Thursday, January 2, 2014

စပါးပေါင်ပို ဝယ်ယူသဖြင့် တောင်သူများနစ်နာဟုဆို

ဧရာဝတီတိုင်း ဒေသကြီးအတွင်း မိုးစပါး ရိတ်သိမ်းပြီးကာလများ၌ စပါးဈေးများ မြင့်တက်လာပြီး ဈေးေ ကာင်း ရကြသည်ဆိုသော်လည်း စပါးအခြောက်ပုံမှန် တစ်တင်း ၄၆ ပေါင်အပေါ် ဝယ်လက်များ က ပေါင်ပို ချိန်ဝယ်ယူခြင်းမှာ တောင်သူများနစ်နာလျက်ရှိကြောင်း ဧရာဝတီတိုင်း တောင်သူများက ပြော ကြားသည်။
စပါးဈေးမြှင့် ဝယ်ယူခြင်း မဟုတ်ဘဲ တစ်တင်းလျှင် ၄၇ ပေါင်မှ ၅၂ ပေါင်အထိ ပေါင်ပိုချိန် ဝယ်ယူခြ င်းကြောင့် စပါးတင်းတစ်ရာလျှင် ရှစ်တင်းဝန်းကျင် ဆုံးရှုံးရကြောင်း တောင်သူများက ဆိုသည်။

စပါးတင်းတစ်ရာကို ကျပ်လေးသိန်း ဈေးအမြင့်ဆုံးဖြင့် ရောင်းချရသော်လည်း ဝယ်လက်များထံ တစ်တင်း ၅၂ ပေါင်နှုန်းဖြင့် ရောင်းချနေရသောကြောင့် မျှော်မှန်းထားသလောက် အကျိုးမဖြစ်သဖြင့် ပုံမှန်ပေါင်ချိန် အပေါ် သင့်တော်သည့် ဈေးနှုန်း အမှန်ဖြင့်သာ ဝယ်သင့်ကြောင်း မအူပင်ခရိုင် ပန်းတနော်မြို့နယ် မင်းတစ် စုကျေး ရွာမှ တောင်သူဦးမျိုးမြင့်က ပြောကြားသည်။

တစ်တင်းလျှင် ပုံမှန်ပေါင်ချိန် လေးဆယ့်ခြောက်ပေါင် ဖြစ်သော်လည်း ခြောက်ပေါင် အပိုယူသဖြင့် ၅၂ ပေါ င်နှုန်း ပေးရသော်လည်း ဈေးနှုန်း ကျသွားမည်ကို စိုးရိမ်နေချိန်တွင် တင်းတစ်ရာကို ကျပ်လေး သိန်းဈေးမှ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် သုံးသိန်းခွဲဈေးအထိ ကျဆင်းလာကြောင်း ၎င်းကပြောဆိုသည်။

ဟင်္သာတမြို့နယ်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့၌ ပွဲရုံနှင့် ဆန်စက်များ အရောက်ဈေးနှုန်းမှာ စပါးတင်း တစ်ရာကို သုံးသိန်းခုနစ်သောင်းကျပ် ဈေးဖြစ်ပြီး ခရီးအနီးအဝေးပေါ် မူတည်ကာ ဈေးနှုန်းများ ကျဆင်း သွားကြောင်း၊ ဝယ်လက်များက စပါးတစ်တင်းကို ၄၇ ပေါင်နှုန်းဖြင့် ဝယ်ယူကြောင်း နတ်မော်ကျေးရွာ မှ တောင်သူ ဦးဇော်သက်နိုင်က ပြောကြားသည်။

မိုးစပါးရိတ်သိမ်းပြီး ကောက်လှိုင်း အဆင့်တွင် ရာသီဥတု ဆိုးရွားမှုကြောင့် စပါးများ ပျက်စီးဆုံးရှုံး ရပြီး ရော င်းချချိန်တွင် ပေါင်ပိုချိန်ယူခံရခြင်း ဖြစ်ကြောင်း၊ ဈေးနှုန်းများမကျမီ တွန်းရောင်းနေသော် လည်း ဈေးကော င်း အမီ မပြီးစီးနိုင်သည့် လယ်သမားများလည်း ရှိကြောင်း ဦးဇော်သက်နိုင်က ပြောပြသည်။

ဓနုဖြူမြို့နယ် ဒေသအချို့ စပါးတစ်တင်း ၅၂ ပေါင်နှုန်းဖြင့် တင်းတစ်ရာကို ကျပ်လေး သိန်းဈေးဖြ င့် ရောင်းနေရကြောင်း ကမ်းငူကြီးအုပ်စုမှ တောင်သူဦးမြင့်ကြိုင်က ဆိုသည်။

စပါးများကို ပေါင်ပိုချိန် ဝယ်ယူနေခြင်းကြောင့် တောင်သူများ အမှန်တကယ် နစ်နာနေပြီး မိုးစပါးချေးငွေ မဆပ် မီ ဈေးနှုန်းများ ပြန်ကျ လာနေကြောင်း၊ မြန်မာနိုင်ငံ အရန်ဆန် ဝယ်ယူရေးအဖွဲ့က စပါးတစ်တင်းကို ၄၆ ပေါင်နှုန်းဖြင့် စပါးတင်း ၁၀၀ ကို ကျပ်သုံးသိန်းခွဲ ဈေးဖြင့် ဝယ်ယူမည်ဟု ကြေညာခြင်းသည် သင့်တင့်မျှတသော ဈေးနှုန်း မဟုတ်သေးဘဲ စိုက်ပျိုးစရိတ် ချေးငွေဆပ်ချိန် ဖေဖော်ဝါရီလ၌ အနိမ့်ဆုံးဈေး တင်း ၁၀၀ ကို လေးသိန်းကျပ် ရသင့်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက တောင်သူများအတွက် သင့်တင့်မျှတသည့် ဈေးနှုန်း ရရှိရန် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးရေးဟု ပါရှိသော်လည်း၊ ဈေးနှုန်း အကျများဖြင့်သာ ရောင်းချနေရကြောင်း လေးမျက်နှာမြို့နယ်မှ လွတ်လပ်သော တောင်သူလယ်သမား အသင်းချုပ်ဝင် တောင်သူ ဦးကြည်ဝင်းက ပြောကြားသည်။

ဟင်္သာတခရိုင်အတွင်း မြို့နယ်ခြောက်ခုအတွက် မိုးစပါးချေးငွေ ကျပ် ၄၂,၉၅၃,၉၀၀,၀၀၀ (လေး သိန်းနှစ်သောင်း ကိုးထောင်ငါးရာ သုံးဆယ့်ကိုးသိန်း) ထုတ်ချေးထားကြောင်း ဟင်္သာတခရိုင် လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးကြည်လွင်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment