Tuesday, March 12, 2013

ဦးရဲထွဋ် ပြောထားတဲ့ မိုဘိုင်းဖုန်း ဆင်းကတ်အကြောင်း

 
 
မိုဘိုင်း တယ်လီဖုန်းကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရှင်းလင်းထားပါတယ်။    "သတင်းဂျာနယ်အချို့မှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဆင်းကဒ်များကို နှစ်သောင်း ကျပ်နဲ့ ရောင်းချပေးမယ်လို့ ပြောကြောင်း ကိုးကားရေးသားနေတာကို တွေ့ရပါတယ်။ ၀န်ကြီး ဦးစိုးသိမ်း အနေနဲ့ အဲဒီလို လုံးဝပြောကြားခဲ့ခြင်းမရှိဘဲ ဆင်းကဒ်များကို ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း မှာ ပိုမို "သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ သာပြောကြားခဲ့ခြင်း ဖြစ် ကြောင်း အသိပေးအပ် ပါတယ်။" လို့ ဦးရဲထွဋ်က ဆိုထားပါတယ်။   ဒီစကားကို ထောက်ရှုရင် လာမယ့် တန်ဘိုးနည်း မိုဘိုင်းဖုန်း ဆင်းကတ်တွေရဲ့ တန်ဘိုးဟာ ကျပ် ၂ သောင်း ဆိုတာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တာပါ။   ဒီတော့ ဘယ်ဈေးနဲ့ ရောင်းချပေးသွားမလဲ ဆိုတာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။    
ဧရာဝတီ

2 comments:

  1. ငါတို့ စစ်တပ်မှာ နှစ်မျိုးပဲရှိတယ် အခုတမျိုး တော်ကြာတမျိုး

    ReplyDelete
  2. ဒေါက် တာ ဆိတ် ဖွား ကြီး က စစ် တပ် က အ သွင် ပြောင်း ဆို တော့ ကာ ပြော
    ကွယ် ပြော တွေ က အ ကျင့် ပါ နေ လို့ ပါ။ အဲ ဘွာ တေး မှား သွား လို့ ကိုယ်
    ရံ တော် လေး လေး ထွဋ် ပါ မှား တာ က လဲ အရိုး ဆွဲ နေ လို့ ပါ နှစ် ပေါင်း
    တစ် ရာ တစ် ထောင် လောက် နေ မှ နည်း နည်း လေး တော့ အသား ကြ သွား
    မှာပါ။ နိုင် ငံ တော် ရ သုံး ငွေ မှာ သုံး ငွေ နဲ့ နိုင် ငံ တ ကာ ကို ပေး ရ မဲ့ အ ကြွေး
    တွေ ကို သာ ဖော် ပြ နေ ပြီး တိုင်း ပြည် ဝင် ငွေ ကို ဖော် ပြ ပေး ဖို့ ပေး နိုင် ငံ
    တ ကာ မှ ဝိုင်း ကူ ညီ ဖော် ထုတ် ပေး ကြ ဖို့ အ ကူ တောင်း ပါ တယ် ။
    စီးပွားရေးလုပ်တာလဲစစ်တပ်
    အာဏာယူထားတာလဲစစ်တပ်
    ဝန်ထမ်းနေရာယူတာလဲစစ်တပ်
    လစာနှစ်မျိုးယူတာလဲစစ်တပ်
    မြေတွေယူတာလဲစစ်တပ်
    အိမ်ဖော်နဲ့လုပ်သားတွေအတွက်နိုင်ငံဘဏ္ဌာသုံးစွဲတာလဲစစ်တပ်
    ကျည်ကာကားတွေဇိမ်ခံကားတွေစီးချင်တာလဲစစ်တပ်
    ဆက်သွယ်ရေးကလာဘ်ပေးလာဘ်ယူမှာဖော်ကောင်လုပ်မှာကြောက်မူလရာထူး
    ပြန်ခန့်ထားတာလဲစစ်တပ်
    ဝန်ကြီးဌာနလာဘ်ပေး လာဘ်ယူတွေဆက်မဖော်ထုတ်ရဲတာလဲစစ်တပ်
    လမ်းတံတားလေလံစည်ပင်လေလံဓါတ်ဆီဆိုင်ကအစယူထားတာစစ်တပ်

    ReplyDelete