Thursday, February 13, 2014

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကို ကွမ်းခြံကုန်းဒေသခံများ ကန့်ကွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်း မြို့နယ်တွင် ကောင်းမြတ်သောမြေ ကုမ္ပဏီလီမိတက်က ကျောက်  မီးသွေး စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်အပေါ် ဒေသခံများ ကန့်ကွက်ကြောင်း အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် နေရာအနီးတွင် နေထိုင်သူရွာသူ၊ ရွာသားများ က ပြောကြားသည်။

ဇန်နဝါရီလ၁၈ ရက်နေ့က ကွမ်းခြံကုန်းမြို့နယ် သောင်ခုံကျေးရွာတွင် ဒေသခံ ၅၀၀ ခန့်နှင့် ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် ကုမ္ပဏီတို့ ညှိနှိုင်းဆွေးနွေးပွဲ တွင် ဒေသခံ များက ကန့်ကွက်ခဲ့ကြောင်း အဆိုပါ အစည်းအဝေးကို တက်ရောက် ခဲ့သူ ဦးမျိုးမြင့်အောင်က ပြောကြား သည်။

စက်ရုံ တည်ဆောက်မည့် မြေဧက ၄၀၀ ခန့်တွင် ကွမ်းခြံကုန်းမြို့နယ် တော်ကလိပ်၊ တော် ကဆော့၊ ကုန်းကြီး၊ တော်ကေး၊ တော်ခလူးနှင့် ပီလခတ် ကျေးရွာစသည့် စုစုပေါင်း ကျေးရွာခြောက်ရွာ အနီးတွင် တည်ရှိနေကြောင်း၊ အဆိုပါ ကျေးရွာများတွင် နေထိုင်သူများမှာ ရေလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတို့ဖြင့် အသက်မွေး နေရသောကြောင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော စွန့်ပစ်ရေဆိုး များကြောင့် လယ်ယာမြေများ ထိခိုက်ခြင်း၊ သောက်သုံးရေများတွင် ဆိုးကျိုးများ ဖြစ်ပေါ်မည် ကို စိုးရိမ်ကြောင်းရွာသူ၊ ရွာသားများ၏ ပြောကြားချက်အရ သိရသည်။

ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတည်ဆောက်မည့် ကောင်းမြတ်သောမြေ ကုမ္ပဏီလီမိတက်မှ ပတ်ဝန်းကျင် လေ့လာဆန်းစစ်ခြင်း ညှိနှိုင်း ဆောင်ရွက်သူ ဦးညီညီအောင်ကမူ စက်ရုံ မဆောက်ခင် စက်ရုံ ပတ်ဝန်းကျင်ရှိလေ၊ မြေ၊ ရေတို့၏ အနေအထားများ၊ စက်ရုံတည် ဆောက်မည့် ဒေသ တွင် နေထိုင်သော တိရစ္ဆာန်များ အခြေအနေနှင့် ရွာသူ၊ ရွာသားများ၏ အသက်မွေးမှု စသည်တို့ကို လေ့ လာ ဆန်း စစ် ခဲ့ကြောင်း ပြောကြားသည်။

အဆိုပါ စက်ရုံမှာ ရေကို အမြဲမပြတ် အသုံးပြုရခြင်းကြောင့် လယ်ယာမြေများတွင် မြစ်ရေရရှိမှု လျော့ နည်းပြီး ပင်လယ်ရေ ဝင်ရောက်မှု များပြားလာနိုင်ခြင်းကြောင့် လယ်ယာမြေများနှင့် သောက်သုံးရေ ရရှိမှုကို ထိခိုက်စေနိုင်ကြောင်း သတ္တုတွင်း ပညာရှင် ဦးစောမိုးမြင့်က ပြောကြားသည်။ “ကုမ္ပဏီက လူတွေ က ကောင်းတာတွေ ရွေးပြောပြီး၊ ဘာတွေ ထိခိုက်မလဲဆို တာတော့ထည့် မပြောဘူး၊ စက်ရုံ တည်ဆောက် တာကို ဒေသခံက မဆောက်ရဘူးလို့ တောင်းဆိုရမယ် ဆိုရင်တောင် တောင်းဆိုလို့ရတဲ့ အခွင့်အရေး ရှိတာတောင် မသိပါဘူး” ဟု တော်ကလိပ် ကျေးရွာသား တစ်ဦးက မေးခွန်း ထုတ် ပြော ဆိုသည်။

ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ အနီးပတ်ဝန်းကျင်ကို လေ့လာ ဆန်း စစ်ခြင်း ပြုလုပ်ရာတွင် ကောင်းကျိုးနှင့် ဆိုးကျိုးများကို ကွမ်းခြံကုန်းမြို့နယ် နေသူများနှင့် တွေ့ဆုံစဉ် တွင် ပြောကြား ခဲ့ကြောင်း ဦးညီညီအောင်က ပြောကြားသည်။

အဆိုပါ စက်ရုံ တည်ဆောက်ရန် “ကုမ္ပဏီက ဒီစီမံကိန်းကို လက်ခံရင် ရပ်ရွာဖွံ့ဖြိုးမယ်၊ လက် မခံရင် ကျွန်တော်တို့ ကျေးရွာက လူတွေလောက် ဆင်းရဲမယ့် လူတွေရှိတော့မှာ မဟုတ် ဘူးလို့ ပြောခဲ့တဲ့အတွက် ရွာသားတွေ မကျေနပ်လို့ ထပြန်ကြလို့ အစည်းအဝေးတောင် ပျက်ခဲ့ရပါတယ်” ဟု တော်က လိပ် ကျေး ရွာနေ အသက် ၄၀ ခန့်ရှိ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ရွာသူရွာသားများ၏ ဆန္ဒခံယူရာတွင် သဘောမတူ ခဲ့သော်လည်း ဇန်နဝါရီလ ၂၀ ရက်နေ့ ထုတ် ကြေး မုံ နိုင်ငံပိုင်သတင်းစာတွင် အဆိုပါ စက်ရုံ တည်ဆောက်မည့် အကြောင်း၊ ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်တွင် ကျောက်မီးသွေး ဓာတ် အားပေး စက်ရုံ သတင်းရေးသားထားပြီး ယင်းသတင်းပါရှိသော စာစောင်များကို ကွမ်းခြံကုန်း တစ်မြို့လုံးတွင် အခမဲ့ ဝေခဲ့ကြောင်း အဆိုပါ ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း မြို့နယ်တွင် ဆောက်လုပ်မည့် ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံကို ဂျပန်နည်း ပညာအကူအညီနှင့် ဘေးထွက် ဆိုးကျိုးများ ဖြေလျော့သော နည်းလမ်းများ အသုံးပြု ပြီး ကျန်းမာရေး ဆိုင်ရာပံ့ပိုးပေးရန် စီစဉ်မည် ဖြစ်ကြောင်း ယင်းစက်ရုံ ဆောက်လုပ်ရေး အတွက် EIA/SIA အကြံပေးအဖွဲ့ တာဝန်ရှိသူ ဦးညီညီအောင်က ပြောကြားသည်။ “စက်ရုံက မီးခိုးနဲ့အမှုန်တွေက လေ ထုနဲ့ရေကို ထိခိုက်တာတွေ ဆူညံသံနဲ့ တုန်ခါမှုတွေ ဖြစ်လာနိုင်တာ ကို တွေ့ထားတယ်။ ဒါကြောင့် ဆိုး ကျိုးတွေ ဖြေလျော့တဲ့နည်းနဲ့ စက်ရုံဆောက် မယ်” ဟု ဦးညီညီအောင် က ဖြည့်စွက်ပြောဆိုသည်။

ယင်းအပြင် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတွင် ဒေသအစုံမှ ကျွမ်းကျင်လုပ်သား ၄၀၀ နှင့် အထွေထွေလုပ်သား ၁၀၀၀ နီးပါးလာ ရောက်လုပ်ကိုင်ရန် ရှိသောကြောင့် ၎င်းတို့နှင့်အတူ ကူးစက် ရောဂါ များလည်း ပါလာနိုင်ဖွယ် ရှိသဖြင့် ကျန်းမာရေး ကာကွယ်မှုများ လိုအပ်ကြော င်း ၎င်းကဆိုသည်။

ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံများ၏ ဘေးထွက် ဆိုးကျိုးများကြောင့် ဒေသခံများတွင် အဆုတ်ရော ဂါများ၊ ပန်းနာရင်ကျပ်ရောဂါ၊ လမစေ့ဘဲကလေး အသေမွေးခြင်းနှင့် ခေါင်းကိုက်ဝေ ဒနာ၊ နှလုံးရောဂါ တို့ထိ ဖြစ်နိုင်ကြောင်း အမေရိကန် USA Union Of Concerned Scientists ၏ သုတေသန ရလဒ်များ အရ သိရသည်။

ကမ္ဘာပေါ်တွင် ကျောက်မီးသွေး အသုံးပြုမှု အများဆုံးသော နိုင်ငံ များတွင် မြန်မာနိုင်ငံသည် အဆင့် ၈၀ ၌ ရပ်တည်လျက် ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး အချက်အလက်များအရ သိရသည်။

The Voice Weekly

No comments:

Post a Comment