Friday, March 14, 2014

မေခမြစ်တစ်လျှောက် တရားမ၀င်ရွှေတူးနေသော တရုတ်နိုင်ငံသား ၄၁ ဦးကို ဖမ်းဆီး

Photo: » မေခမြစ်တစ်လျှောက် တရားမ၀င်ရွှေတူးနေသော တရုတ်နိုင်ငံသား ၄၁ ဦးကို ဖမ်းဆီး
Firday, March 14, 2014

မေခမြစ်တစ်လျှောက်တွင် တရားမ၀င်ရွှေတူးဖော်နေသည့် တရုတ်နိုင်ငံသား ၄၁ ဦးနှင့်အတူ ရွှေတူးရာ၌ အသုံးပြုသည့် မြေသယ်ယာဉ်များနှင့် အခြားပစ္စည်းများကို ဖမ်းဆီးထားကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖမ်းဆီးထားသော တရုတ်နိုင်ငံသားများအား မြစ်ကြီးနားမြို့နယ် အမှတ်(၁)ရဲစခန်းနှင့် ၀ိုင်းမော်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ပစ္စည်းများအား ၀ိုင်းမော်တပ် ခလရ (၅၈) တပ်ရင်းတွင် သိမ်းဆည်းထားကြောင်း သတင်းရရှိသည်။
          
ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာနှင့် မန်ဒေါင်ကျေးရွာအနီးမှ (၄)ဖာလုံအကွာခန့်ရှိ မေခအရှေ့ ဘက်တွင် တရုတ်လုပ်ငန်းသားများမှ ရွှေတူးဖော်နေသည့်သတင်းရရှိပြီး ခလရ (၅၈)တပ်၊ မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့၊ ၀ိုင်းမော်မြို့နယ်လ၀ကနှင့် ၀ိုင်းမော်မြို့ နယ် သတ္တုတွင်းဌာန တာဝန်ရှိသူများ ပူးပေါင်းပြီး သွားရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
          
‘‘လ၀ကအဖွဲ့ စစ်ဆေးနေတယ်။ အမှုဖွင့်ဖို့လည်း စီစဉ်ဆောင်ရွက်နေတယ်။ ပြစ်မှုကတော့ ပုဒ်မအပေါ်မူတည်မယ်’’ ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အထက်တန်းအရာရှိတစ်ဦးကဆိုသည်။
          
ယခုဖမ်းမိသည့် ရှငေါ်နှင့် မန်ဒေါင်းကျေးရွာများတွင် တရုတ်ကုမ္ပဏီမြေတူးစက်ကြီးများ၊ ရွှေဖောင်များနှင့် အခြားစက်ကြီးများဖြင့် လုပ်ကိုင်နေသည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်ပြီး ထိုသို့ တူးဖော်မှုကြောင့် ဒေသခံများ၏ လိမ္မော်ခြံများ၊ အိမ်ခြံမြေများမှာ ပျက်စီးကုန်ကြောင်း ဒေသခံများကပြောသည်။
          
‘‘မြစ်ဆုံစီမံကိန်းပြီးမှသာ ဒီမှာရွှေမှော်ရှိလာတယ်။ အရင်တုန်းကတော့ သွားဖမ်းမယ်ဆိုရင်လည်း ကေအိုင်အေနဲ့ တိုက်ပွဲတွေဖြစ်နေတော့ ဘယ်လိုမှ သွားဖမ်းလို့မရဘူး။ အခုမှ လွတ်လွတ်လပ်လပ်သွားလို့ လာလို့ ရလို့ အခုမှ သွားဖမ်းတာ’’ဟု ၀ိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
          
‘‘ရှငေါ်ရွာက ရွှေကျင်လို့ ပျက်သွားပြီ။ ဒီမှာရွှေကျင်နေတာက ဆယ်နှစ်လောက်တောင် ရှိနေပြီ။ အရင်တုန်းကတော့ တရုတ်တွေနဲ့ အစိုးရပေါင်းပြီး လာဘ်ပေး၊ လာဘ်ယူမှုနဲ့ လုပ်လာတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုကျတော့ ဒီမိုကရေစီခေတ်လည်း ရောက်လာတေ့ လာဘ်ပေး၊ လာဘ်ယူမှုလည်း ပပျောက်အောင်၊ အပေါ်ကလည်း ဖိအားပေးလို့ အခုလိုသွားဖမ်းတာနေမှာပါ’’ဟု ချီဖွေမြို့ ဘာသာရေးဆရာမတစ်ဦးကပြောသည်။
          
မတ်လ ၈ ရက်တွင် ယူနန်ပြည်နယ်နေ တရုတ်နိုင်ငံသား ရန်ကျန်းမီး (၂၇)နှစ်နှင့်အတူတရုတ် နိုင်ငံသား ၃၂ ဦးနှင့် မတ်လ ၉ ရက်တွင် ရှင်းလော် (၄၃) နှစ် အပါအ၀င် တရုတ်နိုင်ငံသား ကိုးဦးအား ထပ်မံဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
          
ဝိုင်းမော်မြို့နယ်နောင်ချိုကျေးရွာအနီးတွင် တရုတ်နိုင်ငံသားများက တောင်အောက်၌ လိုဏ်ဂူဖောက်ကာ ရွှေတူးဖော်နေသော်လည်း သက်ဆိုင်ရာက အရေးယူနိုင်ခြင်းမရှိသေးကြောင်း နောင်ချိုဒေသခံတစ်ဦးကပြောသည်။
          
လွန်ခဲ့သည့် ဖေဖော်ဝါရီလကလည်း မန်စီမြို့နယ်အတွင်း သစ်မှောင်ခိုထုတ်သည့် တရုတ်နိုင်ငံသား ၁၀ ဦးခန့် ဖမ်းဆီးအရေးယူခဲ့သည်။

Author: မရန်
7DAY DAILY
မေခမြစ်တစ်လျှောက်တွင် တရားမ၀င်ရွှေတူးဖော်နေသည့် တရုတ်နိုင်ငံသား ၄၁ ဦးနှင့်အတူ ရွှေတူးရာ၌ အသုံးပြုသည့် မြေသယ်ယာဉ်များနှင့် အခြားပစ္စည်းများကို ဖမ်းဆီးထားကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှ သတင်းရရှိသည်။

ဖမ်းဆီးထားသော တရုတ်နိုင်ငံသားများအား မြစ်ကြီးနားမြို့နယ် အမှတ်(၁)ရဲစခန်းနှင့် ၀ိုင်းမော်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ပစ္စည်းများအား ၀ိုင်းမော်တပ် ခလရ (၅၈) တပ်ရင်းတွင် သိမ်းဆည်းထားကြောင်း သတင်းရရှိသည်။
          
ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာနှင့် မန်ဒေါင်ကျေးရွာအနီးမှ (၄)ဖာလုံအကွာခန့်ရှိ မေခအရှေ့ ဘက်တွင် တရုတ်လုပ်ငန်းသားများမှ ရွှေတူးဖော်နေသည့်သတင်းရရှိပြီး ခလရ (၅၈)တပ်၊ မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့၊ ၀ိုင်းမော်မြို့နယ်လ၀ကနှင့် ၀ိုင်းမော်မြို့ နယ် သတ္တုတွင်းဌာန တာဝန်ရှိသူများ ပူးပေါင်းပြီး သွားရောက်ဖမ်း ဆီးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
          
‘‘လ၀ကအဖွဲ့ စစ်ဆေးနေတယ်။ အမှုဖွင့်ဖို့လည်း စီစဉ်ဆောင်ရွက်နေတယ်။ ပြစ်မှုကတော့ ပုဒ်မအပေါ်မူ တည် မယ်’’ ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အထက်တန်းအရာရှိတစ်ဦးကဆိုသည်။
          
ယခုဖမ်းမိသည့် ရှငေါ်နှင့် မန်ဒေါင်းကျေးရွာများတွင် တရုတ်ကုမ္ပဏီမြေတူးစက်ကြီးများ၊ ရွှေဖောင်များနှင့် အခြားစက်ကြီးများဖြင့် လုပ်ကိုင်နေသည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်ပြီး ထိုသို့ တူးဖော်မှုကြောင့် ဒေသခံများ၏ လိမ္မော်ခြံများ၊ အိမ်ခြံမြေများမှာ ပျက်စီးကုန်ကြောင်း ဒေသခံများကပြောသည်။
          
‘‘မြစ်ဆုံစီမံကိန်းပြီးမှသာ ဒီမှာရွှေမှော်ရှိလာတယ်။ အရင်တုန်းကတော့ သွားဖမ်းမယ်ဆိုရင်လည်း ကေအိုင်အေ နဲ့ တိုက်ပွဲတွေဖြစ်နေတော့ ဘယ်လိုမှ သွားဖမ်းလို့မရဘူး။ အခုမှ လွတ်လွတ်လပ်လပ်သွားလို့ လာ လို့ ရလို့ အခုမှ သွားဖမ်းတာ’’ဟု ၀ိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
          
‘‘ရှငေါ်ရွာက ရွှေကျင်လို့ ပျက်သွားပြီ။ ဒီမှာရွှေကျင်နေတာက ဆယ်နှစ်လောက်တောင် ရှိနေပြီ။ အရင်တုန်း ကတော့ တရုတ်တွေနဲ့ အစိုးရပေါင်းပြီး လာဘ်ပေး၊ လာဘ်ယူမှုနဲ့ လုပ်လာတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုကျတော့ ဒီမိုကရေစီခေတ်လည်း ရောက်လာတေ့ လာဘ်ပေး၊ လာဘ်ယူမှုလည်း ပပျောက်အောင်၊ အပေါ်ကလည်း ဖိအားပေးလို့ အခုလိုသွားဖမ်းတာနေမှာပါ’’ဟု ချီဖွေမြို့ ဘာသာရေးဆရာမတစ်ဦး ကပြောသည်။
          
မတ်လ ၈ ရက်တွင် ယူနန်ပြည်နယ်နေ တရုတ်နိုင်ငံသား ရန်ကျန်းမီး (၂၇)နှစ်နှင့်အတူတရုတ် နိုင်ငံသား ၃၂ ဦးနှင့် မတ်လ ၉ ရက်တွင် ရှင်းလော် (၄၃) နှစ် အပါအ၀င် တရုတ်နိုင်ငံသား ကိုးဦးအား ထပ်မံဖမ်းဆီး ခဲ့ကြောင်း သတင်းရရှိသည်။
          
ဝိုင်းမော်မြို့နယ်နောင်ချိုကျေးရွာအနီးတွင် တရုတ်နိုင်ငံသားများက တောင်အောက်၌ လိုဏ်ဂူဖောက်ကာ ရွှေတူးဖော်နေသော်လည်း သက်ဆိုင်ရာက အရေးယူနိုင်ခြင်းမရှိသေးကြောင်း နောင်ချိုဒေသခံတစ်ဦး ကပြော သည်။
          
လွန်ခဲ့သည့် ဖေဖော်ဝါရီလကလည်း မန်စီမြို့နယ်အတွင်း သစ်မှောင်ခိုထုတ်သည့် တရုတ်နိုင်ငံသား ၁၀ ဦးခန့် ဖမ်းဆီးအရေးယူခဲ့သည်။

Author: မရန်
7DAY DAILY

No comments:

Post a Comment