ကြက်ဥ တစ်နေ့ တစ်လုံး စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူ ပြု ဖွယ်ရှိ ကြက်ဥ အား အထူး အစားအစာ အဖြစ် ထည့်သွင်း စဉ်းစား သင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး အဝလွန်ခြင်းကို ကာကွယ် တားဆီး ပေးနိုင်ဖွယ်ရှိသည်ဟု သုတေ သန ပညာရှင်တို့က ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။
အာဟာရဗေဒ ပညာရှင်တို့ကလည်း ကြက်ဥသည် အာဟာရ ပါဝင်မှု အများဆုံး အစားအစာ များ ထဲမှ တစ်ခု ဖြစ်ပြီး နေ့စဉ် ကြက်ဥတစ်လုံး စားသုံးခြင်းအားဖြင့် များစွာအကျိုးကျေးဇူးဖြစ်ထွန်းစေ မည် ဖြစ် သည် ဟု အကြံပြု တိုက်တွန်း ခဲ့ကြသည်။
သုတေသန ပညာရှင်တို့၏ တွေ့ရှိချက်အရ ကြက်ဥတွင် ကယ်လိုရီ ပါဝင်မှု နည်းပါးသော် လည်း ပရိုတင်းဓာတ် ကြွယ်ဝကြောင်း၊ အထူးသဖြင့် ကြက်ဥတွင် ပါဝင်သည့် ဗီတာမင်ဒီ၊ ဗီတာမင် ဘီ ၁၂ Selenium နှင့် Choline တို့ကြောင့် ကျန်းမာရေးကို များစွာ အထောက် အကူ ပြုစေနိုင်မည် ဖြစ်ကြော င်း ပြောကြား ခဲ့ကြသည်။
ထို့ပြင် ကြက်ဥတွင် ပါဝင်သော အမိုင်နို အက်စစ်ဓာတ်သည် ကလေးများ၊ ဆယ်ကျော်သက် များနှင့် လူငယ် လူရွယ်များ အတွက် မရှိမဖြစ် အရေး ပါသော ဓာတ်ဖြစ်သည် ဟုဆိုသည်။
ကြက်ဥတွင် ပါဝင်သော အင်တီအောက်ဆီးဒင့်ဓာတ်ပမာဏမှာ မြင့်မားလှပြီး အိုမင်း ရင့်ရော်ခြင်း ကို ကာ ကွယ် ပေးနိုင်ဖွယ် ရှိသည်ဟု ဆိုသည်။
လေ့လာဆန်း စစ်မှုအရ လူငယ်များ၊ အသား အလွန်အကြူးစားသုံး သူများနှင့် နွားနို့ရှော င်ကြဉ် သူများ အနေဖြင့် ကြက်ဥကို ပိုမိုစားသုံးခြင်းဖြင့် အကျိုး ကျေးဇူးကို ခံစား ရဖွယ်ရှိသည် ဟုဆိုသည်။
ကြက်ဥနှင့် ပတ်သက်၍ အရေးပါသော တွေ့ရှိမှုများထဲမှ တစ်ခုမှာ ကြက်ဥသည် ဗီတာမင်ဒီနှင့် ပတ်သက်၍ အရေးပါသော ဓာတ်စာအရင်း အမြစ်တစ်ခု ဖြစ်သည်ဟု သုတေသန ပညာရှင် တို့က အစီရင်ခံစာ တွင် ဖော်ပြ ခဲ့ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment