Saturday, March 1, 2014

တရားဝင်လိုင်စင်မရှိသောယာဉ်နောက်လိုက်များအား အရေးယူရန်ခက်ခဲဟု မထသ ဝန်ခံ

Photo: တရားဝင်လိုင်စင်မရှိသောယာဉ်နောက်လိုက်များအား အရေးယူရန်ခက်ခဲဟု မထသ ဝန်ခံ
Saturday, March 1, 2014

တရားဝင်လိုင်စင်မရှိဘဲ လုပ် ကိုင်နေသည့် ယာဉ်နောက်လိုက်များ ၏ အပြုအမူများအပေါ် တိုင်ကြားမှု များရှိနေသော်လည်း အရေးယူရန် အခက်အခဲများရှိနေကြောင်း ရန် ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီး ကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးလှ အောင်က ပြောကြားလိုက်သည်။

¤င်းက ''ဗဟိုကို တိုင်တဲ့အမှုအ များစုက ကားစပယ်ယာရဲ့ ရိုင်းစိုင်း တာ၊ ယာဉ်စီးခပိုတောင်းတာနဲ့ လမ်း ကြောင်းပြောင်းဆွဲတာတွေ များတယ်။ တချို့တိုင်ကြားမှုတွေက လုပ်ကိုင်ခွင့် မရှိဘဲလုပ်တဲ့ လိုင်စင်မဲ့စပယ်ယာတွေ ရဲ့အပြုအမူတွေများတော့ ဗဟိုအနေ နဲ့ ထိထိရောက်ရောက်အရေးယူ အ ပြစ်ပေးနိုင်ဖို့ ခက်ခဲတာတွေရှိတယ်'' ဟုဆိုသည်။

တရားဝင် ယာဉ်နောက်လိုက် လိုင်စင်လျှောက်ထားမှုအတွက် ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး ဌာနမှ ထုတ်ပေးသည့်(စ)လိုင်စင်ရှိ ရန် လိုအပ်ပြီး လူတွေ့စစ်ဆေးခြင်း၊ စိတ်ပညာစစ်ဆေးမှုများဖြင့် လမ်းစည်း ကမ်းလိုက်နာရမည့် ကျင့်ဝတ်များကို သင်တန်းများပို့ချကာ တရားဝင်အသိ အမှတ်ပြုလက်မှတ်များ ထုတ်ပေးနေ သော်လည်း ယာဉ်ပိုင်ရှင်များ၏ ခွင့်ပြု ပေးမှုကြောင့် လိုင်စင်မရှိသည့် ယာဉ် နောက်လိုက်များ ဖြစ်ပေါ်လာခြင်းဖြစ် သည်ဟု ဦးလှအောင်ကပြောသည်။

¤င်းက ''အဓိကကတော့ ယာဉ် ပိုင်ရှင်တွေက ခွင့်ပြုထားလို့၊ တချို့ လိုင်းတွေဆို သုံးဦးတင်တာတွေတောင် တွေ့ရတယ်။ ဒါတွေအတွက် မထသ ဗဟိုစစ်ဆေးရေးအဖွဲ့က ထုတ်ပြန် ထားတဲ့ ပြစ်မှု၊ ပြစ်ဒဏ်သတ်မှတ်ချက် ၁၃၈ ချက်နဲ့အညီ ကားမှာပါတဲ့ တ ရားဝင်လိုင်စင်ရှိတဲ့သူကို အရေးယူ တာတွေရှိတယ်''ဟုပြောသည်။

မင်္ဂလာဒုံမြို့နယ်မှ ယာဉ်စီးခရီး သည် မသိန်းအေးက ''ညပိုင်းတွေမှာ စစ်ဆေးအရေးယူနိုင်ရင် ကောင်းမယ်။ အပြုအမူကအစ ရိုင်းတာတွေရှိတယ်။ တိုင်ချင်ရာတိုင် ပြန်ပြောတာ ကြုံဖူး တယ်။ ဘော်ဒါလိုက်တာဆိုတော့ တ ကယ့်စပယ်ယာတွေလဲ ဝါးလုံးရှည်နဲ့ သိမ်းအပြောခံရနိုင်တယ်'' ဟုပြောသည်။
ရန်ကုန်တိုင်းဒေသကြီး မော် တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ရေး ကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် လက်ရှိအချိန်အထိ ယာဉ်လုပ်သား အခြေခံသင်တန်းနှင့် မွမ်းမံသင်တန်း (၂၆)ကြိမ်ပို့ချပေးနိုင်ခဲ့ပြီး တရားဝင် ယာဉ်နောက်လိုက် ၆၃ဝဝ ကျော်ကို တရားဝင်လိုင်စင်များ ထုတ်ပေးပြီး ဖြစ်ကြောင်းသိရသည်။

