Sunday, March 2, 2014

ပြည်ပအလုပ်အကိုင်ပြပွဲတွင် အိမ်အကူ အများဆုံးခေါ်ယူ

Photo: ပြည်ပအလုပ်အကိုင်ပြပွဲတွင် အိမ်အကူ အများဆုံးခေါ်ယူ
Sunday, March 2, 2014

Myanmar Info Tech တွင် မတ်လ ၁ ရက်မှ ၂ ရက်အထိ ကျင်းပသည့် အလုပ်အကိုင်ပြပွဲ၌ ပြည်ပအလုပ်အကိုင်အေဂျင်စီ အများစုပါဝင်ပြီး ပြည်ပမှ အလုပ်ခေါ်စာ သုံးသောင်းကျော် ကမ်းလှမ်းခဲ့သည်။

အလုပ်ခေါ်စာများတွင် စင်ကာပူ၊ ထိုင်းနှင့် ဟောင်ကောင်တို့က အများဆုံး ခေါ်ယူထားပြီး စင်ကာပူနှင့် ဟောင်ကောင်တို့က အိမ်အကူလုပ်သား အများစုကို ခေါ်ယူကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သို့သော် ပြပွဲသို့ အလုပ်လာရောက်လျှောက်ထားသူအများစုမှာ ကျွမ်းကျင်လုပ်သားအဖြစ် လျှောက်ထားကြပြီး လာရောက်သူအများစုမှာ လုပ်ငန်းအတွေ့ အကြုံမရှိသေးသည့် ကျောင်းဆင်းလူငယ်များဖြစ်သည်။ ၎င်းတို့အထဲတွင် အင်ဂျင်နီယာဘွဲ့ရများ ပိုမိုပါဝင်ကြောင်း သတင်းရရှိသည်။   

‘‘စင်ကာပူက S Passs အလုပ်သမားတွေထက် အိမ်အကူတွေပဲ ခေါ်တာများနေတယ်။ အခုပြပွဲမှာ အိမ်အကူလုပ်သားထက် S Pass အဆင့်ရှိတဲ့ ကျွမ်းကျင်လုပ်သားနေရာကို ပိုလျှောက်ကြတာတွေ့တယ်။ အလုပ်နေရာတွေကိုတော့ အကုန်လုံးနီးပါး လာလျှောက်ကြတယ်’’ဟု Global Recruit Technology & Elevation ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ဝင်းကပြောသည်။

‘‘ပြည်ပသွားဖို့ရည်ရွယ်ချက်ရှိလို့ ဒီပြပွဲကိုလာခဲ့တာပါ။ ကိုယ်နဲ့အဆင်ပြေမယ့် အလုပ်ရချင်လို့ လာလေ့လာတာပါ။ ညီမ စင်ကာပူကိုသွားဖို့ ပိုစိတ်ဝင်စားတယ်။ အဲဒါကြောင့် စင်ကာပူတစ်ခုကိုပဲ လေ့လာတယ်။ ၂၀၁၁ ခုနှစ်ကတည်းက အင်ဂျင်နီယာနဲ့ ကျောင်းပြီးထားပါတယ်’’ဟု ပြပွဲသို့လာရောက်ခဲ့သူ အသက် (၂၄) နှစ်အရွယ် မနှင်းဝတ်ရည်ကပြောကြားသည်။   

ယခုပြပွဲသို့ လာရောက်အလုပ်လျှောက်ထားသူများအား CV ဖောင် လက်ခံထားရှိပြီး အလုပ်ရှင်နှင့် အင်တာဗျူးဖြေဆိုမှုများနှင့် အလုပ်ခန့်ထားမှုတို့ကို အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်သည်။

Author: အေးမြတ်သူ
7day Daily

ပြည်ပအလုပ်အကိုင်ပြပွဲတွင် ပြည်ပနိုင်ငံများရှိ စက်ရုံများသို့ သွားရောက်လု ပ်ကိုင်ရန် သဘောတူထားသော စက်ရုံလုပ်သားများလည်း ပါဝင်ရာ နှစ်နိုင်ငံအေဂျင်စီချင်း သဘောတူစာချုပ်ရေးထိုးသည့် အစီအစဉ်များအရ ပြည်ပစက်ရုံများသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများ လက်မှတ်ရေးထိုးပွဲသို့ လာရောက်စဉ် ဓာတ်ပုံ − ကျော်ဇင်သန်း

ပြည်ပအလုပ်အကိုင်ပြပွဲတွင် ပြည်ပနိုင်ငံများရှိ စက်ရုံများသို့ သွားရောက်လု ပ်ကိုင်ရန် သဘောတူထားသော စက်ရုံလုပ်သား များလည်း ပါဝင်ရာ နှစ်နိုင်ငံအေဂျင်စီချင်း သဘောတူစာချုပ်ရေးထိုးသည့် အစီအစဉ်များအရ ပြည်ပစက်ရုံများသို့ သွားရောက် လုပ်ကိုင်မည့် မြန်မာလုပ်သားများ လက်မှတ်ရေးထိုးပွဲသို့ လာရောက်စဉ် ဓာတ်ပုံ − ကျော်ဇင်သန်း

Myanmar Info Tech တွင် မတ်လ ၁ ရက်မှ ၂ ရက်အထိ ကျင်းပသည့် အလုပ်အကိုင်ပြပွဲ၌ ပြည်ပအလုပ်အကိုင်အေဂျင်စီ အများစုပါဝင်ပြီး ပြည်ပမှ အလုပ်ခေါ်စာ သုံးသောင်းကျော် ကမ်းလှမ်းခဲ့သည်။


အလုပ်ခေါ်စာများတွင် စင်ကာပူ၊ ထိုင်းနှင့် ဟောင်ကောင်တို့က အများဆုံး ခေါ်ယူထားပြီး စင်ကာပူနှင့် ဟောင်ကောင်တို့က အိမ်အကူလုပ်သား အများစုကို ခေါ်ယူကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သို့သော် ပြပွဲသို့ အလုပ်လာရောက်လျှောက်ထားသူအများစုမှာ ကျွမ်းကျင်လုပ်သားအဖြစ် လျှောက်ထားကြပြီး လာရောက်သူအများစုမှာ လုပ်ငန်းအတွေ့ အကြုံမရှိသေးသည့် ကျောင်းဆင်းလူငယ်များဖြစ်သည်။ ၎င်းတို့အထဲတွင် အင်ဂျင်နီယာဘွဲ့ရများ ပိုမိုပါဝင်ကြောင်း သတင်းရရှိသည်။   

‘‘စင်ကာပူက S Passs အလုပ်သမားတွေထက် အိမ်အကူတွေပဲ ခေါ်တာများနေတယ်။ အခုပြပွဲမှာ အိမ်အကူလုပ်သားထက် S Pass အဆင့်ရှိတဲ့ ကျွမ်းကျင်လုပ်သားနေရာကို ပိုလျှောက်ကြတာတွေ့တယ်။ အလုပ်နေရာတွေကိုတော့ အကုန်လုံးနီးပါး လာလျှောက်ကြတယ်’’ဟု Global Recruit Technology & Elevation ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ဝင်းကပြောသည်။

‘‘ပြည်ပသွားဖို့ရည်ရွယ်ချက်ရှိလို့ ဒီပြပွဲကိုလာခဲ့တာပါ။ ကိုယ်နဲ့အဆင်ပြေမယ့် အလုပ်ရချင်လို့ လာလေ့လာ တာပါ။ ညီမ စင်ကာပူကိုသွားဖို့ ပိုစိတ်ဝင်စားတယ်။ အဲဒါကြောင့် စင်ကာပူတစ်ခုကိုပဲ လေ့လာတယ်။ ၂၀၁၁ ခုနှစ်ကတည်းက အင်ဂျင်နီယာနဲ့ ကျောင်းပြီးထားပါတယ်’’ဟု ပြပွဲသို့လာရောက်ခဲ့သူ အသက် (၂၄) နှစ်အရွယ် မနှင်းဝတ်ရည်ကပြောကြားသည်။   

ယခုပြပွဲသို့ လာရောက်အလုပ်လျှောက်ထားသူများအား CV ဖောင် လက်ခံထားရှိပြီး အလုပ်ရှင်နှင့် အင်တာဗျူးဖြေဆိုမှုများနှင့် အလုပ်ခန့်ထားမှုတို့ကို အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်သည်။

Author: အေးမြတ်သူ
7day Daily

No comments:

Post a Comment