Thursday, January 2, 2014

အငှားယာဉ်မောင်းထံမှ ခြောက်လှန့်ငွေတောင်း ယူသူများအား အရေးယူ

Photo: အငှားယာဉ်မောင်းထံမှ ခြောက်လှန့်ငွေတောင်း ယူသူများအား အရေးယူ
Thursday, January 2, 2014

၂.၁.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ ဦးစောဆေးဝါးသည် စမ်းချောင်းမြို့နယ်၊ ပြည်လမ်းအတိုင်း BB ----ကရီနာ အဖြူရောင်အငှားယာဉ်အား မောင်းနှင်လာစဉ် မဟာမြိုင်မှတ်တိုင်ရှေ့အရောက်တွင် လူငယ်(၃)ဦးမှ နာနတ်တောဂုံးတံတားအနီးသို့ သွားလိုကြောင်းငှားသဖြင့် တင်ဆောင်မောင်းနှင်ခဲ့ရာ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊ ဂျန်းရှင်းစကွဲယားအလွန်အရောက်၌ ၎င်း၏ နောက်ဖက်ရှိလူငယ်မှ လည်ပင်းအားသိုင်းဖက်ထားပြီး ဘေးဘက်ရှိလူငယ်မှ အရိုးအသွား(၇)လက္မခန့်ရှိဓါးဦးချွန်ဖြင့် ခါးအားထောက်ကာ ပါလာသော ငွေများပေးရန်နှင့် နာနတ်တောဂုံးတံတားအောက်သို့ မောင်းရန်ခိုင်းစေခဲ့ပါသည်။

ထိုသို့ခိုင်းစေသော်လည်း ရွှေကိန္ဒရီအိမ်ယာဘက်သို့ ချိုးကွေ့မောင်းနှင် ခဲ့သဖြင့် ကျန်လူငယ် တစ်ဦးမှ ဟန်းဘရိတ်အားဆွဲလိုက်သောကြောင့် ယာဉ်ရပ်တန့်သွားစဉ် ဦးစောဆေးဝါးမှ ဓါးအားလုယူပြီး လည်ပင်းအား ဖက်ထားသောလူငယ်နှင့်လုံးထွေးနေချိန် ကျန်လူငယ်(၂)ဦးမှာ ယာဉ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြပါသည်။

ထိုစဉ် လှည့်ကင်းရဲတပ်ဖွဲ့ဝင်များမှတွေ့ရှိသဖြင့် ဦးစောဆေးဝါးနှင့် လုံးထွေးနေသော စမ်းချောင်းမြို့နယ်နေ ငပိန်(ခ)ရန်နိုင်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးသွားသူ(၂)ဦးမှာ ညီညီနိုင်(စိစစ်ဆဲ)နှင့် တ၀င်းပူ(စိစစ်ဆဲ)တို့ဖြစ်ကြောင်းသိရှိရသောကြောင့် ၎င်းတို့(၃)ဦးအား ကမာရွတ်မြို့မရဲစခန်း (ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူကာ ညီညီနိုင်နှင့် တ၀င်းပူ တို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၂.၁.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ ဦးစောဆေးဝါးသည် စမ်းချောင်းမြို့ နယ်၊ ပြည်လမ်းအတိုင်း BB ----ကရီနာ အဖြူရောင်အငှားယာဉ်အား မောင်းနှင်လာစဉ် မဟာမြိုင်မှတ် တိုင်ရှေ့ အရောက်တွင် လူငယ်(၃)ဦးမှ နာနတ်တောဂုံးတံတားအနီးသို့ သွားလိုကြောင်းငှားသဖြင့် တင်ဆောင်မောင်းနှင်ခဲ့ရာ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊ ဂျန်းရှင်းစကွဲယားအလွန်အရောက်၌ ၎င်း၏ နောက်ဖက်ရှိလူငယ်မှ လည်ပင်းအားသိုင်းဖက်ထားပြီး ဘေးဘက်ရှိလူငယ်မှ အရိုးအသွား(၇) လက္မခန့် ရှိဓါးဦးချွန်ဖြင့် ခါးအားထောက်ကာ ပါလာသော ငွေများပေးရန်နှင့် နာနတ်တောဂုံး တံတားအော က် သို့ မောင်းရန်ခိုင်းစေခဲ့ပါသည်။

ထိုသို့ခိုင်းစေသော်လည်း ရွှေကိန္ဒရီအိမ်ယာဘက်သို့ ချိုးကွေ့မောင်းနှင် ခဲ့သဖြင့် ကျန်လူငယ် တစ်ဦးမှ ဟန်း ဘရိတ်အား ဆွဲလိုက်သောကြောင့် ယာဉ်ရပ်တန့်သွားစဉ် ဦးစောဆေးဝါးမှ ဓါးအားလုယူပြီး လည် ပင်းအား ဖက်ထားသောလူငယ်နှင့်လုံးထွေးနေချိန် ကျန်လူငယ်(၂)ဦးမှာ ယာဉ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြပါသည်။

ထိုစဉ် လှည့်ကင်းရဲတပ်ဖွဲ့ဝင်များမှတွေ့ရှိသဖြင့် ဦးစောဆေးဝါးနှင့် လုံးထွေးနေသော စမ်းချောင်းမြို့နယ်နေ ငပိန်(ခ)ရန်နိုင်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးသွားသူ(၂)ဦးမှာ ညီညီနိုင်(စိစစ်ဆဲ)နှင့် တ၀င်းပူ(စိစစ်ဆဲ) တို့ဖြစ်ကြောင်းသိရှိရသောကြောင့် ၎င်းတို့(၃)ဦးအား ကမာရွတ်မြို့မရဲစခန်း (ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၆/ ၁၁၄ ဖြင့် အမှု ဖွင့် အရေးယူကာ ညီညီနိုင်နှင့် တ၀င်းပူ တို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police

No comments:

Post a Comment