Saturday, March 1, 2014

မီဒီယာများကိုကြောက်၍ ၀န်ကြီးဦးအောင်မင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စများအား ဖြေကြားတော့မည်မဟုတ်

Photo: မီဒီယာများကိုကြောက်၍ ၀န်ကြီးဦးအောင်မင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စများအား ဖြေကြားတော့မည်မဟုတ်
Saturday, March 1, 2014

မီဒီယာများအား ကြောက်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စများအား ဖြေကြားတော့မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီး ငြိမ်းချမ်းရေးနှင့် ပြန်လည် ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြုလုပ်သော နိုင်ငံတော် သမ္မတကြီးနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စများနှင့် ပတ်သက်၍ မီဒီယာများ၏ ၀ိုင်းဝန်းမေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

““ငါလည်း မပြောချင်ဘူး။ မပြောတာ အကောင်းဆုံးပဲ။ တပ်မတော်ပိုင်း လည်း ကျွန်တော်မသိဘူး။ မပြောတာ ပိုကောင်းတယ်။ ဒီ့ထက် ကျွန်တော် ဘာမှ ပြောစရာမရှိဘူး။ ကျွန်တော် မီဒီယာတွေကို ကြောက်သွားတယ်။ လန့်သွားတယ်။ မထိုးဖြစ်တော့ဘူး ပြောတဲ့သူက ရှိတယ်။ ရက်ချိန်းတွေ ပြောင်းတယ်လို့ အပြစ်တင်တဲ့ သူက ရှိတယ်။ ဒါကြောင့်မို့ မပြောတော့ဘူး။ ထိုးတဲ့နေ့ကျမှပဲ ထပ်ပြောမယ်””ဟု ဦးအောင်မင်းက ဆိုသည်။

KNU (ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ) လော်ခီးလာ စခန်းတွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၆ ရက်တိတိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ““တိုင်းရင်း သားစည်းလုံးညီ ညွတ်မှု”” မှတစ်ဆင့် အုပ်ချုပ်သူ အစိုးရအဖွဲ့အစည်းများ အပါအ၀င် လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စုပေါင်း တည်ဆောက်ကြပါရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယခုအချိန်အထိ ထပ်မံ ဆွေးနွေးနိုင်ခြင်း မရှိဘဲ ရပ်တန့်နေခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

““ဒီမိုကရေစီမှာ မီဒီယာကြောက်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ မြင်တာ ကတော့ သူတို့အတွင်းမှာပဲ ဖိအားပေး ခံနေရလို့လား ပေါ့ဗျာ။ ကျွန်တော်တို့ကြားတာက တပ်မတော်က လျှော့လွန်းတယ်ပေါ့ဗျာ။ တိုင်းရင်းသားနဲ့ ပတ်သက်လို့ပေါ့။ တကယ်တော့ ဘာမှလျှော့တာ မရှိပါဘူး။ ကျွန်တော်တို့ မြင်တာကတော့ အထိန်းအကွပ်တွေ များလွန်းတယ်””ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ဒုတိယ ဥက္ကဋ္ဌ(၂) ဖြစ်သူ ပဒိုဒေးဗစ်သာကပေါက ပြောသည်။

ယခုကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေ အား မေးမြန်း ရာ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၏ ပြန်လည် ဖြေကြားမှု အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူများကလည်း တာဝန်ယူမှု တာဝန်ခံမှု မရှိသည့် ဖြေကြားချက် ဖြစ်ကြောင်း ဝေဖန်လျက်ရှိသည်။

““ပြည်ထောင်စုဝန်ကြီး တစ်ယောက်အနေနဲ့သာမက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်နေတဲ့ သူတစ်ယောက် အနေနဲ့ မီဒီယာများကို ကြောက်တဲ့အတွက် မဖြေချင်ကြောင်း၊ မဖြေတာ အကောင်းဆုံး ဖြစ်ကြောင်း ပြောကြားတာဟာ အတော့်ကို အခြေအမြစ် ကင်းတယ်လို့ မြင်ပါတယ်။ သတင်းမီဒီယာ တွေဆိုတာ အစိုးရ၊ လွှတ်တော်နဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေနဲ့ တန်းတူရှိတဲ့ Fourth Pillar ပါ။ ပွင့်လင်း မြင် သာမှု ရှိရမယ်။ တာဝန်ယူရဲမယ်။ တာဝန်ရှိမယ်ဆိုရင် မမြင်ရဲ စရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။ ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန် လုပ်တဲ့သူတွေအတွက် မီဒီယာမှမဟုတ် ဘယ်သူ့ကိုမှ ကြောက်စရာ လိုမယ် မထင်ဘူးလို့ မြင်မိပါတယ်””ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ခဲ့သည်။

ဝိုင်းမော်
Myanmartandawsint Newspaper
မီဒီယာများအား ကြောက်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စများအား ဖြေကြားတော့မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီး ငြိမ်းချမ်းရေးနှင့် ပြန်လည် ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြုလုပ်သော နိုင်ငံတော် သမ္မတကြီးနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေး အသင်းအဖွဲ့များမှ ကိုယ်စား လှယ်များ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိစ္စများနှင့် ပတ်သက်၍ မီဒီယာများ၏ ၀ိုင်းဝန်းမေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

““ငါလည်း မပြောချင်ဘူး။ မပြောတာ အကောင်းဆုံးပဲ။ တပ်မတော်ပိုင်း လည်း ကျွန်တော်မသိဘူး။ မပြောတာ ပိုကောင်းတယ်။ ဒီ့ထက် ကျွန်တော် ဘာမှ ပြောစရာမရှိဘူး။ ကျွန်တော် မီဒီယာတွေကို ကြောက်သွားတယ်။ လန့်သွားတယ်။ မထိုးဖြစ်တော့ဘူး ပြောတဲ့သူက ရှိတယ်။ ရက်ချိန်းတွေ ပြောင်းတယ်လို့ အပြစ်တင်တဲ့ သူက ရှိတယ်။ ဒါကြောင့်မို့ မပြောတော့ဘူး။ ထိုးတဲ့နေ့ကျမှပဲ ထပ်ပြောမယ်””ဟု ဦးအောင်မင်းက ဆိုသည်။

KNU (ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ) လော်ခီးလာ စခန်းတွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၆ ရက်တိတိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ““တိုင်းရင်း သားစည်းလုံးညီ ညွတ်မှု”” မှတစ်ဆင့် အုပ်ချုပ်သူ အစိုးရအဖွဲ့အစည်းများ အပါအ၀င် လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စုပေါင်း တည်ဆောက်ကြပါရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယခုအချိန်အထိ ထပ်မံ ဆွေးနွေးနိုင်ခြင်း မရှိဘဲ ရပ်တန့်နေခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

““ဒီမိုကရေစီမှာ မီဒီယာကြောက်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ မြင်တာ ကတော့ သူတို့အတွင်းမှာပဲ ဖိအားပေး ခံနေရလို့လား ပေါ့ဗျာ။ ကျွန်တော်တို့ကြားတာက တပ်မတော်က လျှော့လွန်းတယ်ပေါ့ဗျာ။ တိုင်းရင်းသားနဲ့ ပတ်သက်လို့ပေါ့။ တကယ်တော့ ဘာမှလျှော့တာ မရှိပါဘူး။ ကျွန်တော်တို့ မြင်တာကတော့ အထိန်းအကွပ်တွေ များလွန်းတယ်””ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ဒုတိယ ဥက္ကဋ္ဌ(၂) ဖြစ်သူ ပဒိုဒေးဗစ်သာကပေါက ပြောသည်။

ယခုကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေ အား မေးမြန်း ရာ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၏ ပြန်လည် ဖြေကြားမှု အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူများကလည်း တာဝန်ယူမှု တာဝန်ခံမှု မရှိသည့် ဖြေကြားချက် ဖြစ်ကြောင်း ဝေဖန်လျက်ရှိသည်။

““ပြည်ထောင်စုဝန်ကြီး တစ်ယောက်အနေနဲ့သာမက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်နေတဲ့ သူတစ်ယောက် အနေနဲ့ မီဒီယာများကို ကြောက်တဲ့အတွက် မဖြေချင်ကြောင်း၊ မဖြေတာ အကောင်းဆုံး ဖြစ်ကြောင်း ပြောကြားတာဟာ အတော့်ကို အခြေအမြစ် ကင်းတယ်လို့ မြင်ပါတယ်။ သတင်းမီဒီယာ တွေဆိုတာ အစိုးရ၊ လွှတ်တော်နဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေနဲ့ တန်းတူရှိတဲ့ Fourth Pillar ပါ။ ပွင့်လင်း မြင် သာမှု ရှိရမယ်။ တာဝန်ယူရဲမယ်။ တာဝန်ရှိမယ်ဆိုရင် မမြင်ရဲ စရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။ ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန် လုပ်တဲ့သူတွေအတွက် မီဒီယာမှမဟုတ် ဘယ်သူ့ကိုမှ ကြောက်စရာ လိုမယ် မထင်ဘူးလို့ မြင်မိပါတယ်””ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ခဲ့သည်။

ဝိုင်းမော်
Myanmartandawsint Newspaper

No comments:

Post a Comment