Thursday, January 3, 2013

ချောင်းမြစ်ကို ပမာပြု၍ လုံ့လ စိုက်ထုတ်လုပ်ကိုင်

ချောင်းမြစ်ကို ပမာပြု၍ လုံ့လ စိုက်ထုတ်လုပ်ကိုင်

သဘာဝ တရားကြီးတွင် ချောင်းမြစ် စသည်တို့မှာ မြစ်ဖျားမှသည် မြစ်ဝသို့ တိုင်အောင် စီးဆင်း ရာ၌ သာယာ ညီညွတ်စွာ စီးဆင်း ကြရသည် မဟုတ်ဘဲ မြေညီ၍ ရေသာသည့် အခါ သာလျက် မြေကြမ်း၍ ရေကြမ်းသည့် အခါ ကြမ်းလျက် အလိုက်အထိုက် စီးဆင်း ကြသည်။ ထိုသို့ စီးဆင်းရာ၌ မြေပြင် ညီညွတ် ကျယ်ပြန့်၍ လှိုင်းဂယက် မထကြွ သာယာ ဖြည်းညင်းစွာ စီးဆင်းကြသည်။ မြစ်ကြောင်း ကျဉ်းကျပ်၍ မညီမညွတ် ကျောက်ဆောင်အငူ ခုခံနေသော အခါ ရေဟုန် ပြင်းထန်၍ ရေလှိုင်းဂယက် ထကြွခုန်ပျံ အသံကြီး စွာ ပြုလျက် အလုအယက် အားအင်ထုတ် စီးဆင်းသည်ကို တွေ့ရသည်။ ဤသို့ မြစ်ချောင်းတို့၏ စီးဆင်းပုံသည် လူတို့အား မှတ်သား နှလုံးသွင်း ဖွယ်ရာ ဥပမာ ပြနေ သကဲ့သို့ ရှိသည်။
လူတို့သည် ကာလဒေသ ညီညွတ်လျက် အကျပ်အတည်း မရှိသောအခါ လုံ့လများစွာ မထုတ်သော်လည်း အခုအခံ မရှိသာယာ အေးမြစွာ နေနိုင်ကြသည်။ သို့သော် ကာလဒေသ မညီညွတ် အကျပ် အတည်းနှင့် ကြုံကြိုက်သော အခါ သာယာ အေးမြစွာ နေ၍ မဖြစ်နိုင် တော့ဘဲ ကြိုးကြိုးကုတ်ကုတ် အားရှိသမျှ ထုတ်လျက် ရုန်းကန်ဆောင်ရွက် နိုင်ကြမှ သာလျှင် လိုရာသို့ ပေါက်မြောက် အောင်မြင်စွာ နေထိုင် နိုင်ကြမည် ဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ စတင်တာဝန် ထမ်းဆောင်စ ၂ဝ၁၁ ခုနှစ် ဧပြီ ၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး ခန်းမဆောင်၌ ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းဝင် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ် များနှင့် ပြည်ထောင်စု ဒုတိယ ဝန်ကြီးများအား နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တွေ့ဆုံ အမှာစကား ပြောကြားရာ၌ ''စနစ် ပြောင်းသွားပြီ ဖြစ်သကဲ့သို့ ခေတ်လည်း လိုက်ပြောင်းရမည် ဖြစ်ကြောင်း၊ ပြောင်းလဲသည့် ခေတ်စနစ်နှင့် အညီ အတွေး အခေါ်များ၊ လုပ်နည်း လုပ်ဟန်များလည်း လိုက်ပါ ပြောင်းလဲရမည် ဖြစ်ကြောင်း၊ အပြောင်း အလဲကို လိုချင်နေသည့် ပြည်သူများ၏ ဆန္ဒကို နားလည် သဘော ပေါက်ကြရမှာ ဖြစ်ကြောင်း၊ ဗဟိုက ချုပ်ကိုင်သည့် စနစ်အစား အောက်ခြေက အဆင့်ဆင့် တာဝန်ယူပြီး အထက်ကို ပြန်တာဝန် ခံသည့် စနစ်မျိုးဖြင့် သွားကြရမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် အောက်ခြေက တောင့်တင်းရန်၊ အားကောင်းရန် လိုအပ်ကြောင်း၊ ပြည်သူများ ကိုလည်း မိမိတို့ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရ ကိုချည်း အားကိုး မနေဘဲ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး လုပ်ကိုင်ကြရေး တိုက်တွန်းကြရန် လိုအပ်ကြောင်း၊ အလုပ်လုပ်ကြ ရမှာက ပြည်သူများသာ ဖြစ်ပြီး အလုပ် လုပ်နိုင်အောင် ဖန်တီး ပေးရန်နှင့် အခွန်အတုတ် ရအောင် ကောက်ခံရန်မှာ အစိုးရ၏ အလုပ်ဖြစ်ကြောင်း၊ တာဝန် ရှိလာပြီ ဖြစ်သည့်အတွက်  တာဝန်သိရန် လိုအပ်ပါကြောင်း၊ မိမိတို့ လုပ်ဆောင်ချက်၏ အဆိုး အကောင်းကို တာဝန် ယူကြရန် လိုအပ်ကြောင်း၊ စေတနာ အလျောက် လုပ်နည်းကိုင်နည်း မှားယွင်း သွားခြင်းကို  သည်းခံခွင့်လွှတ် နိုင်သော်လည်း ပုဂ္ဂိုလ်ရေး အရ မှားယွင်းမှုမျိုး မဖြစ်ရန် ကိုမူ ဂရု စိုက်ကြရန် လိုကြောင်း'' မှာကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီး တို့သည် စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်း နေကြရသည် ဖြစ်ရာ လောကကြီးကား တစ်သမတ်တည်း ညီညာ ပြေပြစ်သော အရာ မဟုတ်ကြောင်း သတိ ပြုလျက် ချောင်းမြစ်တို့ စီးဆင်းသည့် ဥပမာ ပြု၍ စနစ်ပြောင်း ခေတ်ပြောင်းနှင့် လိုက်လျော ညီထွေ ရှိစေသော အတွေး အခေါ်နှင့် လုပ်နည်း လုပ်ဟန်များဖြင့် နိုင်ငံတော် တည်ဆောက် ရေးလုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်ကြရန် ထပ်လောင်း နှိုးဆော် လိုက်ရပါ သည်။

