Monday, January 13, 2014

မြန်မာယူ-၂၂အသင်း၏ နည်းဗျုဟာ ကောင်းမွန်မှုကို အိုမန်နည်းပြချီးကျုး

အာရှ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် အိမ်ရှင်အိုမန်အသင်းအနေဖြင့် မြန်မာအသင်းကို လေး ဂိုးပြတ်အနိုင်ရခဲ့သော်လည်း မြန်မာအသင်း၏ နည်းဗျုဟာကောင်းမွန် မှုနှင့် ကစားသမားများ လျင်မြန်မှု ကို အိုမန်နည်းပြ ဖိလစ်ပီဘာလီက ပွဲပြီးသတင်းစာ ရှင်းလင်းပွဲ တွင် ချီးကျုးပြောကြားခဲ့သည်။
မြန်မာအသင်း၏ ပွဲထွက်လူစာရင်းတွင် ကျော်ကိုကို၊ ဇော်မင်းထွန်း၊ နိုင်လင်းဦး စသည့် ကစားသမားများကို အမာခံထားပြီး လူငယ်များကို ပွဲထုတ်အသုံးပြုခဲ့သော်လည်း အိုမန် အသင်း ကို အကောင်းဆုံးယှဉ် ပြိုင်ကစားနိုင်ခဲ့သည်။ 

“မြန်မာအသင်းကို အထင်မသေးဖို့ ပွဲမစခင်ကတည်းက ကစားသမားတွေကို ကျွန်တော် မှာထားခဲ့ပါ တယ်။ ပွဲချိန်အတွင်းမှာ မြန်မာအသင်းရဲ့ကစားပုံက မျှော်လင့်ထားတာထက် အများကြီးပိုကောင်းပါ တယ်။ မြန်မာ အသင်းရဲ့ ကောင်းမွန်တဲ့နည်းဗျုဟာကြောင့် ပထမပိုင်းမှာ ကျွန်တော်တို့ ခက်ခက်ခဲခဲရုန်း ကန်ခဲ့ရပါ တယ်။ မြန်မာ ကစားသမားအချို့ကလည်း လျင်မြန်ပါ တယ်”ဟု ဖိလစ်ပီက ဆိုသည်။

မြန်မာယူ-၂၂အသင်းနည်းပြ ဂတ်ဇီဇီဖရိုင်းဒရစ်ခ်ျကလည်း အိုမန်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သဖြင့် ကစားသမားများ ကို အပြစ် တင်မည်မဟုတ်ဟု ဆိုခဲ့ပြီး လာမည့်တောင်ကိုရီးယားနှင့် ပွဲစဉ် အတွက် အမှားများကိုပြင်ဆင် ကာ အကောင်းဆုံးရင်ဆိုင်မည်ဟုလည်း ပွဲပြီးသတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာအသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇန်န၀ါရီ ၁၃ ရက်တွင် တောင်ကိုရီးယားနှင့် ကစား ရမည် ဖြစ် သည်။

Mizzima - News in Burmese

No comments:

Post a Comment