Saturday, December 21, 2013

ဆွေးနွေးလျက် ရှိသည့် မြန်မာ - ဂျပန် ၂ နိုင်ငံ ကြား ဗီဇာ ကင်းလွတ်ခွင့် ဖြင့် သွားလာမှု

Photo: ဆွေးနွေးလျက် ရှိသည့် မြန်မာ - ဂျပန် ၂ နိုင်ငံ ကြား ဗီဇာ ကင်းလွတ်ခွင့် ဖြင့် သွားလာမှု
Saturday, December 21, 2013

မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံကြား ၀င်ထွက် သွားလာ မှုများမှာ ဗီဇာ မလိုဘဲ သွားလာ နိုင်ဖို့ အတွက် ၂ နိုင်ငံ အစိုးရ အဖွဲ့များ အကြား စီစဉ် ဆွေးနွေး လျက်ရှိတယ်လို့ နိုင်ငံခြား ရေး ၀န်ကြီး ဌာနမှ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ဆွေးနွေး ရာမှာတော့ မြန်မာ - ဂျပန် နှစ် နိုင်ငံမှ သံတမန် များနဲ့ အဆင့်မြင့် အရာရှိ များ အတွက် ဗီဇာ မလိုဘဲ ၀င် ထွက် သွားလာ နိုင်ဖို့ ဆောင်ရွက်လျက် ရှိသလို သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားသူများ အတွက်လည်း ဗီဇာ ကင်းလွတ် ခွင့် များနဲ့ သွားလာ နိုင်ရေး အတွက် လက်မှတ် ရေးထိုး နိုင်ဖို့ စီစဉ်နေ တာ ဖြစ်ပါ တယ်။ ဒီလို ၂ နိုင်ငံ ကြား ဗီဇာ ကင်းလွတ် ခွင့်များ နဲ့ သွားလာ ၀င်ထွက် နိုင်ပါက ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း များ၊ စီးပွားရေး နဲ့ ကုန်သွယ်မှု လုပ်ငန်း များမှ ဖွံ့ဖြိုး တိုးတက် လာစေနိုင် မှာ ဖြစ်သလို ၂ နိုင်ငံ ကြား ခရီး သွားလာမှု လုပ်ငန်း များမှာ လည်း တိုးတက် များပြား လာစေ နိုင် မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ လည်း မြန်မာ - ဂျပန် နိုင်ငံ ကြား ရင်းနှီး မြှုပ်နှံမှု သဘောတူ စာချုပ် ကို လက်မှတ် ရေးထိုး ထားကာ ကုန်သွယ် ရင်းနှီး မြှုပ်နှံမှု ကဏ္ဍ များ ဖွံ့ဖြိုး လာပါက စီးပွား ရေး၊ ကုန်သွယ်ရေး နဲ့ ရင်းနှီး မြှုပ်နှံမှု စတဲ့ ကဏ္ဍ တို့မှာ ဖွံ့ဖြိုး လာနိုင် သလို နှစ်နိုင်ငံ ကြား ချစ်ကြည်မှု နဲ့ ဆက်ဆံရေး တို့မှာ လည်း တိုးတက် လာစေဖို့ အတွက် အခုလို စီစဉ် ဆောင်ရွက် ရတာ ဖြစ်တယ် လို့လည်း သိရ ပါတယ်။ မြန်မာ နိုင်ငံ အနေနဲ့ လက်ရှိ မှာ အာဆီယံ ဒေသ တွင်း နိုင်ငံများ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံ ၄ ခု နဲ့လည်း လာမယ့် ၂၀၁၄ ခုနှစ် အတွင်း ဗီဇာ မလိုဘဲ သွားလာ နိုင်အောင် အပြီးသတ် လက်မှတ် ရေးထိုးကာ ဆောင်ရွက် သွားမှာ ဖြစ်တယ် လို့ သိရပါ တယ်။

Golden Land Myanmar
မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံကြား ၀င်ထွက် သွားလာ မှုများမှာ ဗီဇာ မလိုဘဲ သွားလာ နိုင်ဖို့ အတွက် ၂ နိုင်ငံ အစိုးရ အဖွဲ့များ အကြား စီစဉ် ဆွေးနွေး လျက်ရှိတယ်လို့ နိုင်ငံခြား ရေး ၀န်ကြီး ဌာနမှ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ဆွေးနွေး ရာမှာတော့ မြန်မာ - ဂျပန် နှစ် နိုင်ငံမှ သံတမန် များနဲ့ အဆင့်မြင့် အရာရှိ များ အတွက် ဗီဇာ မလိုဘဲ ၀င် ထွက် သွားလာ နိုင်ဖို့ ဆောင်ရွက်လျက် ရှိသလို သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားသူများ အတွက်လည်း ဗီဇာ ကင်းလွတ် ခွင့် များနဲ့ သွားလာ နိုင်ရေး အတွက် လက်မှတ် ရေးထိုး နိုင်ဖို့ စီစဉ်နေ တာ ဖြစ်ပါ တယ်။ ဒီလို ၂ နိုင်ငံ ကြား ဗီဇာ ကင်းလွတ် ခွင့်များ နဲ့ သွားလာ ၀င်ထွက် နိုင်ပါက ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း များ၊ စီးပွားရေး နဲ့ ကုန်သွယ်မှု လုပ်ငန်း များမှ ဖွံ့ဖြိုး တိုးတက် လာစေနိုင် မှာ ဖြစ်သလို ၂ နိုင်ငံ ကြား ခရီး သွားလာမှု လုပ်ငန်း များမှာ လည်း တိုးတက် များပြား လာစေ နိုင် မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ လည်း မြန်မာ - ဂျပန် နိုင်ငံ ကြား ရင်းနှီး မြှုပ်နှံမှု သဘောတူ စာချုပ် ကို လက်မှတ် ရေး ထိုး ထားကာ ကုန်သွယ် ရင်းနှီး မြှုပ်နှံမှု ကဏ္ဍ များ ဖွံ့ဖြိုး လာပါက စီးပွား ရေး၊ ကုန်သွယ်ရေး နဲ့ ရင်းနှီး မြှုပ်နှံမှု စတဲ့ ကဏ္ဍ တို့မှာ ဖွံ့ဖြိုး လာနိုင် သလို နှစ်နိုင်ငံ ကြား ချစ်ကြည်မှု နဲ့ ဆက်ဆံရေး တို့မှာ လည်း တိုးတက် လာစေဖို့ အတွက် အခုလို စီစဉ် ဆောင်ရွက် ရတာ ဖြစ်တယ် လို့လည်း သိရ ပါတယ်။ မြန်မာ နိုင်ငံ အနေနဲ့ လက်ရှိ မှာ အာဆီယံ ဒေသ တွင်း နိုင်ငံများ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံ ၄ ခု နဲ့လည်း လာမယ့် ၂၀၁၄ ခုနှစ် အတွင်း ဗီဇာ မလိုဘဲ သွားလာ နိုင်အောင် အပြီးသတ် လက်မှတ် ရေးထိုးကာ ဆောင်ရွက် သွားမှာ ဖြစ်တယ် လို့ သိရပါ တယ်။

Golden Land Myanmar

No comments:

Post a Comment