http://www.myawady.net.mm/allnews/editorschoice/item/3334-2013-01-02-09-16-19

သဘာဝတရားကြီးတွင် ချောင်းမြစ်စသည်တို့မှာ မြစ်ဖျားမှသည် မြစ်ဝသို့တိုင်အောင် စီးဆင်းရာ၌ သာယာ ညီညွတ်စွာ စီးဆင်းကြရသည်မဟုတ်ဘဲ မြေညီ၍ရေသာသည့်အခါသာလျက် မြေကြမ်း၍ ရေကြမ်းသည့် အခါကြမ်းလျက်အလိုက်အထိုက်စီးဆင်းကြသည်။ ထိုသို့စီးဆင်းရာ၌ မြေပြင်ညီညွတ်ကျယ်ပြန့်၍ လှိုင်း ဂယက် မထကြွသာယာ ဖြည်းညင်းစွာ စီးဆင်းကြသည်။ မြစ်ကြောင်း ကျဉ်းကျပ်၍ မညီ မညွတ် ကျောက်ဆောင် အငူ ခုခံနေသောအခါ ရေဟုန် ပြင်းထန်၍ ရေလှိုင်းဂယက်ထကြွခုန်ပျံ အသံကြီး စွာ ပြုလျက်အလုအယက် အားအင်ထုတ်စီးဆင်းသည်ကို တွေ့ရသည်။ ဤသို့ မြစ်ချောင်းတို့၏ စီးဆင်း ပုံသည် လူတို့အား မှတ်သား နှလုံးသွင်း ဖွယ်ရာ ဥပမာ ပြနေ သကဲ့သို့ ရှိသည်။
လူတို့သည် ကာလဒေသ ညီညွတ်လျက် အကျပ်အတည်း မရှိသောအခါ လုံ့လများစွာ မထုတ်သော်လည်း အခုအခံ မရှိသာယာ အေးမြစွာ နေနိုင်ကြသည်။ သို့သော် ကာလဒေသ မညီညွတ် အကျပ် အတည်းနှင့် ကြုံကြိုက်သော အခါသာယာ အေးမြစွာ နေ၍ မဖြစ်နိုင် တော့ဘဲ ကြိုးကြိုးကုတ်ကုတ် အားရှိသမျှ ထုတ် လျက် ရုန်းကန်ဆောင်ရွက် နိုင်ကြမှသာလျှင် လိုရာသို့ ပေါက်မြောက် အောင်မြင် စွာ နေ ထိုင် နိုင်ကြ မည် ဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ စတင်တာဝန် ထမ်းဆောင်စ ၂ဝ၁၁ ခုနှစ် ဧပြီ ၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး ခန်းမဆောင်၌ ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းဝင် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ် များနှင့် ပြည်ထောင်စု ဒုတိယ ဝန်ကြီးများအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တွေ့ဆုံအမှာစကား ပြောကြားရာ၌ ''စနစ် ပြောင်း သွားပြီ ဖြစ်သကဲ့သို့ ခေတ်လည်း လိုက်ပြောင်း ရမည် ဖြစ်ကြောင်း ၊ ပြောင်းလဲ သည့် ခေတ် စနစ်နှင့် အညီ အတွေးအခေါ်များ၊ လုပ်နည်းလုပ်ဟန်များ လည်းလိုက်ပါ ပြောင်းလဲရမည် ဖြစ်ကြောင်း၊ အပြောင်း အလဲကို လိုချင်နေသည့် ပြည်သူများ၏ ဆန္ဒကို နားလည် သဘော ပေါက်ကြရမှာ ဖြစ်ကြောင်း၊ ဗဟိုက ချုပ်ကိုင်သည့် စနစ်အစား အောက်ခြေက အဆင့်ဆင့် တာဝန်ယူပြီး အထက်ကို ပြန်တာဝန် ခံသည့် စနစ်မျိုးဖြင့် သွားကြရမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် အောက်ခြေက တောင့်တင်းရန်၊ အားကောင်းရန် လိုအပ်ကြောင်း၊ ပြည်သူများ ကိုလည်း မိမိတို့ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရ ကိုချည်း အားကိုး မနေဘဲ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး လုပ်ကိုင်ကြရေး တိုက်တွန်းကြရန် လိုအပ်ကြောင်း၊ အလုပ်လုပ်ကြ ရမှာက ပြည်သူများသာ ဖြစ်ပြီး အလုပ် လုပ်နိုင်အောင် ဖန်တီး ပေးရန်နှင့် အခွန်အတုတ် ရအောင် ကောက်ခံရန်မှာ အစိုးရ၏ အလုပ်ဖြစ်ကြောင်း၊ တာဝန် ရှိလာပြီ ဖြစ်သည့်အတွက် တာဝန်သိရန် လိုအပ်ပါကြောင်း၊ မိမိတို့ လုပ်ဆောင်ချက်၏ အဆိုး အကောင်းကို တာဝန် ယူကြရန် လိုအပ်ကြောင်း ၊ စေတနာအလျောက် လုပ်နည်းကိုင်နည်း မှားယွင်းသွားခြင်းကို သည်းခံခွင့်လွှတ် နိုင်သော်လည်း ပုဂ္ဂိုလ်ရေး အရ မှားယွင်းမှုမျိုး မဖြစ်ရန်ကိုမူ ဂရု စိုက်ကြရန် လိုကြောင်း'' မှာကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်း နေကြရသည် ဖြစ် ရာ လောက ကြီးကား တစ်သမတ်တည်းညီညာ ပြေပြစ်သောအရာမဟုတ်ကြောင်း သတိ ပြုလျက် ချောင်းမြစ် တို့စီး ဆင်းသည့် ဥပမာ ပြု၍ စနစ်ပြောင်း ခေတ်ပြောင်းနှင့် လိုက်လျော ညီထွေ ရှိစေသော အတွေးအခေါ်နှင့် လုပ်နည်းလုပ်ဟန်များဖြင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ အရှိန် အဟုန် တိုးမြှင့် ဆောင်ရွက် ကြရန် ထပ်လောင်း နှိုးဆော်လိုက်ရပါ သည်။

No comments:

Post a Comment