Friday, February 21, 2014

ဆေးပြတ်လူငယ် ဆေးပြန်မသုံးစေရန် စေတနာ့ဝန်ထမ်းအသင်းက စောင့်ရှောက်လျက်ရှိ

ပြန်လည်ထူထောင်ရေးစခန်းများမှ မူးယစ်ဆေးဝါးဖြတ်၍ ဆင်းသွားသော လူငယ်များအား နောက်ဆက် တွဲစောင့်ရှောက်မှု ပေးသွားရန်နှင့် မူးယစ်ဆေးဝါး ပြန်လည်မသုံးပြုမိအောင် စောင့်ကြည့် ကူညီရန် စေတနာ့ ၀န်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း၊ မန္တလေး(ဗဟို)က ဆောင်ရွက်လျက်ရှိကြောင်း ယင်းအ သင်းမှ အတွင်းရေးမှူး ဦးမြင့်သန်းက ဖေဖော်ဝါရီ ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

“အဓိကကတော့ ဖြတ်ပြီးဆင်းသွားတဲ့ ကလေးတွေ ပြန်သုံးစွဲမှုမရှိအောင် စောင့်ကြည့် ထိန်းသိမ်းတဲ့ သဘော ပါ။ သူတို့မှာ အမည်းစက်ဖြစ်သွားပြီ။ ဒီလိုအချိန်မှာ သိမ်ငယ်စိတ်တွေ အ၀င်များတယ်။ သူငယ် ချင်းတွေက မပေါင်းတော့တာ၊ ပတ်ဝန်းကျင်က ရှောင်နေတာ၊ ပိုပြီးဆိုးတာက မိဘတွေက အမြင်တွေ စော င်းပြီး မေတ္တာပေးမှု နည်းသွားတာတွေပဲ။ အဲလိုတွေဖြစ်နေတော့ ကလေးကို ဆေးပြန်သုံးဖို့ တွန်းအား ပေးနေသလိုဖြစ်နေတယ်။ ကျွန်တော်တို့က မိဘတွေ နားလည်အောင် ဆွေးနွေးမှုတွေ လုပ် တယ်။ ပတ် ၀န်းကျင်ကိုလည်း အကူအညီတောင်း စည်းရုံးတယ်။ ကလေးကို အရေးပေးပြီး နွေးနွေးထွေးေ ထွးေ နပေး တယ်။ လို အပ်တာလေးတွေ ကူညီပေးတယ်”ဟု ဦးမြင့်သန်းက ပြောသည်။

မူးယစ်ဆေးဝါးအန္တရာယ်သည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာတစ်ရပ် ဖြစ် သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ၁၅ နှစ်စီမံကိန်းချမှတ် ကာ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနက မူးယစ်ဆေးသုံးစွဲသူ လျှော့ချရေးကဏ္ဍကို အဓိက တာဝန်ယူ ဆောင်ရွက် လျက်ရှိသည်။

ပြန်လည်ထူထောင်ရေးစခန်းများက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများ လေ့ကျင့်ပေးပြီး မူးယစ်ကြီး ကြပ်ရေးအဖွဲ့က နောက်ဆက်တွဲ စောင့်ရှောက်မှုများ ပေးလျက်ရှိသည်။

မူးယစ်ဆေးဖြတ်ပြီးသူများအား နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင် ရွက်နိုင်ရေး အတွက် မန္တလေးမြို့တွင် ၂၀၀၁ ခုနှစ်မှစ၍ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း ကို ဖွဲ့စည်းပြီး အစိုးရမဟုတ်သော စေတနာ့ဝန်ထမ်း လူမှုရေးအဖွဲ့တစ်ရပ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန က အသင်းအဖွဲ့မှတ်ပုံတင် အမှတ်(၁၉၁၁)ဖြင့် ၂၀၀၇ ခုနှစ်တွင် ဖွဲ့စည်းခွင့်ပြုပြီး မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

“အသင်းရည်ရွယ်ချက်က ရှင်းပါတယ်။ မူးယစ်ဆေးသုံးစွဲလို့ ဆုံးရှုံးနေတဲ့ လုပ်အားတွေကို နိုင်ငံအကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လာအောင် ပြီးတော့ ဆေးဖြတ်ပြီးတဲ့လူငယ်တွေ နောက်ထပ် ပြန်မသုံး မိအောင် လူမှုရေးနည်းလမ်းတွေနဲ့ ရပ်ရွာအတွင်းနောက်ဆက်တွဲ ကြီးကြပ်စောင့်ရှောက်ပေးတယ်။ တိုင်း ရင်းသားလူမျိုးအားလုံးအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို တစ်ထောင့်တစ်နေ ရာက ပါဝင်ဆောင်ရွက်တာပါ”ဟု ဦးမြင့်သန်းက ပြောသည်။

စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း၏ လုပ်ငန်းစဉ်များမှာ ပြည်သူလူထုအတွင်း မူးယစ်ဆေး ၀ါးအန္တရာယ် ကြိုတင်ကာကွယ်အသိပညာပေးခြင်း လုပ်ငန်းများ၊ ရပ်ရွာအတွင်း မူးယစ်ဆေးဝါးသုံးစွဲနေ သည့် လူငယ်များအား စည်းရုံးပြီး ဆေးကုသမှုခံယူနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊ မူးယစ်ဆေးဝါးပြန် လည်သုံးစွဲသူ လူငယ်များအား ပြန်လည်ထူထောင်မှု ခံယူနိုင်စေရန် ကူညီဆောင်ရွက်ပေးခြင်း လုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည်။

၎င်းအပြင် မူးယစ်ဆေးဝါးမသုံးစွဲတော့သည့် လူငယ်များအား မူးယစ်ထုံထိုင်းပြီး ဘေးဖြစ်စေ တတ်သော ဆေး ၀ါး (မ-ထ-ဘ) မှတ်ပုံတင် ပယ်ဖျက်နိုင်ရေးအတွက် ကူညီဆောင် ရွက်ပေးခြ င်း၊ ဆေးဖြ တ် ပြီးသူ လူ ငယ်များအား လူမှုပတ်ဝန်းကျင်အတွင်း ပြန်လည်ဝင်ဆံ့နိုင်စေရန် လူမှုရေးအဖွဲ့ အစည်း များတွင် ပါဝင် ဆောင်ရွက်နိုင်အောင် ပေါင်းစပ်ကူညီပေးခြင်းလုပ်ငန်းများလည်း လုပ်ဆောင်ပေး သည်။

“ကျွန်တော်တို့က မြို့ရွာအလိုက် တစ်နှစ်ပတ်လုံး စောင့်ကြည့်ပြီး ပြန်လည်ထူထောင်ရေး စခန်းတွေကို အစီရင်ခံစာ တစ်လတစ်စောင်ပို့တယ်။ စောင့်ကြည့်နေရင်း သုံးစွဲတာတွေ့ရင် ထူထောင်ရေးစခန်း ပြန် ပို့ပြီး ဆေးထပ်ဖြတ်ပေးပါတယ်”ဟု ဦးမြင့်သန်းက ပြောသည်။

စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးအသင်းခွဲများကို ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိထ်္တီလာမြို့ နယ်၊ လားရှိုးမြို့နယ်၊ မူဆယ်မြို့နယ်၊ တောင်ကြီးမြို့များတွင် ဖွင့်လှစ်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment