Thursday, January 16, 2014

2014 Consumer Electronics Show (CES) ပွဲမှာ LG က ဆုများရရှိခဲ့

2014 Consumer Electronics Show (CES) ပွဲမှာ LG က ဆုများရရှိခဲ့




2014 Consumer Electronics Show (CES) ပွဲမှာ LG က ဆုများရရှိခဲ့၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ အမေရိကန်နိုင်ငံ Las Vegas မြို့မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူသုံးကုန်လျှပ်စစ်ပစ္စည်းပြပွဲ (CES 2014) မှာ တောင်ကိုရီးယားအခြေစိုက် LG ကလည်း နောက်ဆုံးပေါ် နည်းပညာမြင့် ပစ္စည်းအသစ်အဆန်းများကို မိတ်ဆက်ပြသ သွားခဲ့ပါတယ်။ CES 2014 (Consumer Electronics Show) ဆိုတာကတော့ Las Vegas မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ နိုင်ငံတကာ နည်းပညာထိပ်တန်းပြပွဲကြီး တစ်ခုဖြစ်ပြီး ယခုနှစ် ပြပွဲကတော့ သမိုင်းတစ်လျှောက် အကြီးမားဆုံးနဲ့ အအောင်မြင် ဆုံးပွဲ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားခဲ့ပါတယ်။
ဝင်ရောက်ပြသတဲ့ ကုမ္ပဏီပေါင်း ၃၂၀၀ ခန့်ရှိခဲ့ပြီး ပြပွဲရဲ့ အကျယ်အ၀န်းဟာ စတုရန်းပေ နှစ်သန်း ပတ်လည်ခန့် ရှိပါတယ်။ ယခုပွဲရဲ့ အရှိန်အ၀ါဟာ တကယ်ပဲကြီးမားခဲ့ပြီး နယ်ပယ်စုံမှ နာမည်ကြီးပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ပါတယ်။ ယခုနှစ် ပွဲမှာ ရေပန်းစားခဲ့တာကတော့ Wearable Devices (၀တ်ဆင်နိုင်တဲ့ နည်းပညာပစ္စည်း) တွေနဲ့ ရုပ်ထွက်အမြင့်မားဆုံး 4K Smart TV တွေပါပဲ။ ပွဲကို နိုင်ငံတကာမှ မီဒီယာ သမားတွေ အပါအ၀င် လူပေါင်း တစ်သိန်းခွဲလောက် တက်ရောက်ခဲ့ကြပြီး ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ CES ပွဲကို Website သို့မဟုတ် TV တွေကနေ တစ်နည်းနည်းနဲ့ ကြည့်ရှုခဲ့ကြတယ်လို့ ပွဲစီစဉ်သူ ဥက္ကဋ္ဌ ‘Gary Shaprio’ မှ ပြောကြားခဲ့ပါတယ်။

“ကွေးကောက်နိုင်တဲ့ Ultra HD TV တွေ၊ စမတ်ဖုန်းမျိုးဆက်သစ်တွေကနေ Drones တွေ၊ စက်ရုပ်တွေ၊ အာရုံခံ ကိရိယာတွေ၊ နည်းပညာ မြင့်မားတဲ့ အသံစနစ်တွေ၊ ဆက်သွယ် အလုပ်လုပ်နိုင်တဲ့ ကားတွေ၊ 3D Printer တွေကို ပြသခဲ့ပြီး တစ်ခုထဲသော လိုအပ်ချက်က Time Travel Machine ပါ” လို့ Shapiro က သူ့ရဲ့ပွဲကို အမွှမ်းတင်ပြောဆိုခဲ့ပါတယ်။ 

ဒီပွဲကြီးဟာ နှစ်စဉ်ဇန်န၀ါရီလမှာ အမေရိကန် Las Vegas မြို့ရဲ့ ကွန်ဗန်းရှင်း စင်တာမှာ ကျင်းပလေ့ရှိပြီး CES ပွဲနဲ့ ပတ်သက်ပြီး တရားဝင် Website ကတော့ http://www.cesweb.org/ ပါ။ LG ရဲ့ ပစ္စည်းတွေဟာလည်း ဒီပွဲမှာ အရမ်း ခေတ်စားကာ လူကြိုက်များခဲ့ပါတယ်။ LG အီလက်ထရောနစ် အနေနဲ့ ဆုပေါင်း ၃၅ ဆု ရရှိခဲ့ကာ LG ရဲ့ ကွေးညွတ်မျက်နှာပြင် ၇၇ လက်မ 4K OLED TV ကြီးကတော့ ဒီရှိုးပွဲမှာ အကောင်းမွန်ဆုံးနဲ့ အထူးခြားဆုံးပါပဲ။ အဆိုပါ TV ကြီးသာမက webOS သုံး စမတ် TV, G Flex စမတ်ဖုန်း၊ LG Home Chat, Home Theater, LG ရဲ့ ၁၀၅ လက်မအရွယ် Ultra HD LED TV စတဲ့ နာမည်ကြီး ပစ္စည်းတွေဟာ ဆုတွေ ဆွတ်ခူးရရှိခဲ့တာပါ။ အကောင်းဆုံး နည်းပညာ တီထွင်ဆန်းသစ်နိုင်မှုဆု၊ အကောင်းဆုံး လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းဆုနဲ့ အကောင်းဆုံး ထုတ်လုပ်သူဆု စတဲ့ နိုင်ငံတကာ အသိအမှတ်ပြု ဆုတွေ ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က လူတွေကို အမှန်တကယ် အကျိုးရှိစေမယ့် ပစ္စည်းတွေထုတ်လုပ်သွားဖို့ ဖြစ်ပါတယ်၊ ဒီနှစ်ထဲမှာ LG ရဲ့ ထုတ်ကုန်တွေကို လူတွေရဲ့ အသိအမှတ်ပြု လက်ခံအားပေးမှုဟာလည်း ပိုမိုမြင့်တက်လာပြီး LG နဲ့ဆိုရင် အရာရာ ဖြစ်နိုင်ပါတယ် (With LG, It’s all Possible!)” ဟု LG အီလက်ထရောနစ်ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ Sales & Marketing အရာရှိ Wayne Park မှ ပြောကြားခဲ့ပါတယ်။ 

CES 2014 ပွဲမှာ အကောင်းဆုံးဆိုတဲ့ နည်းပညာပစ္စည်းတွေကို ပွဲစီစဉ်တဲ့ အဖွဲ့အစည်းမှနေ၍ ဆုချီးမြှင့်တာပါ။ LG အနေနဲ့ အဆိုပါပွဲမှာ ရရှိခဲ့တဲ့ Title တွေကတော့ CES Editors’ Choice မှာဆိုရင်- ၇၇လက်မ ကွေးညွတ်မျက်နှာပြင် OLED TV webOS သုံး Smart TV Platform LG Sound Plate LG G Flex စမတ်ဖုန်း LG HomeChat LG EasyLoad Dryer Door တို့ ဖြစ်ပါတယ်။ Digital Trends ၀က်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ CES 2014 ပွဲမှာ အကောင်းဆုံး LG ပစ္စည်းတွေကတော့

-BestHomeTheaterOverall Best Home Theater (video)

– LG 77-inch class CURVED ULTRA HD OLED TV (EC9800) Best Computing

– LG Ultra PC တို့ ဖြစ်ပါတယ်။ 

ဒါ့အပြင် CES ပွဲမှာ ပေါ်ပြူလာ မက္ကင်းနစ် အယ်ဒီတာတွေရဲ့ ရွေးချယ်မှု ရရှိခဲ့တဲ့ LG ပစ္စည်းတွေက ၄၉ လက်မအရွယ် Ultra HD (4K) ရုပ်ထွက်နဲ့ LED TV, LG G Flex စတာတွေ ဖြစ်ပါတယ်။ နောက်ပြိးတော့ ပေါ်ပြုလာ Science (CES ပွဲ၌ အကောင်းဆုံး ပစ္စည်း ၁၂ မျိုး) စာရင်းမှာလည်း LG ရဲ့ G Flex က ထိပ်တန်းမှာ နေရာယူခဲ့တာပါ။ 

၁၀၅ လက်မအရွယ် ကွေးညွတ်မျက်နှာပြင်နဲ့ LG ရဲ့ နောက်ဆုံးပေါ် နည်းပညာမြင့် TV ကြီးဟာလည်း ဒေါ်လာ ခုနစ်သောင်း ၀န်းကျင်နဲ့ ရောင်းချသွားဖို့ စီစဉ်ထားပြီး လက်ရှိမှာတော့ အရှေ့အလယ်ပိုင်းဒေသ (အာရပ်စော်ဘွားများ ပြည်ထောင်စု) ဘက်ကနေ အော်ဒါ ၅ ခု ရရှိထားတယ်လို့ သိရပါတယ်။ ယနေ့ ခေတ်စားနေတဲ့ Wearable Devices မှာဆိုရင်လည်း LG မှ ‘LifeBand’ ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါ ကိရိယာလေးဟာ လက်ကောက်လိုမျိုး ၀တ်ဆင်ထားနိုင်ပြီး သင့်ရဲ့ နှလုံးခုန်နှုန်း အပါအ၀င် ကျန်းမာရေး အခြေအနေတွေကို တိုင်းတာ ဖော်ပြပေးသွားမှာ ဖြစ်ကာ အခြားသော အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေလည်း များစွာ ပါဝင်လျက် ရှိပါတယ်။

Samsung နဲ့ LG ဟာ 4K (Ultra HD) ရုပ်ထွက် နည်းပညာစနစ်နဲ့ TV ထုတ်လုပ်ရေးမှာ အပြိုင်အဆိုင် ဖြစ်နေကြပါတယ်။ ဒါပေမယ့် တစ်ခု စဉ်းစားရမှာက Samsung ရဲ့ ၁၁၀ လက်မ 4K TV ကြီးဟာ ဒေါ်လာ တစ်သိန်းခွဲ ဈေးနှုန်းသတ်မှတ်ထားပြီး LG ရဲ့ ၁၀၅ လက်မအရွယ် 4K TV ကတော့ ဒေါ်လာ ခုနစ်သောင်းကျော်သာ ဈေးသတ်မှတ်ထားတာ ဖြစ်ပါတယ်။ သုံးစွဲထားတဲ့ Display နည်းပညာက OLED နဲ့ LCD ကွာခြားတယ် ဆိုပေမယ့် အိမ်သုံးအတွက် ဆိုရင်တော့ LCD နဲ့လည်း အဆင်ပြေပါတယ်။ LG အနေနဲ့ အမျိုးမျိုးသော နည်းပညာပစ္စည်းတွေကို ထုတ်လုပ်တဲ့အခါ လူတွေ အတွက် အသုံးဝင်မှု၊ ဈေးနှုန်း သင့်တင့်မှု၊ စွမ်းအင်သုံးစွဲခြင်း အနည်းဆုံးဖြစ်မှု၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မှု စတဲ့အချက်ပေါင်း များစွာကို ထည့်သွင်းစဉ်းစားတွက်ချက် ပြီးတော့မှ လူတွေလက်ထဲကို ထည့်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား အခြေစိုက် LG အနေနဲ့ စမတ်ဖုန်းမှစ TV အဆုံး၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက် ပါမကျန် အရည်အသွေးကောင်း ပစ္စည်းတွေကို နည်းပညာမြင့်မြင့် ထုတ်လုပ်လျက်ရှိကာ သုံးစွဲသူတွေ လက်ထဲကို အဆင့်မြင့်မြင့် ပေးစွမ်းလျက် ရှိတာကြောင့် Life’s Good ဆိုတဲ့ LG ကိုပဲ မိမိဘ၀ရဲ့ ရွေးချယ်မှုအဖြစ် ဆုံးဖြတ်လိုက်ကြပါ။  

YoYarLay

No comments:

Post a Comment