Wednesday, January 22, 2014

ခမောက်ကြီးမြို့နယ်ခွဲ တွင် ဆိုင်ကယ်နှင့် ခြောက်ဘီးကား ခေါင်းခြင်း ဆိုင်တိုက် မှုဖြစ်ပွား

ခမောက်ကြီးမြို့နယ်ခွဲ ကော့သောင်း-ဘုတ်ပြင်း ကားလမ်း ပေါ်တွင် ဇန်န၀ါရီ ၂၀ ရက်နေ့၊ ည(၇း၄၅)နာရီ က ခြောက်ဘီးတပ် ကုန်တင် မော်တော်ကား နှင့် မော်တော်ဆိုင်ကယ်ခေါင်းခြင်းဆိုင်တိုက်မှု တစ်ခုဖြစ်ပွား သည်။
ဖြစ်စဉ်မှာဘုတ်ပြင်းဖက်မှ ကော့သောင်းသို့ မောင်းနှင်လာသည့် ခြောက်ဘီးတပ် ကုန်တင်ကား ၊ယာဉ် အမှတ် (TNI -9747) (ယာဉ်မောင်းသူ တိမ်းရှောင်) နှင့် ၃၅မိုင်ရွာနေ ၊ ကော့သောင်းမှ ဘုတ်ပြင်းဖက် သို့ မောင်ဖြိုးဝေကျော် အသက်(၂၄)နှစ် နှင့် အတူလိုက်ပါလာ သူ မောင်ဇင်မင်းဦး ၊အသက်(၂၂ )နှစ် တို့နှစ်ဦး မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ် H0NDA WAVW -125 (အပြာရောင်) နှင့် မိုင်တိုင် အမှတ် ၃၃/၃၄ အကြား တွင် အဆိုပါနေ့ ည(၇း၄၅) နာရီက ခေါင်းခြင်းဆိုင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင် သူ မောင်ဖြိုးဝေကျော် အသက်(၂၄)နှစ် မှာ နေရာတွင်ပွဲခြင်းပြီးသေဆုံးပြီးအတူလိုက်ပါ လာသူ မောင်ဇင် မင်းဦး ၊ အသက် (၂၂ )နှစ် မှာ ပြင်းထန်စွာဒါဏ် ရာ ရရှိသည်။

မော်တော်ယာဉ်မောင်းနှင်သူ မှာမော်တော်ကားအားထားခဲ့ ၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှစ်စပ်လျဉ်း၍ သတင်းရ ရခြင်း ခမောက်ကြီးမြို့နယ်ခွဲ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး နှင့် တာဝန် ရှိသူများ သွားရောက်စစ်ဆေးပြီး သေမှုသေခင်းအရ လိုအပ်သည်များကို အရေးယူဆောင်ရွက် ခဲ့ကြပြီးမော်တော် ယာဉ်အားရဲစခန်းတွင်သိမ်းဆည်းထားကာ ထွက်ပြေးတိမ်းရှောင်နေသည့် (ယာဉ်မော င်း) နှင့်(ယာဉ်ပိုင်ရှင်)အား ဆက်လက်စုံစမ်းအရေးယူဖေါ်ထုတ်လျှက်ရှိကြောင်း သတင်းရရှိ သည်။

MOI Webportal Myanmar

No comments:

Post a Comment