Monday, March 17, 2014

အစိုးရနှင့် တပ်မတော် တစ်သားတည်းရှိဟု နိုင်ငံတော်သမ္မတ ပြောကြား

Photo: အစိုးရနှင့် တပ်မတော် တစ်သားတည်းရှိဟု နိုင်ငံတော်သမ္မတ ပြောကြား 
Monday, March 17, 2014

နှစ်ပေါင်း ခြောက်ဆယ်ကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ရေး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အစိုးရနှင့် တပ်မတော်မှာ တစ်သားတည်း ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဆုံး ကချင်ပြည်နယ် ခရီးစဉ်အဖြစ် မတ်လ ၁၆ ရက်နေ့က မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ် ဒေသခံ ပြည်သူ များနှင့် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“အစိုးရနဲ့ ကေအိုင်အို/ ကေအိုင်အေတို့ အကြား နှစ်ဖက် ယုံကြည်မှု တည်ဆောက်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ နှစ်ဖက် ယုံကြည်မှု ရှိမှလည်း အပစ်အခတ် ရပ်စဲရေး၊ လိုက်နာရမယ့် စည်းကမ်းများ သတ်မှတ်ရေး စတဲ့ ငြိမ်းချမ်းရေးရဲ့ ပုံမှန် လုပ်ငန်းတွေဟာ အာရုံ စူးစိုက်ပြီး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ တပ်မတော်ကလည်း အစိုးရနဲ့ တစ်သားတည်း ရှိနေပြီးတော့ ဟန်ချက်ညီညီ ဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီးသည်နှင့် တစ်ပြိုင်နက် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန် ပြင်ဆင်လျက် ရှိပြီး မကြာမီ ကျင်းပမည့် ဘားအံ ဆွေးနွေးပွဲတွင် အပစ်ရပ် စာချုပ်အတွက် အသေးစိတ် အချက်အလက်များနှင့် လက်မှတ်ထိုးမည့် အချိန်ကို သတ်မှတ်နိုင်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ထပ်လောင်း ပြောဆိုသည်။

မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ တပ်မတော် ထိပ်သီးခေါင်းဆောင် အချို့နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီး တပ်မတော်က ငြိမ်းချမ်းရေးကို မဖြစ်မနေ ဖော်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ကလည်း တပ်မတော်၏ ငြိမ်းချမ်းရေး လိုလားချက်အပေါ် ယုံကြည် လက်ခံကြောင်း အသီးသီး ပြောဆိုထားသည်။

နိုင်ငံတော်သမ္မတ၏ ကချင်ပြည်နယ် ခရီးစဉ်သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီး အချို့ လိုက်ပါခဲ့ပြီး မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက် ဆရာတော်နှင့် ခရစ်ယာန် အသင်းတော် ၁၅ ခုမှ ဘာသာရေး ခေါင်းဆောင် ၃၇ ဦးနှင့် တွေ့ဆုံခဲ့သည်။

“ကျွန်တော်တို့ ဘာသာရေး ခေါင်းဆောင်တွေ သမ္မတနဲ့ ၃၅ မိနစ် လောက် တွေ့ဆုံခဲ့တယ်။ သမ္မတလည်း ငါသမ္မတပဲ ဆိုတဲ့ အမူအရာမျိုး မတွေ့ရဘူး။ တွေ့ဆုံမှုကို အားရ ကျေနပ်မှုရှိတယ်။ ပိုပြီး ထူးခြားတာက ကာကွယ်ရေး ဦးစီးချုပ်က ယူနီဖောင်းနဲ့ မလာဘဲ ရိုးရိုး အရပ်ဝတ်နဲ့ လာတယ်။ ကျွန်တော်တို့တောင် တော်တော် အံ့သြသွားတယ်။ ထင်မထားဘူး။ ပိုပြီး ရင်းနှီးမှု ရတာပေါ့။ ပိုပြီး နွေးထွေးတယ်လို့ ခံစားရတယ်” ဟု ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) အတွင်းရေးမှူး ဒေါက်တာဆမ်ဆွမ်က မှတ်ချက်ပြု ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ မတ် ၁၆ ရက်နေ့ ကချင်ပြည်နယ် ခရီးစဉ်တွင် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံနှင့် မြစ်ကြီးနား တက္ကသိုလ်တို့ သို့လည်း သွားရောက်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့တွင် ပူတာအိုမြို့သို့ ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကချင်ပြည်နယ် ခရီးစဉ်မှာ ၎င်း၏ သမ္မတ သက်တမ်းအတွင်း ပထမဆုံး ဖြစ်ပြီး ၂၀၁၃ အောက်တိုဘာလ ၅ ရက်နေ့က လာရောက်ရန် စီစဉ်ထားရာ ရာသီဥတု အခြေအနေ ဆိုးဝါး၍ လေယာဉ် ဆင်းသက်၍ မရသောကြောင့် ခရီးစဉ် ဖျက်သိမ်းခဲ့ရသည်။

The Voice Weekly
နှစ်ပေါင်း ခြောက်ဆယ်ကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ရေး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အစိုးရနှင့် တပ်မတော်မှာ တစ်သားတည်း ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဆုံး ကချင်ပြည်နယ် ခရီးစဉ်အဖြစ် မတ်လ ၁၆ ရက်နေ့က မြစ်ကြီးနား မြို့သို့ ရောက်ရှိစဉ် ဒေသခံ ပြည်သူ များနှင့် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“အစိုးရနဲ့ ကေအိုင်အို/ ကေအိုင်အေတို့ အကြား နှစ်ဖက် ယုံကြည်မှု တည်ဆောက်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ နှစ်ဖက် ယုံကြည်မှု ရှိမှလည်း အပစ်အခတ် ရပ်စဲရေး၊ လိုက်နာရမယ့် စည်းကမ်းများ သတ်မှတ်ရေး စတဲ့ ငြိမ်းချမ်းရေးရဲ့ ပုံမှန် လုပ်ငန်းတွေဟာ အာရုံ စူးစိုက်ပြီး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ တပ်မတော်ကလည်း အစိုးရနဲ့ တစ်သားတည်း ရှိနေပြီးတော့ ဟန်ချက်ညီညီ ဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီးသည်နှင့် တစ်ပြိုင်နက် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန် ပြင်ဆင်လျက် ရှိပြီး မကြာမီ ကျင်းပမည့် ဘားအံ ဆွေးနွေးပွဲတွင် အပစ်ရပ် စာချုပ်အတွက် အသေးစိတ် အချက်အလက်များနှင့် လက်မှတ်ထိုးမည့် အချိန်ကို သတ်မှတ်နိုင်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ထပ်လောင်း ပြောဆိုသည်။

မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ တပ်မတော် ထိပ် သီးခေါင်းဆောင် အချို့နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီး တပ်မတော်က ငြိမ်း ချမ်းရေးကိုမဖြစ်မနေဖော်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်းနှင့် တိုင်းရင်းသားခေါင်းဆောင်များက လည်း တပ်မတော်၏ ငြိမ်းချမ်းရေး လိုလားချက်အပေါ် ယုံကြည်လက်ခံကြောင်း အသီးသီးပြောဆိုထားသည်။

နိုင်ငံတော်သမ္မတ၏ ကချင်ပြည်နယ် ခရီးစဉ်သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီး အချို့ လိုက်ပါခဲ့ပြီး မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက် ဆရာတော်နှင့် ခရစ်ယာန် အသင်းတော် ၁၅ ခုမှ ဘာသာရေး ခေါင်းဆောင် ၃၇ ဦးနှင့် တွေ့ဆုံခဲ့သည်။

“ကျွန်တော်တို့ ဘာသာရေး ခေါင်းဆောင်တွေ သမ္မတနဲ့ ၃၅ မိနစ် လောက် တွေ့ဆုံခဲ့တယ်။ သမ္မတလည်း ငါသမ္မတပဲ ဆိုတဲ့ အမူအရာမျိုး မတွေ့ရဘူး။ တွေ့ဆုံမှုကို အားရ ကျေနပ်မှုရှိတယ်။ ပိုပြီး ထူးခြားတာက ကာကွယ်ရေး ဦးစီးချုပ်က ယူနီဖောင်းနဲ့ မလာဘဲ ရိုးရိုး အရပ်ဝတ်နဲ့ လာတယ်။ ကျွန်တော်တို့တောင် တော်တော် အံ့သြသွားတယ်။ ထင်မထားဘူး။ ပိုပြီး ရင်းနှီးမှု ရတာပေါ့။ ပိုပြီး နွေးထွေးတယ်လို့ ခံစားရတယ်” ဟု ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) အတွင်းရေးမှူး ဒေါက်တာဆမ်ဆွမ်က မှတ်ချက်ပြု ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ မတ် ၁၆ ရက်နေ့ ကချင်ပြည်နယ် ခရီးစဉ်တွင် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံနှင့် မြစ်ကြီးနား တက္ကသိုလ်တို့ သို့လည်း သွားရောက်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့တွင် ပူတာအိုမြို့သို့ ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကချင်ပြည်နယ် ခရီးစဉ်မှာ ၎င်း၏ သမ္မတ သက်တမ်းအတွင်း ပထမဆုံး ဖြစ်ပြီး ၂၀၁၃ အောက်တိုဘာလ ၅ ရက်နေ့က လာရောက်ရန် စီစဉ်ထားရာ ရာသီဥတု အခြေအနေ ဆိုးဝါး၍ လေယာဉ် ဆင်းသက်၍ မရသောကြောင့် ခရီးစဉ် ဖျက်သိမ်းခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment