတော်ရဲ့အုပ်ချုပ်မှုအောက်မှာ အေးချမ်းစွာနဲ့ လာရောက် ပူးပေါင်း နေထိုင်နိုင် မှာဖြစ် လို့ အမြန်ဆုံး လာ ရောက်ကြဖို့ လိုအပ်ပါတယ်။

နွေးထွေးစွာကြိုဆိုလျက်ပါ ……

မြ၀တီ

No comments:

Post a Comment