Thursday, January 2, 2014

ခွင့်ပြုချက် မရှိဘဲ သစ်ပင်များ ခုတ်ပါက တန်ဖိုးငါးဆ ပေးလျော်ရမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ရန်ကုန်မြို့တော် ကြီး၏ စိမ်းလန်းစိုပြည် သာယာလှပစေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး သစ်ပင်ခုတ်ခြင်း၊ သစ်ပင် ပုံသွင်းခြင်း၊ ကိုင်းများ ဖြတ်ညှိခြင်းများကို ဆောင်ရွက် ပေးလျက်ရှိရာ ခွင့်ပြုချက်မရှိဘဲ သစ်ပင်များ ခုတ် ထွင်ခြင်း အတွက် တန်ဖိုးငွေ ငါးဆပေး လျော်ရမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ပြည်သူများ၏ နေအိမ် ဝင်းခြံများနှင့် ပတ်ဝန်းကျင်ရှိ သစ်ပင်များ အန္တရာယ် ရှိနိုင်သော အခြေ အနေ ကြုံတွေ့ပါက ခုတ်ထွင် ရှင်းလင်းပေးရန် ဌာနသို့ ဆက်သွယ် လျှောက်ထား နိုင်ကြောင်း၊ ခုတ်ထွင် သည့် အကြောင်းအရာ လျှောက်ထားရာတွင် ကိုယ်တိုင်ရေး လျှောက်လွှာ၊ နိုင်ငံသားကတ် မိတ္တူတစ်စောင်၊ ခုတ်ထွင်မည့် သစ်ပင်၏ မှတ်တမ်း ဓာတ်ပုံ၊ ပတ်ဝန်းကျင်၏ သဘောတူညီကြောင်း ထောက်ခံချက်၊ သက် ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ကျသင့်သော ဝန်ဆောင်ခ ပေးသွင်းရန် ကတိဝန် ခံ ချက်နှင့် လျှောက်လွှာတင်သွင်းသူအား ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ် အစရှိသည်တို့ကို ပူးတွဲ တင် ပြ လျှော က် ထားရမည် ဖြစ်ကြောင်း သိရသည်။

ဇာနည်မောင်

No comments:

Post a Comment