Sunday, March 2, 2014

ပွဲမဝင်ခင် ကြိုပြင်ရမယ့် ကျန်းမာရေးအသိ

Photo: ပွဲမဝင်ခင် ကြိုပြင်ရမယ့် ကျန်းမာရေးအသိ
Sunday, March 2, 2014

အလျှံညီးညီး ပူပြင်းတောက်လောင်သော နွေဦးရာသီ အစတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပတော့မည်။ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူအားလုံး နောက်ဆုံး ဆုံးဖြတ်ချက်ပေးမည့် စာမေးပွဲအတွက် စိုးရိမ်ပူပန်မူ အထွတ်အထိပ် ရောက်ရှိနေပြီ။ သင်ခန်းစာများအတွက် တစ်နှစ်ပတ်လုံး ပြင်ဆင်ထားသလို ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင် ရန်လည်း အရေးကြီးသည်။

စာမေးပွဲနီးမှ တစ်နှစ်လုံး ကြိုးစားထားပြီးသား ရလဒ်များကို ကျန်းမာရေး ချို့ယွင်းမှုကြောင့် နောက်တစ်နှစ်ထပ်၍ မစောင့်ဆိုင်းရသင့်ပါ။ ယင်းကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မကျင်းပမီ တစ်ကိုယ်ရေ ကျန်းမာရေးအတွက် မိသားစု ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တိုင်ပင်ပြီး လေ့လာဆွေးနွေး ပေးသင့်သည်။

အထူးသဖြင့် အုပ်ထိန်းသူများ၏ စီမံခန့်ခွဲမှုက ကလေးငယ်များ စာမေးပွဲ ဖြေချိန်တွင် အလွန်အရေးပါလှသည်။ အစားအသောက်၊ လေ့ကျင့်ချိန်မှန်မှန်နှင့် စာမေးပွဲ ဖြေဆိုရန် ပံ့ပိုးပေးရမည်။ စာမေးပွဲ၏ စိတ်ပင်ပန်းဒဏ်ကို ခံနိုင်ရည်ရှိရေး အတွက်လည်း ပြင်ဆင်သင့်သည်။

စာမေးပွဲ ဓာတ်စာရွေးပါ

စိတ်ဖိစီးမှု များကြောင့် စာမေးပွဲ မဖြေမီ အစားသောက်နှင့် ပတ်သက်၍ အမှုမဲ့ အမှတ်မဲ့ သဘောထားတတ်ကြသည်။ စာကျက်ချိန်များပြီး အစားစားချိန်ကို မေ့လျော့နေသလို အာဟာရစုံလင်စွာ စားသောက်ရန် လျစ်လျူရှုတတ်သည်။ အစားစားချိန် မမှန်ခြင်းကြောင့် အစာချေဖျက်မှု အားနည်းပြီး စာမေးပွဲဖြေချိန်တွင် အခက်အခဲ ဖြစ်နိုင်သည်။

မနက်ခင်းစာကို လုံးဝမမေ့ပါနှင့်။ နံနက်စာက မှတ်ဉာဏ်ပိုကောင်းပြီး ဦးနှောက်၏ အလုပ်လုပ်နိုင်စွမ်း မြှင့်တင်ပေးသည်။ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများအတွက် နွားနို့၊ သစ်သီးဝလံနှင့် ထမင်း သို့မဟုတ် ပေါင်မုန့်တို့ကို မနက်စောစော စားသုံးသင့်သည်။ အခြားလက်သုပ် အစားအစာများထက် အဆိုပါ အစားအသောက်များက ဗီတာမင်နှင့် အာဟာရ စုံလင်သည်။

