Monday, January 13, 2014

မန္တလေးမြို့ ၆၆ လမ်းမကြီးကို ၃၅ လမ်းမှ သိပ္ပံလမ်းအထိ လေးလမ်းသွားလမ်း ဇွန်လတွင် အပြီးဖောက်မည်

မန္တလေးမြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် တောင်မြောက်လမ်းတစ်လမ်းဖြစ်သည့် ၆၆ လမ်း ကို ၃၅လမ်းမှ သိပံ္ပလမ်းအထိ လေးလမ်းသွားလမ်းမအဖြစ် ဇွန်လတွင် အပြီးဖောက်လုပ်မည်ဟု မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဌာနမှူးဒေါ်ခင်မေဌေးက ဇန်န၀ါရီ ၁၂ ရက် တွင် မဇ်္ဈိမကို ပြောသည်။
အဆိုပါလမ်းဖောက်လုပ်ရန် ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်ကတည်းက ဘတ်ဂျက်နှစ်၏ လျာထားအစီ အစဉ်တွင်ပါရှိသော်လည်း မြေနေရာကို ၃၅ လမ်းနှင့် ၆၆ လမ်းရှိ တိုင်းငှက်ဖျားတိုက်ဖျက်ရေးဌာနမှ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ ရရှိသောကြောင့် ယခုမှ အကောင်အထည်ဖော်ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

လမ်းမိုင်အရှည်ပေ ၅၅၀၀ခန့်ရှိပြီး ၃၅လမ်းမှ သိပံ္ပလမ်းကို ဖောက်ထွက်နိုင် မည်ဖြစ်သောကြော င့် တောင် မြောက် အသုံးပြုနိုင်မည့် အဓိကလမ်း တစ်လမ်းဖြစ် လာမည်ဖြစ်၍ ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို အနည်း ငယ်လျော့သွားနိုင်မည်ဖြစ်သည်။

လမ်းဖောက်လုပ်မှုတွင် ကိုယ့်အားကိုယ်ကိုး အလှူငွေသိန်း ၁၂၀၀ ပါဝင်ပြီး မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီက အဓိက မတည်ကာ ၂၀၁၄ ဇွန်လတွင် အပြီးဖောက်လုပ် သွားမည်ဖြစ်သည်ဟု လည်း ဒေါ်ခင်မေဌေးက ဆိုသည်။

မန္တလေးမြို့တွင် တောင်မြောက်သွားနိုင်သော အဓိကလမ်းမကြီးများ နည်းနေခြင်းတို့ကြောင့် ယာဉ်အ သုံးပြုမှု များချိန်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားသဖြင့် ယခုကဲ့သို့ ဖောက်လုပ်ရခြင်းဖြစ်ပြီး ဖောက် လုပ်ရန် လျာထားသော တောင်မြောက်လမ်းများကိုလည်း ဘတ်ဂျက်နှစ်အလိုက် ဆောင်ရွက် သွား မည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment