Wednesday, February 5, 2014

မင်္ဂလာဆောင်အပြန် ရေဆိုးချောင်းအတွင်း ဆိုင်ကယ်ထိုးကျ၊ အမျိုးသမီးနှစ်ဦးသေဆုံး

ပြည်မြို့နယ် တီတွတ်-၀က်ထီးကန် ကားလမ်းမိုင်တိုင် အမှတ်(၁၁)အနီးတွင် ရေဆိုးချောင်းထဲသို့ ဆိုင်ကယ် တစ်စီးထိုးကျခဲ့ပြီး ဆိုင်ကယ်စီးလာသည့် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့သည်ဟု ပြည်မြို့၊ အမှတ် (၃) ရဲစခန်း မှူးက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးသည် ၀က်ထီးကန်မြို့နေ ညီအစ်မ၀မ်းကွဲတော်စပ်သူများဖြစ်ကြပြီး ပြည်မြို့ရှိ မင်္ဂလာဆောင်တစ်ခုမှအပြန် ၎င်းတို့စီးနင်းလာသော Kenbo အနက်ရောင် ၁၁၀ ဆိုင်ကယ်သည် အရှိန်မ ထိန်းနိုင်ဘဲ ရေဆိုးချောင်းအတွင်း ထိုးကျခဲ့ခြင်းဖြစ်သည်။

“ပြည်ဘက်က မင်္ဂလာဆောင်က ပြန်လာတာ။ ညီအစ်မ၀မ်းကွဲနှစ်ယောက် ဆိုင်ကယ်တစ်စီးတည်းစီးလာ တယ်။ အဲဒီမှာ ကွေ့ယောင်ယောင်လေးနဲ့ ပြွန်ပေါက်ရှိတယ်။ မိန်းကလေးတွေဆိုတော့ အကွေ့ကို မကွေ့ တတ်ဘဲ အရှိန်ပါပြီးပြွန်ပေါက်ထဲ ပြုတ်ကျသွားတာ။ အောက်မှာလည်း ရေနည်းနည်းရှိတယ်”ဟု စခန်းမှူး ကဆိုသည်။

ဆိုင်ကယ်မောင်းသူ ယာဉ်မောင်းအမျိုး သမီးမှာ ရေဆိုးချောင်းကွန်ကရစ် ပြွန်ခေါင်းနှင့်မျက်နှာရိုက်မိကာ ယာနားရွက်ပြတ်၊ ယာနားသွေးထွက်ဒဏ်ရာ ရရှိသွားပြီး ဆိုင်ကယ်နောက်လိုက် အမျိုးသမီး မျက်နှာပြင် ပွန်းပဲ့ ဒဏ်ရာ၊ သွေးထွက်ဒဏ်ရာများရရှိကာ ရေဆိုးချောင်းအတွင်း ရေနစ်မြုပ်သေဆုံးခဲ့သည်ဟု အမှတ် (၃)ရဲစခန်း မှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် သေဆုံးသူ ဆိုင်ကယ်ယာဉ်မောင်း အမျိုးသမီးကို ပြည်မြို့၊ အမှတ်(၃) ရဲစခန်းတွင် (ပ)၂/ ၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

Mizzima

No comments:

Post a Comment