Monday, January 13, 2014

အမျိုးသမီးတွေကြားမှာ player တစ်ယောက် ဖြစ်ဖို့ ရှောင်ကျဉ်ရမယ့် စကားလုံးတွေ

Photo
တကယ်လို့များ မင်းဟာ player တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် မိန်းကလေးတစ်ယောက်ရှေ့ မှာ ဘယ်တော့မှ မပြောသင့်တဲ့ စကားလုံးလေးတွေရှိပါတယ်။
အားလုံးဟာ စော်ကြည်ဘဲ မဖြစ်နိုင်ဘူးလား?။ တကယ်လို့မင်းလည်းတစ်ဦး အပါအ၀င် ဖြစ်ချင်တယ် ဆိုရင် စည်းမျဉ်းတချို့တော့ သိထားဖို့လိုပါလိမ့်မယ်။ player တွေဟာ အသုံးပြု တဲ့ နည်းလမ်းချင်းသာ မတူချင်မတူမယ် အခြေခံစည်းမျဉ်းတွေကတော့ အတူတူပါပဲ။ player တော်တော်များများဟာ ဘယ်လိုအရောတ၀င် ပြုလုပ်ရမယ်၊ မိန်းကလေးတစ်ယောက် သူ့ကို အထင်ကြီးလာအောင် ဘယ်လို ပြောရမယ်ဆိုတာ အသေအချာကို သိကြပါတယ်။ သူတို့တွေ ဟာ မိန်းကလေးတစ်ယောက်နဲ့ တွေ့ရင် ဘာပြောရမယ်၊ ဘယ်အချိန်မှာပြောရမယ် ၊ ဘယ် လိုပြော ရမယ်ဆိုတာနဲ့ အရေးအကြီးဆုံး ကတော့ ဘာကို မပြောရဘူးလဲ ဆိုတာပါပဲ။ အခုဖော်ပြပေးမှာ ကတော့ တကယ်လို့များ မင်းဟာ player တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် မိန်းကလေးတစ်ယောက်ရှေ့မှာ ဘယ်တော့မှ မပြောသင့်တဲ့ စကားလုံးလေးတွေပါပဲ။

(၁) I Love You
ဒါဟာပထမဆုံး စည်းမျဉ်းပါပဲ။ စီးပွားရေးသမားတစ်ယောက် သူ့စီးပွားရေးကို ကျွမ်းကျင်စွာ နားလည်ထားသလိုမျိုးပဲ player တစ်ယောက်ဟာလည်း ဒီစကားစု(I Love You)ကို ဘယ်တော့မှ မပြောသင့်ပါဘူး။ သူမပေးနိုင်တဲ့အရာကို သူ့အနေနဲ့ ကတိမပေးသင့်ပါဘူး။ player တစ်ယောက်ဟာ ဒီစကားလုံးကိုမပြောဘဲနဲ့ အမျိုးသမီးတစ်ယောက်ဆီက သူလို ချင်တဲ့အရာကို ရအောင်ယူနိုင်ရပါမယ်။

(၂) Do Whatever You Want, I Don’t Care
သူရဲ့အမျိုးသမီးဆီက စိတ်ဝင်စားမှုတွေ ထပ်မရတော့တဲ့ (သို့) ဆုံးရှုံးထားတဲ့ သူတချို့ကသာ ဒါမျိုး စကားကို ပြောမှာပါ။ player တစ်ယောက်အနေနဲ့ကတော့ သူရဲ့ ကောင်မလေးကို အမြဲတမ်း စိတ်ဝင်တစားရှိကြောင်း သိသာအောင် ဖော်ပြနေရမှာဖြစ်ပါတယ်။ သူမရဲ့သဘောထားကို သူမကိုယ်တိုင်ဖော်ပြရာမှာ သင်က နားထောင်ပေးသူတစ်ယောက် အဖြစ် သက်သေပြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် “မင်းကြိုက်တာသာလုပ်။ ငါဂရုမစိုက်ဘူး” ဆိုတာမျိုး ဘယ်တော့မှ အော်ပြီး မပြောမိပါစေနဲ့။

(၃) That’s Really Expensive
မင်းဟာ ချမ်းသာသူတစ်ယောက် ဟုတ်ချင်မှဟုတ်မယ်။ ဒါပေမယ့် မင်းရဲ့ ဘဏ်အကောင့်ထဲမှာ ပိုက်ဆံမကျန်တော့တဲ့ ကိစ္စကိုတော့ ဘယ်သူ့ကိုမှ အသိခံစေချင်မှာ မဟုတ်ပါဘူး။ ဒီတော့ မိန်းကလေးနဲ့ ရှော့ပင်းစင်တာရောက်ခဲ့တယ်ဆိုရင် “ဒါက သိပ်ဈေးကြီး တယ်” လို့ ပြောမယ့်အစား တခြားအကြောင်းအရာတစ်ခုကို အာရုံလွှဲပြောင်း ပြောဆိုတာက သင့်ကိုပိုပြီး သက်သာရာ ရစေပါတယ်။

(၄) You Want To Do it
သူမအနေနဲ့ ချစ်တင်းနှောဖို့ အဆင်သင့် ဖြစ်နေသည်ဖြစ်စေ၊ မဖြစ်နေသည်ဖြစ်စေ သင့်အနေ နဲ့ သူမ ကို ဈေးပေါသွားစေမယ့် မေးခွန်းမျိုး တုံးအလွန်းစွာနဲ့ သွားမပြောပါနဲ့။ player တစ်ယောက် ရဲ့ အရည် အချင်း ဟာ ဒီအခြေအနေမျိုးကို အလိုလိုသိနေရမှာ ဖြစ်ပြီး သူမပျော်ဝင် လာအောင် လုပ်နိုင်ရမှာ သင့်ရဲ့အရည် အချင်းပါ။

Ref:MENSXP
Trend Myanmar

No comments:

Post a Comment