Thursday, March 6, 2014

သက်ပြည့်ပင်စင်စားဝန်ထမ်းများအား တန်ဖိုးနည်းဖုန်းကဒ်များ စတင်ရောင်းချပေး

Photo: သက်ပြည့်ပင်စင်စားဝန်ထမ်းများအား တန်ဖိုးနည်းဖုန်းကဒ်များ စတင်ရောင်းချပေး
Thursday, March 6, 2014

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ် ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အငြိမ်းစားဝန်ထမ်းများအား တန်ဖိုးနည်းဖုံးကဒ်များ ရောင်းချပေးခြင်းကို မတ်လ (၄) ရက် နံနက် (၁၀) နာရီအချိန်က အဆိုပါရုံး၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းနှင့်အဖွဲ့၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီဥက္ကဌ ဦးခင်မောင်ဝင်းနှင့်အဖွဲ့ မြို့နယ်ဆက်သွယ်ရေးတာဝန်ခံ ဦးနိုင်ဝင်းနှင့် အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းက မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား မြို့နယ်အနေဖြင့် WCDMA ဖုန်းကဒ် (၅၀) ရရှိသဖြင့် မဲစနစ်ဖြင့် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

စဥ့်ကူးမြို့နယ်အနေဖြင့် မြို့ပြပင်စင် (၄၂၃) ဦး ၊ နိုင်ငံရေးပင်စင် (၁၂၄) ဦး၊ ကာကွယ်ရေးပင်စင် (၁၈၁) ဦး ၊ ဌာနဆိုင်ရာထုတ်ပေးပင်စင် (၆) ဦး ၊ သီးခြားတင်ပြသည့်ပင်စင် (၇) ဦး ၊ စုစုပေါင်း (၇၄၁) ဦး တို့အား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

MOI Webportal Myanmar
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ် ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အငြိမ်းစားဝန်ထမ်းများအား တန်ဖိုးနည်းဖုံးကဒ်များ ရောင်းချပေးခြင်းကို မတ်လ (၄) ရက် နံနက် (၁၀) နာရီအချိန်က အဆိုပါရုံး၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော် သန်းနှင့်အဖွဲ့၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီဥက္ကဌ ဦးခင်မောင်ဝင်းနှင့်အဖွဲ့ မြို့နယ်ဆက် သွယ်ရေး တာဝန်ခံ ဦးနိုင်ဝင်းနှင့် အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းက မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား မြို့နယ် အနေဖြင့် WCDMA ဖုန်းကဒ် (၅၀) ရရှိသဖြင့် မဲစနစ်ဖြင့် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

စဥ့်ကူးမြို့နယ်အနေဖြင့် မြို့ပြပင်စင် (၄၂၃) ဦး ၊ နိုင်ငံရေးပင်စင် (၁၂၄) ဦး၊ ကာကွယ်ရေးပင်စင် (၁၈၁) ဦး ၊ ဌာနဆိုင်ရာထုတ်ပေးပင်စင် (၆) ဦး ၊ သီးခြားတင်ပြသည့်ပင်စင် (၇) ဦး ၊ စုစုပေါင်း (၇၄၁) ဦး တို့အား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

MOI Webportal Myanmar

No comments:

Post a Comment