Monday, March 10, 2014

အောင်ဇေယျတံတား အဆင်းတွင် ဟီးနိုးယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ရှေ့မှယာဉ်တစ်စီးကို တိုက်မိပြီး အခြားအငှားယာဉ် တစ်စီးပေါ် တိမ်းမှောက်

Photo: အောင်ဇေယျတံတား အဆင်းတွင် ဟီးနိုးယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ရှေ့မှယာဉ်တစ်စီးကို တိုက်မိပြီး အခြားအငှားယာဉ် တစ်စီးပေါ် တိမ်းမှောက်
Monday, March 10, 2014

လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတား အဆင်းတွင် ဟီနိုးယာဉ်တစ်စီးမှ ဘရိတ်ပေါက်ကာ ရှေ့ယာဉ်အားတိုက်မိပြီး ထိုယာဉ်မှတစ်ဆင့် အရှိန်လွန်ကာ အငှားယာဉ်တစ်စီးပေါ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၉ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် အင်းစိန်ဘက်မှ လှိုင်သာယာ ရွှေလင်ဗန်းဘက်သို့လာသော ယာဉ်အမှတ် 1G...... ဟီးနိုးအဖြူရောင်ယာဉ်မှာ အောင်ဇေယျတံတားအဆင်း ၁ ထိပ်မှတ် တိုင်အနီးအရောက် ဘရိတ်ပေါက်ကာ ၎င်းရှေ့မှ မောင်းနှင်နေသော Isuzu အပြာရောင်ယာဉ်၏ ဘယ်ဘက်ဘန်ကာ တိုက်မိခဲ့ကြောင်း သိရသည်။

၎င်းယာဉ်မှတစ်ဆင့် အရှိန်လွန်ကာ လမ်းဘေး၌ရပ်ထားသော အငှားယာဉ်တစ်စီးပေါ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းဘေး၌ ရပ်နေသော အဘွားအိုတစ်ယောက် သေဆုံးခဲ့ပြီး လမ်းဘေးဈေးသည် အမျိုးသမီးတစ်ဦး အပါအ၀င် အငှားယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အငှားယာဉ်မောင်းနဲ့ ခရီးသည်တစ်ဦးက ကံကောင်းတယ်လို့ ပြောရမယ်။ သူတို့က လမ်းဘေးကွမ်းယာဆိုင်မှာ ကွမ်းထွက်ဝယ်တုံး ခုလိုဖြစ်တာ၊ ဒါတောင် ဒဏ်ရာတွေ ရသေးတယ်။ အငှားယာဉ်ကတော့ ပြန်ပြင်လို့တောင် ရတော့မယ်မထင်ဘူး” ဟု မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကြောင့် လှိုင်သာယာ မြို့မရဲစခန်းမှ ကျူးလွန်သူ ယာဉ်မောင်းနှစ်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ 

Eleven Media Group

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှ ပျက်စီးခဲ့သည့် အငှားယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှ ပျက်စီးခဲ့သည့် အငှားယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတား အဆင်းတွင် ဟီနိုးယာဉ်တစ်စီးမှ ဘရိတ်ပေါက်ကာ ရှေ့ယာဉ် အားတိုက်မိပြီး ထိုယာဉ်မှတစ်ဆင့် အရှိန်လွန်ကာ အငှားယာဉ်တစ်စီးပေါ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၉ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် အင်းစိန်ဘက်မှ လှိုင်သာယာ ရွှေလင်ဗန်းဘက်သို့ လာသော ယာဉ်အမှတ် 1G...... ဟီးနိုးအဖြူရောင်ယာဉ်မှာ အောင်ဇေယျတံတားအဆင်း ၁ ထိပ်မှတ် တိုင် အနီးအရောက် ဘရိတ်ပေါက်ကာ ၎င်းရှေ့မှ မောင်းနှင်နေသော Isuzu အပြာရောင်ယာဉ်၏ ဘယ်ဘက် ဘန်ကာ တိုက်မိခဲ့ကြောင်း သိရသည်။

၎င်းယာဉ်မှတစ်ဆင့် အရှိန်လွန်ကာ လမ်းဘေး၌ရပ်ထားသော အငှားယာဉ်တစ်စီးပေါ် တိမ်းမှောက် ခဲ့ကြောင်း သိရသည်။ ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းဘေး၌ ရပ်နေသော အဘွားအိုတစ်ယောက် သေဆုံးခဲ့ပြီး လမ်းဘေးဈေးသည် အမျိုးသမီးတစ်ဦး အပါအ၀င် အငှားယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အငှားယာဉ်မောင်းနဲ့ ခရီးသည်တစ်ဦးက ကံကောင်းတယ်လို့ ပြောရမယ်။ သူတို့က လမ်းဘေးကွမ်းယာ ဆိုင်မှာ ကွမ်းထွက်ဝယ်တုံး ခုလိုဖြစ်တာ၊ ဒါတောင် ဒဏ်ရာတွေ ရသေးတယ်။ အငှားယာဉ်ကတော့ ပြန်ပြင် လို့တောင် ရတော့မယ်မထင်ဘူး” ဟု မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကြောင့် လှိုင်သာယာ မြို့မရဲစခန်းမှ ကျူးလွန်သူ ယာဉ်မောင်းနှစ်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရ သည်။ 

Eleven Media Group

No comments:

Post a Comment