Wednesday, February 5, 2014

ဝန်ကြီးဦးအုန်းမြင့် သစ်ရာကောက်ကျေးရွာ ရွာသားများထံ ထပ်မံသွားရောက်

မွေးမြူရေးနှင့် ရေလုပ်ငန်း ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်အနေဖြင့် နိုင်ငံရေးသမားများနှင့် မီဒီ ယာများကို စော်ကားသည့်သဘောဖြင့် ပြောတာမဟုတ်သည့်အပြင် ရွာသားများကိုလည်း ဆဲရေးတိုင်း ထွာရန်လာခြင်းမဟုတ်ဟု ဖေဖော်ဝါရီ ၄ ရက်တွင် သစ်ရာကောက်ကျေးရွာသို့ ပြန်လည် သွားရောက်စဉ် ပြောသည်။

မကွေးတိုင်း၊သစ်ရာကောက်ကျေးရွာအတွင်း ပြောဆိုခဲ့မှုများနှင့်ပတ်သက်၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်
 ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် ဖေဖော်ဝါရီ ၄ ရက်တွင် သစ်ရာကောက်ကျေးရွာသို့ ပြန်လည်သွားရောက်ကာ ရွာဘုန်းတော်ကြီးကျောင်းတွင် ရွာသားများနှင့် တွေ့ဆုံ ခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ထပ်မံလာရောက်သော ခရီးစဉ်မှာ ပြန် လည်တောင်းပန်ရန်၊ ဖြေ ရှင်းရန်လာရောက်ခြင်း မဟုတ်ဟု ဆိုသည်။

ဦးအုန်းမြင့်က “အခုလာတဲ့ခရီးစဉ်က ပြီးခဲ့တဲ့ ယူနတီ(ဂျာနယ်)မှာပါတဲ့ဟာကို ဖြေရှင်းဖို့လာတာ မဟုတ် ပါဘူး။ အဲဒီနေ့ကလဲ ကျွန်တော့်ရဲ့ ညွှန်ကြားရေးမှူးတွေကိုရော၊ ရုံးအဖွဲ့ကိုရော ဒီမှာထားခဲ့တာပါ။ ကျွန် တော့်အနေနဲ့လဲ ဘယ်သူ့ကိုမှလဲ ဆဲရေးတိုင်းထွာတာ မပါပါဘူး။ ဆဲရေးတိုင်းထွာဖို့လာတာ မဟုတ်ပါ ဘူး”ဟု ပြောသည်။

သတင်းဖော်ပြချက်အရ သစ်ရာကောက်ရွာသားများ၊ တောင်သူလယ်သမားများမှာ အပြောသာ ခံရပြီး နောက် ၎င်းတို့ နယ်အတွက် ဘာမှ ဖွံ့ဖြိုးတိုးတက်မှုများ မရလိုက်သည့်အတွက် ၀န်ကြီးကို ဖိတ်ခေါ်၍ လာခြင်းဖြစ်သည်ဟု ဦးအုန်းမြင့်က ဆိုသည်။

ဝန်ကြီးဦးအုန်းမြင့်သည် သစ်ရာကောက်ကျေးရွာတွင် ရွာသားများကို ၁၀ မိနစ်ခန့်စကားပြောခဲ့ပြီးနောက် မီဒီယာများနှင့် ၁ နာရီခွဲကြာ တွေ့ဆုံခဲ့သည်။

ထို့သို့တွေ့ဆုံရာတွင် မီဒီယာများမှ တောင်းပန်ရန် လာရောက်ခြင်းဟုတ်၊ မဟုတ် မေးမြန်းကြရာ ဦးအုန်း မြင့်က “အဲသည်နေ့က ပြောတာသည် ယူနတီမှာပြောတဲ့သဘော မဟုတ်ပါဘူး။ နောက် ဒီကိစ္စကိုလဲ ဒီ နေ့လာတဲ့ပွဲက တောင်းပန်တဲ့ပွဲမဟုတ်ပါဘူး။ တကယ့် ကျွန်တော့်အနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ကျွန်တော့်ဝန်ကြီးဌာနအနေနဲ့ လုပ်ရမယ့်ကိစ္စကို ထိထိရောက်ရောက် လာပြီးတော့ လုပ်တာပါ”ဟု ပြော သည်။

၎င်းက ဆက်၍ “နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေကို စော်ကားတဲ့သဘောနဲ့ ပြောတာမဟုတ်ဘူး။ အဲ သည်နေ့က ဟောပြောတဲ့နေရာမှာ ထူထူးခြားခြား ဗီဒီယိုရိုက်တဲ့တစ်ယောက်က ရှိနေတော့ အဲသည်ဗီဒီ ယိုရိုက်တဲ့တစ်ယောက်ကို မြင်ပြီးတော့ တိုင်ချင်ရာတိုင်၊ ရိုက်ချင်ရာရိုက်လို့ ပြောလိုက်မိတာ”ဟု မီဒီယာ များကို ဆိုသည်။

ယင်းတွေ့ဆုံပွဲမတိုင်မီတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖုန်းမော်ရွှေ၊ တိုင်းဒေသကြီး အထွေထွေအုပ် ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့များက ရွာသားများကို ၀န်ကြီးက စေတနာအမှားဖြင့် ပြောဆို ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့်တွေ့ဆုံကာ ပြောဆိုခဲ့သေးသည်ဟု သစ်ရာကောက်ဒေသခံများက မဇ္ဈိမကို ပြောသည်။

ဝန်ကြီးဦးအုန်းမြင့်က သစ်ရာကောက်ကျေးရွာတွင် ပြောခဲ့သောစကားနှင့်ပတ်သက်ပြီး ပြည်သူထံ ရှင်း လင်းနိုင်မည့် ပြည်ထောင်စုအစိုးရအဖွဲ့ သဘောထားကို အစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဆွေးနွေးမည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေဖော်ဝါရီ ၄ ရက်တွင် မဇ္ဈိမကို တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။

ဦးအုန်းမြင့် ပြောဆိုခဲ့မှုများသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောထားမဟုတ်ကြောင်းကို သတင်း မီဒီယာများမှတစ်ဆင့် ဦးရဲထွဋ်က ပြန်ဖြေထားသည်။

“လူထုဆီကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောထားကို ချပြတာမျိုးလုပ်ဖို့ကို သမ္မတက ကက်ဘိနက် အစည်းအဝေးမှာ ဆွေးနွေးလိမ့်မယ်”ဟု ဆိုသည်။

၎င်းပြောဆိုမှုနှင့်စပ်လျဉ်း၍ သမ္မတက ဖေဖော်ဝါရီ ၃ ရက်က တစ်ဦးတည်း ခေါ်ယူတွေ့ဆုံခဲ့ပြီး ဆုံးမခဲ့ သည်ဟု ဦးရဲထွဋ်က ဖေဖေ၀ါရီ ၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဝန်ကြီးဦးအုန်းမြင့်သည် ဖေဖော်ဝါရီ ၅ ရက်တွင် မကွေးမြို့နယ်အတွင်းမှ သစ်ရာကောက်ကျေးရွာအနီး ၀န်းကျင်ရှိ ကျေးရွာ ခြောက်ရွာသို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအတွက် သွားမည်ဖြစ်သည်။

Mizzima

No comments:

Post a Comment