Monday, January 13, 2014

အီဂျစ်နိုင်ငံသမ္မတ ရွေးကောက်ပွဲတွင် အီဂျစ်ကာကွယ်ရေး ဦးစီးချုပ် ဝင်ရောက် ယှဉ်ပြိုင် နိုင်ဖွယ်ရှိ

Photo: အီဂျစ်နိုင်ငံသမ္မတ ရွေးကောက်ပွဲတွင် အီဂျစ်ကာကွယ်ရေး ဦးစီးချုပ် ဝင်ရောက် ယှဉ်ပြိုင် နိုင်ဖွယ်ရှိ
Monday, January 13, 2014

အီဂျစ် နိုင်ငံတွင် သမ္မတ မိုဟာမက် မော်စီအား ဖြုတ်ချ၍ စစ်ဘက်က အာဏာ သိမ်းခဲ့ပြီးနောက် အီဂျစ်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စီစီသည် ထောက်ခံမှု အများဆုံး ရရှိသူ တစ်ဦးဖြစ်လာခဲ့ပြီး ယခုနှစ် အကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် ရှိကြောင်းနှင့် စစ်ဘက်မှ ထောက်ခံမှုလည်း ရရှိနိုင်ကြောင်း စစ်ဘက် တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု ဇန်နဝါရီ ၁၂ရက် အင်တာ နက် သတင်း တစ်ရပ်အရ သိရသည်။

မိမိအနေဖြင့် သမ္မတ ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း တင်သွင်းခဲ့မည်ဆိုလျှင် ထိုကဲ့သို့ အမည်စာရင်းတင်သွင်းမှုသည် ပြည်သူတို့၏ တောင်းဆိုမှုကြောင့် သာဖြစ်ပြီး စစ်ဘက်၏ စည်းမျဉ်းဥပဒေ ပြဋ္ဌာန်းမှု အရသာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း စီစီက ပြောကြားခဲ့သည်။ ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တွင်ကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တစ်ရပ်ရေးဆွဲ ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲ မကျင်းပမီ စီစီ၏ အဆိုပါ မှတ်ချက်ပြု ပြောကြား ချက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ကျင်းပမည့် အဆိုပါ ရွေးကောက်ပွဲသည် မော်စီပြုတ်ကျပြီးနောက် စစ်ဘက်အစိုးရ တာဝန်ယူစဉ် ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်ကြောင်း သိရသည်။ စီစီသည် အီဂျစ် နိုင်ငံတွင် လွတ်လပ် စွာ ရွေးကောက် တင်မြှောက်ထားသည့် ပထမဆုံး သမ္မတအား စစ်ဘက် အာဏာသိမ်းကာ ဖြုတ်ချခဲ့သူအဖြစ် မော်စီအား ထောက်ခံသူများက ပြောကြားလျက်ရှိပြီး လူထုဆန္ဒခံယူပွဲအား သပိတ်မှောက် ရန် မော်စီ၏ မွတ်စလင် ညီအစ်ကို များ အဖွဲ့က တောင်းဆိုလျက်ရှိကြောင်း သိရသည်။

မြ၀တီ
အီဂျစ် နိုင်ငံတွင် သမ္မတမိုဟာမက် မော်စီအား ဖြုတ်ချ၍ စစ်ဘက်က အာဏာ သိမ်း ခဲ့ပြီးနောက် အီဂျစ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စီစီသည် ထောက်ခံမှု အများဆုံး ရရှိသူ တစ်ဦးဖြစ်လာခဲ့ပြီး ယခုနှစ် အကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် ရှိကြောင်းနှင့် စစ်ဘက်မှ ထောက်ခံမှုလည်း ရရှိနိုင်ကြောင်း စစ်ဘက် တာဝန်ရှိသူများက ပြောကြားခဲ့သည် ဟု ဇန်နဝါရီ ၁၂ရက် အင်တာ နက် သတင်း တစ်ရပ်အရ သိရသည်။
မိမိအနေဖြင့် သမ္မတ ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း တင်သွင်းခဲ့မည်ဆိုလျှင် ထိုကဲ့သို့ အမည်စာရင်းတင်သွင်းမှုသည် ပြည်သူတို့၏ တောင်းဆိုမှုကြောင့် သာဖြစ်ပြီး စစ်ဘက်၏ စည်းမျဉ်း ဥပဒေ ပြဋ္ဌာန်းမှု အရသာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း စီစီက ပြောကြားခဲ့သည်။ ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တွင်ကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တစ်ရပ်ရေးဆွဲ ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲ မကျင်းပမီ စီစီ၏ အဆိုပါ မှတ်ချက်ပြု ပြောကြား ချက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ကျင်းပမည့် အဆိုပါ ရွေးကောက်ပွဲသည် မော်စီပြုတ်ကျပြီးနောက် စစ်ဘက်အစိုးရ တာဝန်ယူ စဉ် ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်ကြောင်း သိရသည်။ စီစီသည် အီဂျစ် နိုင်ငံတွင် လွတ်လပ် စွာ ရွေးကောက် တင်မြှောက်ထားသည့် ပထမဆုံး သမ္မတအား စစ်ဘက် အာဏာသိမ်း ကာ ဖြုတ်ချခဲ့ သူအဖြစ် မော်စီအား ထောက်ခံသူများက ပြောကြားလျက်ရှိပြီး လူထု ဆန္ဒခံယူပွဲအား သပိတ်မှောက် ရန် မော်စီ၏ မွတ်စလင် ညီအစ်ကို များ အဖွဲ့က တောင်း ဆို လျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment