Sunday, January 19, 2014

ရွှေညာမြေ က ခံတက်ရွက် ရဲ့ အာနိသင်

Photo: ရွှေညာမြေ က ခံတက်ရွက် ရဲ့ အာနိသင်
Sunday, January 19, 2013

( အညာမှာတော့ ..ခံတက်ချဉ် ရမယ် လို့  အော်ရောင်းနေသည့် ခံတက်ရွက် ဂုဏ်သတ္တိ )

ခံတက်ရွက်မှာ နွေရာသီတွင် ဖြိုင်ဖြိုင်ပေါ်သည့် အရွက် ဖြစ်သည်။ ခံတက်ရွက်ကို ပြုတ်သောက် ခြင်းဖြင့်

နွေဥတုတွင် ဖြစ်တက်သော အပူ ၀မ်းလျှော ၀မ်းပျက် ရောဂါများ၊ ချွေးငုပ်၊ မိတ်ငုပ်၊ ဓာတ် ငုပ် ရောဂါများ ပျောက်ကင်း၏။ ကလေးများတွင် ဖြစ်တက်သော ၀က်သက်၊ ရေကျောက်၊ ပဲသီတာ စ သည့် အပူနာ ရောဂါများ အတွက် ကြိုတင် ကာကွယ်ဆေး အဖြစ် ခံတက်ရွက်ကို သကြား၊ ထန်းလျက်၊ ပျားရည် စသည်တို့ဖြင့် သင့်လျော်သလို တစ်မျိုးမျိုးဖြင့် တွဲဖက်၍ သောက်သုံး နိုင်ပါ သည်။

သီတ (အအေး) အကြောင်းခံပြီး ဖြစ်သော ဆီးချို၊ လေငန်း၊ သွေးတိုး ရောဂါ၊ ရုပ် လေးလံ ထိုင်းမှိုင်းခြင်း၊ ရုပ်ဝပြီး သွေးကြော လေကြောများ ကျဉ်းခြင်း၊ အကြောတက်ခြင်း၊ ထုံကျဉ်ကိုက်ခဲခြင်း စသည့် ရောဂါများ အတွက် ခံတက်ရွက်ကို သုတ်စားခြင်း၊ ပြုတ်သောက်ခြင်းဖြင့် သက်သာ ပျောက်ကင်း စေ၏။ အရွက်ကို ကြိတ်၍ ရေနှင့် ဖျော်ပြီး မီးနှင့် နွေးအောင် ပြု၍ ကိုက်ခဲနာကျင်ေ သာ နေရာတွင် လိမ်းပေးပါက အကိုက် အခဲများ ပျောက်၏။

ခံတက်ရွက် ကြိတ်ရည်နှင့် ကွမ်းရွက် ကြိတ်ရည် တို့ကို ဆတူရော၍ ထောပတ် သင့်ရုံနှင့် သောက်ပါက အဆစ်ရောင် ရောဂါ ပျောက်ကင်းသည်။ ခံတက်ချဉ် ထည့်စားခြင်း၊ သုပ်စားခြင်းဖြင့် လေ ထိုးလေအောင့် ရောဂါ ပျောက်ကင်းသည်။ သက်တန့်နာနှင့် အနာပေါက် ရောဂါတို့တွင် ခံတက်ခေါက်ကို ပရံန္န၀ါမြစ် နှင့် သွေးသောက် ပါက လျင်မြန်စွာ ပျောက်ကင်းသည်။ ခံတက်မြစ်ကို လေးပုံ တစ်ပုံ ကြွင်းကျန်အောင် ပြုတ် သောက်ပါက ဆီးချို ရောဂါ သက်သာ ပျောက်ကင်း စေသည်။

ခံတက်ခေါက်ကို လေးပုံ တစ်ပုံ ကြွင်းကျန်အောင် ပြုပြီး အဆိုပါ ပြုတ်ရည်ကို ကြံသကာ ရော၍ သောက်က ဆီးကျောက်တည် ရောဂါ၊ ဆီးအိမ် ရောဂါ များကို သက်သာ ပျောက်ကင်း စေပါသည်။ ခံတက်မြစ်ကို အပြင်းအထန် ဖျားသော ရောဂါ များတွင် ကုသသည့် ဆေးများ၌ ပါဝင် အသုံးပြုပါက ထိရောက်စွာ အကျိုး သက်ရောက်မှု ရှိပါသည်။

Mg Mandalay
မြ၀တီ
( အညာမှာတော့ ..ခံတက်ချဉ်ရမယ်လို့  အော်ရောင်းနေသည့် ခံတက်ရွက်ဂုဏ်သတ္တိ) ခံတက်ရွက် မှာ နေရာသီတွင် ဖြိုင်ဖြိုင်ပေါ်သည့်အရွက် ဖြစ်သည်။ ခံတက်ရွက်ကို ပြုတ်သော က် ခြင်းဖြင့် နွေဥတု တွင် ဖြစ်တက်သော အပူ ၀မ်းလျှော ၀မ်းပျက် ရောဂါများ၊ ချွေးငုပ်၊ မိတ်ငုပ်၊ ဓာတ် ငုပ် ရောဂါများ ပျောက်
ကင်း၏။ ကလေးများတွင် ဖြစ်တက်သော ၀က်သက်၊ ရေကျောက်၊ ပဲသီတာ စ သည့် အပူနာ ရောဂါများ အတွက် ကြိုတင် ကာကွယ်ဆေး အဖြစ် ခံတက်ရွက်ကို သကြား၊ ထန်းလျက်၊ ပျားရည် စသည်တို့ဖြင့် သင့်လျော်သလို တစ်မျိုးမျိုးဖြင့် တွဲဖက်၍ သောက်သုံး နိုင်ပါ သည်။
သီတ (အအေး) အကြောင်းခံပြီး ဖြစ်သော ဆီးချို၊ လေငန်း၊ သွေးတိုး ရောဂါ၊ ရုပ် လေးလံ ထိုင်း မှိုင်းခြင်း၊ ရုပ်ဝပြီး သွေးကြော လေကြောများ ကျဉ်းခြင်း၊ အကြောတက်ခြင်း၊ ထုံကျဉ် ကိုက်ခဲခြင်း စသည့် ရောဂါများ အတွက် ခံတက်ရွက်ကို သုတ်စားခြင်း၊ ပြုတ်သောက်ခြင်းဖြင့် သက်သာ ပျောက်ကင်း စေ၏။ အရွက်ကို ကြိတ်၍ ရေနှင့် ဖျော်ပြီး မီးနှင့် နွေးအောင် ပြု၍ ကိုက်ခဲနာကျင်ေ သာ နေရာတွင် လိမ်းပေးပါက အကိုက် အခဲများ ပျောက်၏။

ခံတက်ရွက် ကြိတ်ရည်နှင့် ကွမ်းရွက် ကြိတ်ရည် တို့ကို ဆတူရော၍ ထောပတ် သင့်ရုံနှင့် သောက်ပါက အဆစ်ရောင် ရောဂါ ပျောက်ကင်းသည်။ ခံတက်ချဉ် ထည့်စားခြင်း၊ သုပ်စားခြင်းဖြင့် လေ ထိုးလေအောင့် ရော ဂါ ပျောက်ကင်းသည်။ သက်တန့်နာနှင့် အနာပေါက် ရောဂါတို့တွင် ခံတက်ခေါက်ကို ပရံန္န၀ါမြစ် နှင့် သွေးသောက် ပါက လျင်မြန်စွာ ပျောက်ကင်းသည်။ ခံတက်မြစ်ကို လေးပုံ တစ်ပုံ ကြွင်း ကျန်အောင် ပြုတ် သောက်ပါက ဆီးချို ရောဂါ သက်သာ ပျောက်ကင်း စေသည်။

ခံတက်ခေါက်ကို လေးပုံ တစ်ပုံ ကြွင်းကျန်အောင် ပြုပြီး အဆိုပါ ပြုတ်ရည်ကို ကြံသကာ ရော၍ သောက်က ဆီးကျောက်တည် ရောဂါ၊ ဆီးအိမ် ရောဂါ များကို သက်သာ ပျောက်ကင်း စေပါသည်။ ခံတက်မြစ်ကို အပြင်းအထန် ဖျားသော ရောဂါ များတွင် ကုသသည့် ဆေးများ၌ ပါဝင် အသုံးပြုပါက ထိရောက်စွာ အကျိုး သက်ရောက်မှု ရှိပါသည်။

Mg Mandalay
မြ၀တီ

No comments:

Post a Comment