Thursday, January 23, 2014

ယူကရိန်း ဆန္ဒပြသူတွေကို ရဲက နှိမ်နင်းမှုကြောင့် ၃ ဦးသေဆုံး

Photo: ယူကရိန်း ဆန္ဒပြသူတွေကို ရဲက နှိမ်နင်းမှုကြောင့် ၃ ဦးသေဆုံး
Thursday, January 23, 2014

ယူကရိန်းနိုင်ငံ ကိဗ်မြို့က ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခမှာ လူ ၃ ဦးသေဆုံးပြီး ရာကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဇန်န၀ါရီ ၂၂ ရက်နေ့က ဆိုပါတယ်။

ဒီအကြမ်းဖက်မှုတွေဟာ အစိုးရနဲ့ ဆန္ဒပြသူတွေကြား ၃ ရက်မြောက် ထိပ်တိုက် တွေ့ဆုံမှုတွေပဲ ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေ ပြင်းထန်လာတာဟာ ပြီးခဲ့တဲ့ရက် ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူ ၃ ဦး သေဆုံးခဲ့တာကြောင့် ဖြစ်ပါတယ်။

အစိုးရနဲ့ အတိုက်အခံတွေက ၂ လကြာ အမှုတွေကို အဆုံးသတ်ဖို့ ဆွေးနွေး ခဲ့ကြပေမယ့် ဇန်န၀ါရီ ၂၁ ရက်နေ့ညက ဆွေးနွေးပွဲ ပျက်ပြားခဲ့ပါတယ်။

အစိုးရက ပြီးခဲ့တဲ့အပတ်က လူထုစုရုံးခွင့်တွေကို ပိတ်ပင်တဲ့ ဥပဒေတွေ ပြဌာန်း ခဲ့ပြီး နောက်ပိုင်း အခုလို အခြေအနေတွေ ပိုဆိုးခဲ့တယ်လို့လည်း ဆိုပါတယ်။

ယူကရိန်းဝန်ကြီးချုပ်က ဆန္ဒပြသူတွေကို အကြမ်းဖက်သူတွေအဖြစ် စွပ်စွဲခဲ့ပြီး ဆန္ဒပြသူ တွေ ထိခိုက်သေဆုံးမှုဟာ ဆန္ဒပြသူတွေရဲ့ လုပ်ရပ်နဲ့ပဲ ဆိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

DVB
ယူကရိန်းနိုင်ငံ ကိဗ်မြို့က ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခမှာ လူ ၃ ဦးသေဆုံးပြီး ရာကျော် ဒဏ်ရာရရှိခဲ့ တယ်လို့ ဇန်န၀ါရီ ၂၂ ရက်နေ့က ဆိုပါတယ်။
ဒီအကြမ်းဖက်မှုတွေဟာ အစိုးရနဲ့ ဆန္ဒပြသူတွေကြား ၃ ရက်မြောက် ထိပ်တိုက်တွေ့ဆုံမှုတွေပဲဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေ ပြင်းထန်လာတာဟာ ပြီးခဲ့တဲ့ရက် ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူ ၃ ဦး သေဆုံးခဲ့ တာကြောင့် ဖြစ်ပါတယ်။

အစိုးရနဲ့ အတိုက်အခံတွေက ၂ လကြာ အမှုတွေကို အဆုံးသတ်ဖို့ ဆွေးနွေး ခဲ့ကြပေမယ့် ဇန်န၀ါရီ ၂၁ ရက်နေ့ညက ဆွေးနွေးပွဲ ပျက်ပြားခဲ့ပါတယ်။

အစိုးရက ပြီးခဲ့တဲ့အပတ်က လူထုစုရုံးခွင့်တွေကို ပိတ်ပင်တဲ့ ဥပဒေတွေ ပြဌာန်း ခဲ့ပြီး နောက် ပိုင်း အခုလို အခြေ အနေတွေ ပိုဆိုးခဲ့တယ်လို့လည်း ဆိုပါတယ်။

ယူကရိန်းဝန်ကြီးချုပ်က ဆန္ဒပြသူတွေကို အကြမ်းဖက်သူတွေအဖြစ် စွပ်စွဲခဲ့ပြီး ဆန္ဒပြသူ တွေ ထိခိုက်သေ ဆုံး မှုဟာ ဆန္ဒပြသူတွေရဲ့ လုပ်ရပ်နဲ့ပဲ ဆိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

DVB

No comments:

Post a Comment