Thursday, January 23, 2014

တောင်တရုတ်ပင်လယ်၌ ကင်းလှည့်မှုများ ထပ်မံလုပ်ဆောင်ရန် တရုတ်စီစဉ်

Photo: တောင်တရုတ်ပင်လယ်၌ ကင်းလှည့်မှုများ ထပ်မံလုပ်ဆောင်ရန် တရုတ်စီစဉ်
Thursday, January 23, 2014

တရုတ်နိုင်ငံက တန်ချိန် ၅၀၀၀ ရှိသည့် ကင်းလှည့်ရေယာဉ် အသုံးပြုပြီး တောင်တရုတ်ပင်လယ် အတွင်း၌ အရပ်ဘက် စောင့်ကြည့် ကင်းလှည့်မှုအသစ်များ ထပ်မံလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သွားခြင်းကြောင့် ပိုင်နက် အငြင်းပွားမှုများ ပိုမိုတင်းမာလာနိုင်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

တန်ချိန် ၅၀၀၀ ရှိ ကင်းလှည့်သင်္ဘော တစ်စင်းကို ဒေသခံ အာဏာပိုင်တွေက ပေးအပ်သွားမည်ဖြစ်ပြီး ကင်းလှည့်သင်္ဘော သုံးစင်းပါသည့် ပုံမုန်ကင်းလှည့်ရေး စနစ်တစ်ခုကို တည်ထောင်သွားမည်ဟု တရုတ်သမုဒ္ဒရာ သတင်းတွင် ဖော်ပြထားသည်။

အမျိုးသား အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်း ကူညီထောက်ပံ့မှု တိုးတက် လုပ်ဆောင်ရန်၊ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး လုပ်ဆောင်ရန်တို့အတွက် ကင်းလှည့်စနစ်ကို တည်ထောင်ခြင်း ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ် ဒေသအများစုကို ဘေဂျင်းက တောင်းဆိုထားပြီး ဆန်ရှမြို့ အုပ်ချုပ်ရေးအောက်တွင် ယင်းနယ်မြေများကို ထည့်သွင်းထားသည်။

ထို့အပြင် နယ်မြေပိုင်ဆိုင်ရေး တောင်းဆိုချက်များ ခိုင်မာစေရေး တရုတ်နိုင်ငံက လှုပ်ရှားမှု အသေးစားများ လုပ်ဆောင်လျက်ရှိပြီး ယင်းကဲ့သို့သော ဖြစ်ရပ်များ ပေါ်ပေါက်လာပါက ဒေသတွင်းရှိ နိုင်ငံများနှင့် တင်းမာမှုများ ပေါ်ပေါက်လျက်ရှိသည်။

ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်နိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ် တစ်စိတ်တစ်ဒေသကို ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် အုပ်ချုပ်ရေးအောက်တွင် ထည့်သွင်းထားသည့် တောင်တရုတ်ပင်လယ် ရေပြင်အတွင်း ဝင်ရောက် ငါးဖမ်းလိုသည့် နိုင်ငံခြားသင်္ဘောများ ခွင့်ပြုချက်ယူရမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံက ဥပဒေ ထုတ်ပြန်လိုက်သဖြင့် အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံများက ဝေဖန်ခဲ့သည်။

ထို့အပြင် အငြင်းပွားမှုများ ဖြစ်ပွားနေသော အရှေ့တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက နိုဝင်ဘာလအတွင်း လေကြောင်းရန် ကာကွယ်ရေးဇုန်တစ်ခု တည်ထောင်လိုက်သဖြင့် ဒေသတွင်းရှိ ဂျပန်နှင့် အမေရိကန် နှစ်နိုင်ငံက အငြင်းအထန် ကန့်ကွက်လျက် ရှိသည်။

Myawady New
တရုတ်နိုင်ငံက တန်ချိန် ၅၀၀၀ ရှိသည့် ကင်းလှည့်ရေယာဉ် အသုံးပြုပြီး တောင်တရုတ် ပင်လယ် အတွင်း၌ အရပ်ဘက် စောင့်ကြည့် ကင်းလှည့်မှုအသစ်များ ထပ်မံလုပ်ဆောင် သွားမည်ဟု ထုတ်ပြန်သွားခြင်းကြောင့် ပိုင်နက် အငြင်းပွားမှုများ ပိုမိုတင်းမာလာနိုင်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
တန်ချိန် ၅၀၀၀ ရှိ ကင်းလှည့်သင်္ဘော တစ်စင်းကို ဒေသခံ အာဏာပိုင်တွေက ပေးအပ်သွား မည်ဖြစ်ပြီး ကင်း လှည့် သင်္ဘော သုံးစင်းပါသည့် ပုံမုန်ကင်းလှည့်ရေး စနစ်တစ်ခုကို တည်ထောင် သွားမည်ဟု တရုတ် သမုဒ္ဒရာ သတင်းတွင် ဖော်ပြထားသည်။

အမျိုးသား အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်း ကူညီထောက်ပံ့မှု တိုးတက် လုပ်ဆောင်ရန်၊ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး လုပ်ဆောင်ရန်တို့ အတွက် ကင်းလှည့်စနစ်ကို တည်ထောင်ခြင်း ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြ ထားသည်။

တောင်တရုတ်ပင်လယ် ဒေသအများစုကို ဘေဂျင်းက တောင်းဆိုထားပြီး ဆန်ရှမြို့ အုပ်ချုပ်ရေးအောက် တွင် ယင်းနယ်မြေများကို ထည့်သွင်းထားသည်။

ထို့အပြင် နယ်မြေပိုင်ဆိုင်ရေး တောင်းဆိုချက်များ ခိုင်မာစေရေး တရုတ်နိုင်ငံက လှုပ်ရှားမှု အသေးစားများ လုပ်ဆောင် လျက်ရှိပြီး ယင်းကဲ့သို့သော ဖြစ်ရပ်များ ပေါ်ပေါက်လာပါက ဒေသ တွင်းရှိ နိုင်ငံများနှင့် တင်းမာ မှုများ ပေါ်ပေါက်လျက်ရှိသည်။

ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်နိုင်ငံတို့ကလည်း တောင်တရုတ် ပင်လယ် တစ်စိတ် တစ်ဒေသ ကို ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် အုပ်ချုပ်ရေးအောက်တွင် ထည့်သွင်းထားသည့် တောင်တရုတ် ပင် လယ် ရေပြင်အတွင်း ဝင်ရောက် ငါးဖမ်းလိုသည့် နိုင်ငံခြားသင်္ဘောများ ခွင့်ပြုချက်ယူရမည်ဟု ပြီးခဲ့ သည့် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံက ဥပဒေထုတ်ပြန်လိုက်သဖြင့် အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံများ က ဝေဖန်ခဲ့သည်။

ထို့အပြင် အငြင်းပွားမှုများ ဖြစ်ပွားနေသော အရှေ့တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက နိုဝင်ဘာလ အတွင်း လေကြောင်းရန်ကာကွယ်ရေးဇုန်တစ်ခု တည်ထောင်လိုက်သဖြင့် ဒေသတွင်းရှိ ဂျပန်နှင့် အမေရိ ကန် နှစ်နိုင်ငံက အငြင်းအထန် ကန့်ကွက်လျက် ရှိသည်။

Myawady New

No comments:

Post a Comment