ဗီတာမင်အုပ်စုတွင် ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် သံဓာတ်နှင့် ဗီတာမင်ဘီ အုပ်စုကို ရွေးချယ်စားသင့်သည်။ အနီရောင်အသား၊ ဥအမျိုးမျိုး၊ အစေ့အဆန်နှင့် ငါးတို့ကို စားပေးပါ။ နွားနို့ သို့မဟုတ် ပဲနို့ကို နေ့စဉ် သောက်သုံးရန် လိုအပ်သည်။ ငွေကြေး တတ်နိုင်သူများအတွက် နေ့စဉ် နွားနို့သောက်သုံးရန် လွယ်ကူသော်လည်း ငွေကြေး ခက်ခဲသူများအတွက် ရေများများ သောက်သုံးခြင်းက ပိုအကျိုးရှိသည်။ နွေရာသီတွင် ရေဓာတ်ဆုံးရှုံးမှု အများဆုံး ဖြစ်နိုင်သောကြောင့် ရေသောက်ပေးပါ။ နေ့စဉ် စားသောက်နေကျအတိုင်း ထမင်းသုံးနပ် ပုံမှန်စားပါ။ ဝမ်းပျက် လွယ်စေသော အစားအသောက်တွေကို သတိထား ရှောင်ကြဉ်ပါ။

အိပ်ချင်ပြေရန် ကော်ဖီသောက်တတ်သော ဓလေ့ကို စာမေးပွဲ မဖြေမီနှင့် ဖြေနေစဉ်အတွင်း ရှောင်ကြဉ်ပေးပါ။ ကာဖင်းဓာတ် များသည့် ကော်ဖီ၊ ကိုကာကိုလာ၊ လက်ဖက်ရည်နှင့် ချောကလက်များကို စာမေးပွဲအတွင်း သတိပြုရန် လိုအပ်သည်။ ယင်းသောက်စရာများအစား သစ်သီးဖျော်ရည်နှင့် ရေကိုသာ ရွေးသောက်ပါ။

စာကျက်ချိန် ရွေးမယ်

ကျောင်းသား အများစုက စာမေးပွဲရက်နီးမှ ညလုံးပေါက် စာကျက်တတ်ကြသည်။ သင်ခန်းစာ အသစ်များကို စာမေးပွဲ အနီးကပ်အချိန်မှ ကျက်မှတ်ကြသည်။ အချို့က အိပ်ရေးပျက် ခံနိုင်သော တားမြစ်ဆေးဝါးများ သုံးစွဲ၍ စာကျက်ကြသည်။ ကျန်းမာရေး အသိနားလည်သူများက ဗီတာမင်စုံ အားဆေးနှင့် စိတ်ကြည်လင်စေသော အန်နာဗွန်စီကဲ့သို့ ဆေးဝါးများ သောက်သုံးကြသည်။ စာကျက်ချိန်များ နေသူများအတွက် ယင်းဆေးဝါးများက အနည်းငယ် အထောက်အကူ ဖြစ်သော်လည်း ဆေးဝါး အကူအညီနှင့် အစားအသောက်၊ အိပ်ရေး ပျက်ခံမည် ဆိုပါက နောက်ဆက်တွဲ ဆိုးကျိုးများ ရှိနိုင်သည်။ ဆေးသောက်ထားသော်လည်း တစ်နေ့တာ အိပ်ချိန် မလုံလောက်သူသည် မှတ်ဉာဏ် အားနည်းတတ်ပြီး စာမေးပွဲ ဖြေဆိုချိန်တွင် အခက်အခဲ တွေ့နိုင်သည်။

စာမေးပွဲမတိုင်မီ ညလုံးပေါက် စာကျက်ခြင်းထက် နံနက် ၁၀ နာရီမှ ၁၂ နာရီကြား၊ ညနေ ၃ နာရီမှ ၄ နာရီကြား စာကျက်ချိန်များက ပိုသင့်တော်သည်။ လူတစ်ဦး၏ မှတ်ဉာဏ်သည် ၄၅ မိနစ်ထက်ပို၍ မှတ်နိုင်စွမ်း မရှိသောကြောင့် တစ်နေ့လုံး စာကြည့်စားပွဲတွင် ထိုင်နေခြင်းက အကျိုးမရှိချေ။

စာကျက်ချိန်ကို အားလပ်ချိန်နှင့် ရောနှော ရေးဆွဲထားမှသာ ဦးနှောက်မှတ်ဉာဏ်ကို ပိုကောင်းပြီး သင်ခန်းစာများကို ပိုလေ့လာနိုင်ပါမည်။ မိသားစုနှင့် အချိန်ပေးပြီး အနားယူရန်လည်း အရေးကြီးသည်။ တစ်ယောက်တည်း စာကျက်ချိန်ပေးသည်ထက် သူငယ်ချင်းများနှင့် ဝိုင်းဖွဲ့ကာ ဝိုင်းဝန်း ဆွေးနွေး အဖြေရှာခြင်း၊ အပြန်အလှန် စာရှင်းပြခြင်းက သင်ခန်းစာများကို ပိုမှတ်မိ လွယ်သည်။ အလားတူဆရာ၊ ဆရာမများ၏ သင်ကြား ပို့ချမှုများကို ကိုယ်ပိုင်မှတ်စု လက်ရေးတိုနှင့် ရေးမှတ်ခြင်းကိုလည်း ကျင့်သုံးပေးသင့်သည်။ သဘောတရား သိထားပြီးသော စာစုများကို ကိုယ်ပိုင်အတွေးနှင့် ဖြန့်ကြက် စဉ်းစားသော အလေ့အကျင့်က အကျိုးကျေးဇူးများစွာ ရှိသလို ဉာဏ်စမ်း မေးခွန်းများအတွက် ပြင်ဆင်ပြီးသား ဖြစ်သည်။

အစမ်းစာမေးပွဲ ဖြေပါ

စာမေးပွဲ အားလုံးအတွက် အစမ်းစာမေးပွဲများ ကြိုတင် ပြင်ဆင်ထားခြင်းက စိတ်ဖိစီးမှုဒဏ် သက်သာစေသည်။ သင်ခန်းစာ တစ်ခုပြီးပါက ကိုယ်တိုင်မေးခွန်းထုတ် စဉ်းစားသော အကျင့်ကို မွေးမြူပါ။ စာမေးပွဲများကို မကြောက်ပါနှင့်။ အစမ်းစာမေးပွဲ များကြောင့် အရည်အသွေး ပိုတိုးစေသလို ရရှိလိုသည့် စာမေးပွဲရမှတ်များကို ကြိုတင် ခန့်မှန်းနိုင်သည်။ အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားပြီး ဖြေဆိုပါ။ ဘာသာရပ် တစ်ခုပြီးတိုင်း ရှေ့ဘာသာရပ် အတွက်ကိုပဲ အာရုံထားပါ။

ထပ်ဆင့်သတိပြုသင့်သော အချက်များ

ဆီကြော်မုန့်အားလုံး၊ အချဉ်ဖောက်ထားသော အစားအစာများ၊ ရက်လွန် သရေစာမုန့်များနှင့် ယင်နား အစားအသောက်များကို ရှောင်ကြဉ်ပါ။ နွားနို့ကို မနက်စောစောနှင့် စာမေးပွဲ ဖြေဆိုပြီးချိန်တွင် သောက်ပါ။ ညဘက် စာကျက်ချိန်တွင် နွားနို့သောက်ခြင်းကို ရှောင်ပါ။ အကောင်းဆုံးက လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး၊ မုန်လာဥတို့ကို သင့်တော်သလို စားသုံးပါ။ စာမေးပွဲဖြေဆိုချိန် အိပ်ရေး ပျက်ခံခြင်းကို လုံးဝရှောင်ကြဉ်ပါ။ တားမြစ်ဆေးဝါး အကူအညီကို မိတ်ဆွေ အပေါင်းအသင်းက တစ်ဆင့် ပြောလာနိုင်ပါသည်။ လုံးဝ မသုံးမိပါစေနှင့်။

