Thursday, January 23, 2014

ကိုယ်ဝန်ဆောင်ချိန် စိတ်ဖိစီးမှု များပါက မိန်းမလျာ မွေးဖွားနိုင်

Photo: ကိုယ်ဝန်ဆောင်ချိန် စိတ်ဖိစီးမှု များပါက မိန်းမလျာ မွေးဖွားနိုင်
Thursday, January 23, 2014

အမျိုးသမီး များသည် ကိုယ်ဝန် ဆောင်စဉ် ကာလအတွင်း စိတ်ဖိစီးမှု ခံစားရပါက မွေးဖွားလာသည့် ကလေး သည် မိန်းမလျာ ဖြစ်နိုင်ခြေ များကြောင်း အငြင်းပွားလျက် ရှိသော စာအုပ်တစ် အုပ်၏ ဖော်ပြချက် အရ သိရသည်။

ကိုယ်ဝန်ဆောင် မိခင်၏ ဘဝ နေထိုင်မှု ပုံစံသည် ဟော်မုန်း၊ ဦးနှောက် အချိုးအစား အား ပြောင်းလဲစေကာ မွေးဖွား လာမည့် ကလေးအား အကျိုး သက်ရောက်မှု ရှိစေကြောင်း သိရသည်။

ထို့အပြင် ဆေးလိပ် သောက်သုံးခြင်း (သို့မဟုတ်) မူးယစ်ဆေးဝါးသုံး စွဲခြင်းကြောင့်လည်း မိန်းမလျာလေး မွေးဖွားစေနိုင်ကြောင်း နှင့် လိင်တူ စုံမက် သူဖြစ်စေနိုင်ကြောင်း ဒတ်ခ်ျအာရုံကြော ဆိုင်ရာ သိပ္ပံပညာရှင် ဒစ်က်ဆွက်ဘ်က အဆိုပါ စာအုပ်၌ ဖော်ပြထားပြီး နောက် စာမျက်နှာ တစ်ခု၌ မိခင်၏ ဘဝနေထိုင် မှု ပုံစံကြောင့်လည်း လိင်တူ စုံမက်သူ မွေးနိုင်ကြောင်း ဆိုထားသည်။

ပါမောက္ခ ဆွက်ဘ်က သန္ဓေသား၏ လိင်အင်္ဂါသည် မိခင်၏ သားအိမ် အ တွင်း၌ ရှိနေစဉ် အတွင်း သတ်မှတ်ပြီး သား ဖြစ်ကြောင်း လက်ခံ ထားကာ အခြား ပါမောက္ခ များက မိခင်၏ ဘဝနေ ထိုင်မှု ပုံစံသည် ကလေးငယ်အား အကျိုး သက်ရောက်မှု ရှိစေကြောင်း ဆိုပြန် သည်။

ဥပမာဆိုရလျှင် ဝသော ဖခင်တစ် ဦးမှ မွေးဖွားလာသည့် သမီးများသည် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ များပြားပြီး အဝ လွန်ရောဂါ ခံစားရမည်ဖြစ်သည်။

ကိုယ်ဝန်ဆောင် မိခင်သည် နီကို တင်း (သို့မဟုတ်) စိတ်ကြွဆေးများ သုံးစွဲပါက ယောက်ျားလျာ စိတ်ဝင်နေ သော သမီးများ မွေးဖွားနိုင်ကြောင်း သိရသည်။

ထို့အပြင် စိတ်ဖိစီးမှုဖြစ်သည့် ဟော်မုန်းသည် သန္ဓေသား၏ လိင်အင်္ဂါ ဟော်မုန်းအား သက်ရောက်မှုရှိကြောင်း သိရသည်။

Popular Myanmar News Journal
အမျိုးသမီးများသည် ကိုယ်ဝန် ဆောင်စဉ်ကာလအတွင်း စိတ်ဖိစီးမှု ခံစားရပါက မွေးဖွားလာသည့် ကလေး သည် မိန်းမလျာဖြစ်နိုင်ခြေများကြောင်း အငြင်းပွားလျက်ရှိသော စာအုပ်တစ်အုပ်၏ ဖော်ပြချက်အရ သိရသည်
ကိုယ်ဝန်ဆောင် မိခင်၏ ဘဝ နေထိုင်မှု ပုံစံသည် ဟော်မုန်း၊ ဦးနှောက် အချိုးအစား အား ပြောင်း လဲစေကာ မွေးဖွား လာမည့် ကလေးအား အကျိုး သက်ရောက်မှု ရှိစေကြောင်း သိရသည်။

ထို့အပြင် ဆေးလိပ် သောက်သုံးခြင်း (သို့မဟုတ်) မူးယစ်ဆေးဝါးသုံး စွဲခြင်းကြောင့်လည်း မိန်းမ လျာလေး မွေးဖွားစေနိုင်ကြောင်း နှင့် လိင်တူ စုံမက် သူဖြစ်စေနိုင်ကြောင်း ဒတ်ခ်ျအာရုံကြော ဆိုင်ရာ သိပ္ပံ ပညာရှင် ဒစ်က်ဆွက်ဘ်က အဆိုပါစာအုပ်၌ ဖော်ပြထားပြီး နောက်စာမျက်နှာတစ်ခု၌ မိခင်၏ ဘဝနေထိုင် မှု ပုံစံကြောင့်လည်း လိင်တူစုံမက်သူ မွေးနိုင်ကြောင်း ဆိုထားသည်။

ပါမောက္ခ ဆွက်ဘ်က သန္ဓေသား၏ လိင်အင်္ဂါသည် မိခင်၏ သားအိမ် အ တွင်း၌ ရှိနေစဉ် အတွင်း သတ် မှတ်ပြီး သား ဖြစ်ကြောင်း လက်ခံ ထားကာ အခြား ပါမောက္ခ များက မိခင်၏ ဘဝနေ ထိုင်မှု ပုံစံသည် ကလေး ငယ်အား အကျိုး သက်ရောက်မှု ရှိစေကြောင်း ဆိုပြန် သည်။

ဥပမာဆိုရလျှင် ဝသော ဖခင်တစ် ဦးမှ မွေးဖွားလာသည့် သမီးများသည် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ များပြားပြီး အဝ လွန်ရောဂါ ခံစားရမည်ဖြစ်သည်။

ကိုယ်ဝန်ဆောင် မိခင်သည် နီကိုတင်း(သို့မဟုတ်) စိတ်ကြွဆေးများသုံးစွဲပါက ယောက်ျားလျာစိတ် ဝင်နေ သောသမီးများ မွေးဖွားနိုင်ကြောင်း သိရသည်။

ထို့အပြင် စိတ်ဖိစီးမှုဖြစ်သည့် ဟော်မုန်းသည် သန္ဓေသား၏ လိင်အင်္ဂါ ဟော်မုန်းအား သက်ရောက်မှု ရှိကြောင်း သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment