Thursday, January 16, 2014

မောင်တောတွင် ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီး၏ သွေး စွန်းနေသည့် အသုံးအဆောင်တချို့ တွေ့ရှိ

Photo: မောင်တောတွင် ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီး၏ သွေး စွန်းနေသည့် အသုံးအဆောင်တချို့ တွေ့ရှိ 
Thursday, January 16, 2014

ရခိုင်ပြည်နယ်မောင်တော မြို့နယ်တွင် ဇန်နဝါရီ ၁၃ရက်ည ကပျောက်ဆုံး သွားသည့် ရဲတပ် ကြပ်ကြီး၏ သွေးစွန်းနေသောအသုံးအဆောင်တချို့အား ရှာဖွေ တွေ့ရှိထားကြောင်းသိရသည်။

ဇန်နဝါရီလ ၁၃ရက် ည ၁၀ နာရီခန့်က ဘင်္ဂါလီကျေးရွာအနီး ကင်းလှည့်နေစဉ် ပျောက်ဆုံး သွားခဲ့သည့်ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းအား ဇန်နဝါရီ ၁၅ရက် အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေး ဘဲ ယင်းနှင့် အတူပါရှိသွားသည့် သေနတ်ကျည်ပေါက် အခွံတစ်ခု၊ ခါးပတ်အတို အပိုင်း အစတစ် ခုနှင့် သွေးစွန်းနေသော အတွင်းခံအင်္ကျီ အပိုင်းအစတစ်ခုတို့ကို အခင်းဖြစ် ပွားရာကျေးရွာအတွင်းမှ ဇန်န ၀ါရီ ၁၄ရက်က ရှာဖွေတွေ့ရှိ ခဲ့ ခြင်းဖြစ်ကြောင်း မောင်တောမြို့ နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က အတည်ပြုပြောသည်။

““တပ်ကြပ်ကြီးကို အခင်းဖြစ် တဲ့ညကနေရှာဖွေနေတာ ဒီနေ့အ ထိရှာမတွေ့သေးဘူး။ ဒါပေမဲ့ အခင်းဖြစ်တဲ့ရွာထဲမှာတော့ တပ်ကြပ်ကြီးရဲ့အသုံးအဆောင်တ ချို့ကိုရှာတွေ့ခဲ့ပါတယ်””ဟု ယင်းက ပြောသည်။ ပျောက်ဆုံးနေသည့် ရဲတပ် ကြပ်ကြီး အောင်ကျော်သိန်းနှင့် အတူ ရဲတပ်ဖွဲ့ ဝင်လေးဦးပါဝင် သည့် လှည့်ကင်းအဖွဲ့သည် ဇန်န ဝါရီ ၁၃ရက် ည ၁ဝနာရီခန့်က ဘင်္ဂါလီများနေထိုင်သည့် မောင် တောမြို့နယ် ဒုချီးရားတန်းကျေး ရွာကို ကင်းလှည့်စဉ် ဘင်္ဂါလီများ ဝိုင်းဝန်းတိုက်ခိုက်ခဲ့မှုကြောင့်ထွက်ပြေးခဲ့ကြရာမှ ရဲတပ်ကြပ် ကြီးပျောက်ဆုံး သွားခဲ့ခြင်းဖြစ် ကြောင်း မောင်တောမြို့နယ် ရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးပြော ပြချက်အရ သိရ သည်။ 

အခင်းဖြစ်ပွားပြီးနောက် အဆိုပါကျေးရွာထဲမှ ဘင်္ဂါလီ ယောကျာ်းများအားလုံးမှာ ရွာမှ ထွက်ပြေး သွားကြပြီး ရွာထဲတွင် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများသာ ကျန်ရှိကြကြောင်းရဲတပ်ကြပ်ကြီးအား ရှာဖွေရာတွင်ပါဝင်သည့် ဌာနဆိုင်ရာအကြီးအကဲ တစ်ဦး က ပြောသည်။

မာန်ယုကျော် ၊ ညိုသဏ်း
Yangon Media Group
ရခိုင်ပြည်နယ်မောင်တော မြို့နယ်တွင် ဇန်နဝါရီ ၁၃ရက်ညကပျောက်ဆုံး သွားသည့် ရဲတပ်ကြပ်ကြီး ၏ သွေးစွန်းနေသောအသုံးအဆောင်တချို့အား ရှာဖွေ တွေ့ရှိထားကြောင်းသိရသည်။
ဇန်နဝါရီလ ၁၃ရက် ည ၁၀ နာရီခန့်က ဘင်္ဂါလီကျေးရွာအနီး ကင်းလှည့်နေစဉ် ပျောက်ဆုံး သွားခဲ့သည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းအား ဇန်နဝါရီ ၁၅ရက် အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘဲ ယင်းနှင့် အတူပါရှိသွားသည့် သေနတ်ကျည်ပေါက် အခွံတစ်ခု၊ ခါးပတ်အတို အပိုင်းအစတစ် ခုနှင့် သွေး စွန်းနေသော အတွင်းခံအင်္ကျီ အပိုင်းအစတစ်ခုတို့ကို အခင်းဖြစ် ပွားရာကျေးရွာအတွင်းမှ ဇန်န၀ါရီ ၁၄ ရက် က ရှာဖွေတွေ့ရှိ ခဲ့ ခြင်းဖြစ်ကြောင်း မောင်တောမြို့ နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က အတည်ပြုပြော သည်။

““တပ်ကြပ်ကြီးကို အခင်းဖြစ် တဲ့ညကနေရှာဖွေနေတာ ဒီနေ့အ ထိရှာမတွေ့သေးဘူး။ ဒါပေမဲ့ အခင်းဖြစ်တဲ့ ရွာထဲမှာတော့ တပ်ကြပ်ကြီးရဲ့အသုံးအဆောင်တ ချို့ကိုရှာတွေ့ခဲ့ပါတယ်””ဟု ယင်းက ပြောသည်။ ပျောက် ဆုံးနေသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနှင့် အတူ ရဲတပ်ဖွဲ့ ဝင်လေးဦးပါဝင်သည့် လှည့်ကင်းအဖွဲ့ သည် ဇန်န ဝါရီ ၁၃ရက် ည ၁ဝနာရီခန့်က ဘင်္ဂါလီများနေထိုင်သည့် မောင် တောမြို့နယ် ဒုချီးရားတန်းကျေး ရွာကို ကင်းလှည့်စဉ် ဘင်္ဂါလီများ ဝိုင်းဝန်းတိုက်ခိုက်ခဲ့မှုကြောင့်ထွက်ပြေးခဲ့ကြရာမှ ရဲတပ်ကြပ် ကြီးပျောက် ဆုံး သွားခဲ့ခြင်းဖြစ် ကြောင်း မောင်တောမြို့နယ် ရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးပြော ပြချက်အရ သိရ သည်။ 

အခင်းဖြစ်ပွားပြီးနောက် အဆိုပါကျေးရွာထဲမှ ဘင်္ဂါလီ ယောကျာ်းများအားလုံးမှာ ရွာမှ ထွက်ပြေး သွားကြပြီး ရွာ ထဲ တွင် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများသာ ကျန်ရှိကြကြောင်း ရဲတပ်ကြပ်ကြီးအား ရှာဖွေရာတွင်ပါဝင်သည့် ဌာနဆိုင်ရာအကြီးအကဲ တစ်ဦး က ပြောသည်။

မာန်ယုကျော် ၊ ညိုသဏ်း
Yangon Media Group

No comments:

Post a Comment