(လဲ့ရည်မြင့်)
The Voice Weekly
အလျှံညီးညီး ပူပြင်းတောက်လောင်သော နွေဦးရာသီ အစတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပတော့ မည်။ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူအားလုံး နောက်ဆုံး ဆုံးဖြတ်ချက်ပေးမည့် စာမေးပွဲ အတွက် စိုးရိမ်ပူပန်မူ အထွတ်အထိပ် ရောက်ရှိနေပြီ။ သင်ခန်းစာများအတွက် တစ်နှစ်ပတ်လုံး ပြင်ဆင် ထားသလို ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင် ရန်လည်း အရေးကြီးသည်။


စာမေးပွဲနီးမှ တစ်နှစ်လုံး ကြိုးစားထားပြီးသား ရလဒ်များကို ကျန်းမာရေး ချို့ယွင်းမှုကြောင့် နောက်တစ်နှစ် ထပ်၍ မစောင့်ဆိုင်းရသင့်ပါ။ ယင်းကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မကျင်းပမီ တစ်ကိုယ်ရေ ကျန်းမာရေး အတွက် မိသားစု ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တိုင်ပင်ပြီး လေ့လာဆွေးနွေး ပေးသင့်သည်။

အထူးသဖြင့် အုပ်ထိန်းသူများ၏ စီမံခန့်ခွဲမှုက ကလေးငယ်များ စာမေးပွဲ ဖြေချိန်တွင် အလွန်အရေးပါ လှသည်။ အစားအသောက်၊ လေ့ကျင့်ချိန်မှန်မှန်နှင့် စာမေးပွဲ ဖြေဆိုရန် ပံ့ပိုးပေးရမည်။ စာမေးပွဲ၏ စိတ်ပင်ပန်းဒဏ်ကို ခံနိုင်ရည်ရှိရေး အတွက်လည်း ပြင်ဆင်သင့်သည်။

စာမေးပွဲ ဓာတ်စာရွေးပါ
စိတ်ဖိစီးမှု များကြောင့် စာမေးပွဲ မဖြေမီ အစားသောက်နှင့် ပတ်သက်၍ အမှုမဲ့ အမှတ်မဲ့ သဘောထား တတ်ကြ သည်။ စာကျက်ချိန်များပြီး အစားစားချိန်ကို မေ့လျော့နေသလို အာဟာရစုံလင်စွာ စားသောက်ရန် လျစ်လျူရှုတတ်သည်။ အစားစားချိန် မမှန်ခြင်းကြောင့် အစာချေဖျက်မှု အားနည်းပြီး စာမေးပွဲဖြေချိန်တွင် အခက်အခဲ ဖြစ်နိုင်သည်။

မနက်ခင်းစာကို လုံးဝမမေ့ပါနှင့်။ နံနက်စာက မှတ်ဉာဏ်ပိုကောင်းပြီး ဦးနှောက်၏ အလုပ်လုပ်နိုင်စွမ်း မြှင့်တင်ပေးသည်။ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများအတွက် နွားနို့၊ သစ်သီးဝလံနှင့် ထမင်း သို့မဟုတ် ပေါင်မုန့်တို့ကို မနက်စောစော စားသုံးသင့်သည်။ အခြားလက်သုပ် အစားအစာများထက် အဆိုပါ အစားအသောက်များက ဗီတာမင်နှင့် အာဟာရ စုံလင်သည်။