ရဲလင်းထက်
ရန်ကုန်တိုင်းမ် ဂျာနယ်
တရားဝင်လိုင်စင်မရှိဘဲ လုပ် ကိုင်နေသည့် ယာဉ်နောက်လိုက်များ ၏ အပြုအမူများအပေါ် တိုင်ကြားမှု များရှိနေသော်လည်း အရေးယူရန် အခက်အခဲများရှိနေကြောင်း ရန် ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီး ကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးလှ အောင်က ပြောကြားလိုက်သည်။


¤င်းက ''ဗဟိုကို တိုင်တဲ့အမှုအ များစုက ကားစပယ်ယာရဲ့ ရိုင်းစိုင်း တာ၊ ယာဉ်စီးခပိုတောင်းတာနဲ့ လမ်း ကြောင်းပြောင်းဆွဲတာတွေ များတယ်။ တချို့တိုင်ကြားမှုတွေက လုပ်ကိုင်ခွင့် မရှိဘဲလုပ်တဲ့ လိုင်စင်မဲ့ စပယ်ယာတွေ ရဲ့အပြုအမူတွေများတော့ ဗဟိုအနေ နဲ့ ထိထိရောက်ရောက်အရေးယူ အ ပြစ်ပေးနိုင်ဖို့ ခက်ခဲတာတွေရှိတယ်'' ဟုဆိုသည်။

တရားဝင် ယာဉ်နောက်လိုက် လိုင်စင်လျှောက်ထားမှုအတွက် ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး ဌာနမှ ထုတ်ပေးသည့်(စ)လိုင်စင်ရှိ ရန် လိုအပ်ပြီး လူတွေ့စစ်ဆေးခြင်း၊ စိတ်ပညာစစ်ဆေးမှုများဖြင့် လမ်းစည်း ကမ်းလိုက်နာရမည့် ကျင့်ဝတ်များကို သင်တန်းများပို့ချကာ တရားဝင်အသိ အမှတ်ပြုလက်မှတ်များ ထုတ်ပေးနေ သော်လည်း ယာဉ်ပိုင်ရှင်များ၏ ခွင့်ပြု ပေးမှုကြောင့် လိုင်စင်မရှိသည့် ယာဉ် နောက်လိုက်များ ဖြစ်ပေါ်လာခြင်းဖြစ် သည်ဟု ဦးလှအောင်ကပြောသည်။

¤င်းက ''အဓိကကတော့ ယာဉ် ပိုင်ရှင်တွေက ခွင့်ပြုထားလို့၊ တချို့ လိုင်းတွေဆို သုံးဦးတင်တာတွေတောင် တွေ့ရတယ်။ ဒါတွေအတွက် မထသ ဗဟိုစစ်ဆေးရေးအဖွဲ့က ထုတ်ပြန် ထားတဲ့ ပြစ်မှု၊ ပြစ်ဒဏ်သတ် မှတ်ချက် ၁၃၈ ချက်နဲ့အညီ ကားမှာပါတဲ့ တရားဝင်လိုင်စင်ရှိတဲ့သူကို အရေးယူ တာတွေရှိတယ်'' ဟုပြောသည်။

မင်္ဂလာဒုံမြို့နယ်မှ ယာဉ်စီးခရီး သည် မသိန်းအေးက ''ညပိုင်းတွေမှာ စစ်ဆေးအရေးယူနိုင်ရင် ကောင်းမယ်။ အပြုအမူကအစ ရိုင်းတာတွေရှိတယ်။ တိုင်ချင်ရာတိုင် ပြန်ပြောတာ ကြုံဖူး တယ်။ ဘော်ဒါလိုက်တာဆိုတော့ တ ကယ့်စပယ်ယာတွေလဲ ဝါးလုံးရှည်နဲ့ သိမ်းအပြောခံရနိုင်တယ်'' ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မော် တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ရေး ကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် လက်ရှိအချိန်အထိ ယာဉ်လုပ်သား အခြေခံသင်တန်းနှင့် မွမ်းမံသင်တန်း (၂၆)ကြိမ်ပို့ချပေးနိုင်ခဲ့ပြီး တရားဝင် ယာဉ်နောက်လိုက် ၆၃ဝဝ ကျော်ကို တရားဝင်လိုင်စင်များ ထုတ်ပေးပြီး ဖြစ်ကြောင်းသိရသည်။

ရဲလင်းထက်
ရန်ကုန်တိုင်းမ် ဂျာနယ်

No comments:

Post a Comment