လမ်းမတော်မြို့နယ်၊
အမှတ်(၃)ရပ်ကွက်၊ ၇ လမ်းရှိ တိုက်ခန်း လှေကားတွင် ချစ်သူနှင့်
ချိန်းတွေ့စဉ် စကားများရာမှ သူနာပြုတက္ကသိုလ် (ရန်ကုန်) နောက်ဆုံးနှစ်
ကျောင်းသူကို ၎င်း၏ချစ်သူက ဓားဖြင့် ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသဖြင့်
ဓားဖြင့်ထိုးသူကို ဖမ်းမိနိုင်ရေး အတွက် ၎င်းနှင့် ပတ်သက်သော
အမှု ကွင်းဆက် များကို လိုက်လံ စုံစမ်းဖော်ထုတ်မည် ဖြစ်ကြောင်း
လမ်းမတော်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦး က ပြောကြားသည်။
ဇန်နဝါရီလ
၁၄ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က သူနာပြု တက္ကသိုလ် နောက်ဆုံးနှစ်
တက်ရော က်နေေ သာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးသည် ၎င်း၏ ချစ်သူနှင့်
အဆောင်အောက်လှေ ကား၌ စကားပြောနေ ရာမှ ၎င်း၏ချစ်သူ Heavy Machine ကုမ္ပဏီမှ
အင်ဂျင်နီယာ ကိုမင်းဆန်းက လေးလက်မ ခန့်ရှိ ဓားမြှောင်ဖြင့်ထိုးကာ
ထွက်ပြေးခဲ့မှုကို မြို့နယ် ရဲတပ်ဖွဲ့ဝင်များက ကွင်းဆက်များနောက်
ခြေရာခံပြီး လိုက်လံစုံစမ်းနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဓားထိုးမှု ဖြစ်ဖြစ်ချင်း မြို့နယ်ရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့ရင် ဒီလူကို ချက်ချင်း ဖမ်းမိမှာ။ သူ့နေအိမ်နဲ့ လှိုင်သာယာက သူ့အလုပ်လုပ်တဲ့ ကုမ္ပဏီကို သွားစုံစမ်းပြီးပြီ။ သူကိုင် တဲ့ လက်ကိုင် ဖုန်းက လည်း စက်ပိတ်ထားတယ်။ တရားခံကို အမြန်ဆုံး ဖမ်းမိဖို့ကို တပ်ဖွဲ့ဝင်တွေက ဒီလူနဲ့ ပတ်သက်တဲ့ ကွင်းဆက်မှန် သမျှကို စုံစမ်းဆောင်ရွက်ဆဲပါ” ဟု လမ်းမတော်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြ သည်။
အဆိုပါ ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသူ အမျိုးသားမှာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၇) ရပ်ကွက်၊ မင်းတပ်လမ်းတွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် ကိုမင်းဆန်း ဆိုသူ ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
ဓားထိုးခံရသူသည် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရာမညရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး သူနာပြု တက္က သိုလ်(ရန်ကုန်)တွင် ပညာသင်ယူနေသူ ဖြစ်ကြောင်း၊ ဓားထိုးခံရစဉ် အချိန်က အဆိုပါ ကျောင်းသူ ၏ အော် သံကြားသောကြောင့် ၎င်း၏ မိခင်က အခန်းအပြင် ထွက်ကြည့် ရာမှ တွေ့ရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေး ရုံကြီး သို့ တင်ပို့ ကုသခဲ့ကာ လက်ရှိအချိန်တွင် အသက် အန္တရာယ် စိုးရိမ်ဖွယ် မရှိတော့ကြောင်း အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
အဆိုပါ ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသူ ကိုမင်းဆန်းကို (ပ) ၉/၁၄၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် ထားပြီး အမှုကွင်းဆက်များဖြင့် လိုက်လံ စုံစမ်းဆောင်ရွက်နေကြောင်း လမ်းမတော် မြို့မရဲစခန်းမှ သိရှိရ သည်။
The Voice Weekly

No comments:
Post a Comment