ဗီတာမင်အုပ်စုတွင် ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် သံဓာတ်နှင့် ဗီတာမင်ဘီ အုပ်စုကို ရွေးချယ်စားသင့်သည်။ အနီရောင်အသား၊ ဥအမျိုးမျိုး၊ အစေ့အဆန်နှင့် ငါးတို့ကို စားပေးပါ။ နွားနို့ သို့မဟုတ် ပဲနို့ကို နေ့စဉ် သောက်သုံးရန် လိုအပ်သည်။ ငွေကြေး တတ်နိုင်သူများအတွက် နေ့စဉ် နွားနို့သောက်သုံးရန် လွယ်ကူသော်လည်း ငွေကြေး ခက်ခဲသူများအတွက် ရေများများ သောက်သုံးခြင်းက ပိုအကျိုးရှိသည်။ နွေရာသီတွင် ရေဓာတ်ဆုံးရှုံးမှု အများဆုံး ဖြစ်နိုင်သောကြောင့် ရေသောက်ပေးပါ။ နေ့စဉ် စားသောက်နေကျအတိုင်း ထမင်းသုံးနပ် ပုံမှန်စားပါ။ ဝမ်းပျက် လွယ်စေသော အစားအသောက်တွေကို သတိထား ရှောင်ကြဉ်ပါ။

အိပ်ချင်ပြေရန် ကော်ဖီသောက်တတ်သော ဓလေ့ကို စာမေးပွဲ မဖြေမီနှင့် ဖြေနေစဉ်အတွင်း ရှောင်ကြဉ်ပေး ပါ။ ကာဖင်းဓာတ် များသည့် ကော်ဖီ၊ ကိုကာကိုလာ၊ လက်ဖက်ရည်နှင့် ချောကလက်များကို စာမေးပွဲအတွင်း သတိပြုရန် လိုအပ်သည်။ ယင်းသောက်စရာများအစား သစ်သီးဖျော်ရည်နှင့် ရေကိုသာ ရွေးသောက်ပါ။

စာကျက်ချိန် ရွေးမယ်
ကျောင်းသား အများစုက စာမေးပွဲရက်နီးမှ ညလုံးပေါက် စာကျက်တတ်ကြသည်။ သင်ခန်းစာ အသစ်များကို စာမေးပွဲ အနီးကပ်အချိန်မှ ကျက်မှတ်ကြသည်။ အချို့က အိပ်ရေးပျက် ခံနိုင်သော တားမြစ်ဆေးဝါးများ သုံးစွဲ၍ စာကျက်ကြသည်။ ကျန်းမာရေး အသိနားလည်သူများက ဗီတာမင်စုံ အားဆေးနှင့် စိတ်ကြည် လင်စေသော အန်နာဗွန်စီကဲ့သို့ ဆေးဝါးများ သောက်သုံးကြသည်။ စာကျက်ချိန်များ နေသူများအတွက် ယင်းဆေးဝါးများက အနည်းငယ် အထောက်အကူ ဖြစ်သော်လည်း ဆေးဝါး အကူအညီနှင့် အစားအသောက်၊ အိပ်ရေး ပျက်ခံမည် ဆိုပါက နောက်ဆက်တွဲ ဆိုးကျိုးများ ရှိနိုင်သည်။ ဆေးသောက်ထားသော်လည်း တစ်နေ့တာ အိပ်ချိန် မလုံလောက်သူသည် မှတ်ဉာဏ် အားနည်းတတ်ပြီး စာမေးပွဲ ဖြေဆိုချိန်တွင် အခက်အခဲ တွေ့နိုင်သည်။

စာမေးပွဲမတိုင်မီ ညလုံးပေါက် စာကျက်ခြင်းထက် နံနက် ၁၀ နာရီမှ ၁၂ နာရီကြား၊ ညနေ ၃ နာရီမှ ၄ နာရီကြား စာကျက်ချိန်များက ပိုသင့်တော်သည်။ လူတစ်ဦး၏ မှတ်ဉာဏ်သည် ၄၅ မိနစ်ထက်ပို၍ မှတ်နိုင်စွမ်း မရှိသောကြောင့် တစ်နေ့လုံး စာကြည့်စားပွဲတွင် ထိုင်နေခြင်းက အကျိုးမရှိချေ။

စာကျက်ချိန်ကို အားလပ်ချိန်နှင့် ရောနှော ရေးဆွဲထားမှသာ ဦးနှောက်မှတ်ဉာဏ်ကို ပိုကောင်းပြီး သင်ခန်းစာများကို ပိုလေ့လာနိုင်ပါမည်။ မိသားစုနှင့် အချိန်ပေးပြီး အနားယူရန်လည်း အရေးကြီးသည်။ တစ်ယောက်တည်း စာကျက်ချိန်ပေးသည်ထက် သူငယ်ချင်းများနှင့် ဝိုင်းဖွဲ့ကာ ဝိုင်းဝန်း ဆွေးနွေး အဖြေရှာခြင်း၊ အပြန်အလှန် စာရှင်းပြခြင်းက သင်ခန်းစာများကို ပိုမှတ်မိ လွယ်သည်။ အလားတူဆရာ၊ ဆရာမများ၏ သင်ကြား ပို့ချမှုများကို ကိုယ်ပိုင်မှတ်စု လက်ရေးတိုနှင့် ရေးမှတ်ခြင်းကိုလည်း ကျင့်သုံးပေးသင့်သည်။ သဘောတရား သိထားပြီးသော စာစုများကို ကိုယ်ပိုင်အတွေးနှင့် ဖြန့်ကြက် စဉ်းစားသော အလေ့အကျင့်က အကျိုးကျေးဇူးများစွာ ရှိသလို ဉာဏ်စမ်း မေးခွန်းများအတွက် ပြင်ဆင်ပြီးသား ဖြစ်သည်။

အစမ်းစာမေးပွဲ ဖြေပါ
စာမေးပွဲ အားလုံးအတွက် အစမ်းစာမေးပွဲများ ကြိုတင် ပြင်ဆင်ထားခြင်းက စိတ်ဖိစီးမှုဒဏ် သက်သာစေ သည်။ သင်ခန်းစာ တစ်ခုပြီးပါက ကိုယ်တိုင်မေးခွန်းထုတ် စဉ်းစားသော အကျင့်ကို မွေးမြူပါ။ စာမေးပွဲများကို မကြောက်ပါနှင့်။ အစမ်းစာမေးပွဲ များကြောင့် အရည်အသွေး ပိုတိုးစေသလို ရရှိလိုသည့် စာမေးပွဲရမှတ်များ ကို ကြိုတင် ခန့်မှန်းနိုင်သည်။ အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားပြီး ဖြေဆိုပါ။ ဘာသာရပ် တစ်ခုပြီးတိုင်း ရှေ့ဘာသာရပ် အတွက်ကိုပဲ အာရုံထားပါ။

ထပ်ဆင့်သတိပြုသင့်သော အချက်များ
ဆီကြော်မုန့်အားလုံး၊ အချဉ်ဖောက်ထားသော အစားအစာများ၊ ရက်လွန် သရေစာမုန့်များနှင့် ယင်နား အစားအသောက်များကို ရှောင်ကြဉ်ပါ။ နွားနို့ကို မနက်စောစောနှင့် စာမေးပွဲ ဖြေဆိုပြီးချိန်တွင် သောက်ပါ။ ညဘက် စာကျက်ချိန်တွင် နွားနို့သောက်ခြင်းကို ရှောင်ပါ။ အကောင်းဆုံးက လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျော သီး၊ မုန်လာဥတို့ကို သင့်တော်သလို စားသုံးပါ။ စာမေးပွဲဖြေဆိုချိန် အိပ်ရေး ပျက်ခံခြင်းကို လုံးဝရှောင်ကြဉ် ပါ။ တားမြစ်ဆေးဝါး အကူအညီကို မိတ်ဆွေ အပေါင်းအသင်းက တစ်ဆင့် ပြောလာနိုင်ပါသည်။ လုံးဝ မသုံးမိပါစေနှင့်။

(လဲ့ရည်မြင့်)
The Voice Weekly

No comments:

Post a Comment