Monday, January 13, 2014

ဧည့်မထဆန်လုံးရှည် တန်ချိန် ၆၀၀၀ ဂျပန်ပို့ရန် တင်ဒါအောင်

Photo: ဧည့်မထဆန်လုံးရှည် တန်ချိန် ၆၀၀၀ ဂျပန်ပို့ရန် တင်ဒါအောင်
Monday, January 13, 2014

မြန်မာနိုင်ငံမှ ဧည့်မထ အမျိုးအစား လုံးရှည်ဆန် တန်ချိန် ၆၀၀၀ ကို ဧပြီလနှင့် မေလတို့တွင် ဂျပန်နိုင်ငံသို့ တင်ပို့ရန် တင်ဒါ အောင်မြင်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက The Voice သို့ ပြောကြားသည်။

ဂျပန်နိုင်ငံက တစ်ကမ္ဘာလုံးသို့ ဆန်တင်ဒါ ခေါ်ယူရာတွင် မြန်မာနိုင်ငံက ဆန်တန်ချိန် ၆၀၀၀ တင်ဒါအောင်မြင်ခြင်း ဖြစ်ပြီး ဆန်အရည်အသွေးနှင့် ဈေးနှုန်းကိုမူ Mitsui ကုမ္ပဏီနှင့် ဆက်လက်ဆွေးနွေးကာ သဘောတူစာချုပ် ချုပ်ဆိုမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စုက ဆန်တန်ချိန် ၂၆,၀၀၀၊ ထိုင်းနိုင်ငံက တန်ချိန် ၁၃,၀၀၀ နှင့် အခြားနိုင်ငံပေါင်းစုံက တန်ချိန် ၁၂,၀၀၀၊ စုစုပေါင်း တန်ချိန် ၅၁,၀၀၀ တင်ဒါ အောင်မြင်ထားကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံသို့ တန်းမြင့်ဆန် တန်ချိန် ၅၀၀၀ တင်ပို့နိုင်ခဲ့ခြင်းသည် နှစ်ပေါင်း ၄၅ နှစ် အတွင်းတွင် ပထမဆုံး အကြိမ်ဖြစ်ကာ ယခုအကြိမ်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် ဆန်တင်ပို့နိုင်ခြင်း ဖြစ်ကြောင်း ဒေါက်တာစိုးထွန်းက ဆိုသည်။

ဂျပန်နိုင်ငံသည် ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများထက် အရည်အသွေပိုင်းတွင် ပိုမို တင်းကျပ်သည့် စစ်ဆေးမှုများ ရှိသည့်အတွက် ဂျပန်နိုင်ငံသို့ ဆန်ပြန်လည် တင်ပို့နိုင်ခြင်းသည် အီးယူ ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် များစွာ အထောက်အပံ့ ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် စံချိန်တင် ဆန်တန်ချိန် ၁ ဒသမ ၄၇သန်း တင်ပို့နိုင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ဒီဇင်ဘာလအထိ ဆန်တင်ပို့နိုင်မှုမှာ ဆန်တန်ချိန် ငါးသိန်း နီးပါးရှိကာ ယခုနှစ် မတ်လကုန်တွင် နောက်ထပ် ဆန်တန်ချိန် ရှစ်သိန်းနီးပါး တင်ပို့ရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
မြန်မာနိုင်ငံမှ ဧည့်မထ အမျိုးအစား လုံးရှည်ဆန် တန်ချိန် ၆၀၀၀ ကို ဧပြီလနှင့် မေလတို့တွင် ဂျပန်နိုင်ငံသို့ တင်ပို့ရန် တင်ဒါ အောင်မြင်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေး မှူး ဒေါက် တာ စိုးထွန်းက The Voice သို့ ပြောကြားသည်။
ဂျပန်နိုင်ငံက တစ်ကမ္ဘာလုံးသို့ ဆန်တင်ဒါ ခေါ်ယူရာတွင် မြန်မာနိုင်ငံက ဆန်တန်ချိန် ၆၀၀၀ တင်ဒါအော င်မြင်ခြင်း ဖြ စ်ပြီး ဆန်အရည်အသွေးနှင့် ဈေးနှုန်းကိုမူ Mitsui ကုမ္ပဏီနှင့် ဆက်လက်ဆွေးနွေးကာ သဘောတူစာချုပ် ချုပ်ဆိုမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စုက ဆန်တန်ချိန် ၂၆,၀၀၀၊ ထိုင်းနိုင်ငံက တန်ချိန် ၁၃,၀၀၀ နှင့် အခြားနိုင် ငံပေါင်းစုံက တန်ချိန် ၁၂,၀၀၀၊ စုစုပေါင်း တန်ချိန် ၅၁,၀၀၀ တင်ဒါ အောင်မြင် ထားကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာ ထားသည်။

ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံသို့ တန်းမြင့်ဆန် တန်ချိန် ၅၀၀၀ တင်ပို့နိုင်ခဲ့ခြင်းသည် နှစ်ပေါင်း ၄၅ နှစ် အတွင်း တွင် ပထမဆုံး အကြိမ်ဖြစ်ကာ ယခုအကြိမ်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် ဆန်တင်ပို့ နိုင်ခြင်း ဖြစ်ေ ကြာင်း ဒေါက်တာစိုးထွန်းက ဆိုသည်။

ဂျပန်နိုင်ငံသည် ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများထက် အရည်အသွေပိုင်းတွင် ပိုမို တင်းကျပ် သည့် စစ်ဆေး မှုများ ရှိသည့်အတွက် ဂျပန်နိုင်ငံသို့ ဆန်ပြန်လည် တင်ပို့နိုင်ခြင်းသည် အီးယူ ဈေးကွက်သို့ ထိုးဖောက်နိုင် ရန် များစွာ အထောက်အပံ့ ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် စံချိန်တင် ဆန်တန်ချိန် ၁ ဒသမ ၄၇သန်း တင်ပို့နိုင် ခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ဒီဇင်ဘာလအထိ ဆန်တင်ပို့နိုင်မှုမှာ ဆန်တန်ချိန် ငါးသိန်း နီးပါးရှိ ကာ ယခုနှစ် မတ်လကုန်တွင် နောက်ထပ် ဆန်တန်ချိန် ရှစ်သိန်းနီးပါး တင်ပို့ရန် ခန့်မှန်းထားကြောင်း မြန် မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment