Wednesday, March 19, 2014

ဒုက္ခသည်စခန်းနေ ဒေသခံရွာသားများအား KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်

Photo: ဒုက္ခသည်စခန်းနေ ဒေသခံရွာသားများအား KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်

မတ် ၁၈ ရက် ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မံပုံကျေးရွာ ဒုက္ခသည်စခန်းနေ ဒေသခံရွာသားများအား မတ် ၁၆ ရက် ညနေ ၃ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့တစ်ဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း ယင်းဒုက္ခသည်စခန်းမှ သိရသည်။

စခန်းတာဝန်ခံက အဆိုပါ ရွာသား(၃)ဦးမှာ လွှတ်ထားသော ကျွဲ၊ နွားများအား သွားရောက်ရှာဖွေစဉ် မျက်စိလည်လမ်းမှားပြီး ပြန်မလာနိုင်ခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုနေသော်လည်း ဒုက္ခသည်များကမူ KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းသာဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေကြသည်။

`` ဒုက္ခသည်စခန်းမှာနေတယ်ဆိုပေမယ့် နန့်ဆိုင်းရွာသားတွေပါ၊ ကျွဲ၊ နွားတွေ လွှတ်ထားတာကို သွားသွင်းတဲ့ အချိန် ကချင်စစ်သားတွေနဲ့တွေ့ပြီး အဖမ်းခံရတာပါ၊ မျက်မြင်သက်သေတွေလည်းရှိပါတယ် ´´ ဟု စခန်းနေ အသက်ခုနှစ်ဆယ်အရွယ် အဘ လဂျော်နန် က ပြောကြားသွားသည်။
KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ဒုက္ခသည်စခန်းနေ ဒေသခံရွာသား (၃)ဦးမှာ ဦးမီတုံတန် (၃၂)နှစ်၊ မောင်ဇော်ဆိုင်း(၁၆)နှစ်၊ မောင်နော်တွဲ(၁၈)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

`` အင်ဘာပါဘက်ကို ခေါ်သွားတယ်လို့ သိရတယ်၊ ကျွန်တော့်သားက (၁၆)နှစ်ပဲရှိသေးတာ၊ စစ်သားတော့ မလုပ်ခိုင်းနိုင်ဘူး၊ သွားပြီးပြန်ခေါ်မယ်၊ ခေါ်လို့ မပေးရင် ဒုက္ခသည်စခန်းကိုလာပြီး ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေကို အကူအညီတောင်းမယ်´´ ဟု အဖမ်းခံရသော မောင်ဇော်ဆိုင်း၏ ဖခင် ဦးဇော်လွန်းက ဆိုသည်။

မိုးမောက်မြို့ခံတစ်ဦးက `` ဒုက္ခရောက်လို့ ဒုက္ခသည်စခန်းမှာ ခိုကပ်နေရပါတယ်ဆိုမှ ခုလို KIA က လူသစ်စု လိုက်တော့ ဒုက္ခက နှစ်ခါခံစားရတာပေါ့၊ KIA အားကိုးနဲ့ ဒုက္ခသည်စခန်းမှာ နေတာကို အခွင့်ကောင်းယူပြီး လူသစ်စုတော့ ဒီဒေသခံတွေ ဘယ်သူ့အားကိုးမလဲ၊ ဒီပြဿနာတွေကို ဘယ်သူဖြေရှင်းပေးမလဲ၊ အင်ဘာပါ ဘက်ကို ဖမ်းခေါ်သွားတာမှန်ခဲ့ရင် စစ်သင်တန်းတက်ခိုင်းတော့မှာပဲလေ၊ မိဘတွေ လိုက်သွားရင်လည်း ကလေးတွေကို ၀ှက်ထားပြီး မရှိဘူးလို့ ဗြောင်ငြင်းလွှတ်သေးတာ၊ ဒုက္ခသည်ဘ၀ကို KIA က ထပ်ပြီး ဒုက္ခ ပေးနေတာ တကယ်စိတ်မကောင်းစရာပါ ´´ ဟု ပြောကြားသွားခဲ့သည်။

နော်မိုင်
ကချင်ပြည်နယ် မိုးမောက်မြို့နယ် မံပုံကျေးရွာ ဒုက္ခသည်စခန်းနေ ဒေသခံရွာသားများအား မတ် ၁၆ ရက် ညနေ ၃ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့တစ်ဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း ယင်းဒုက္ခသည်စခန်းမှ သိရသည်။

စခန်းတာဝန်ခံက အဆိုပါ ရွာသား(၃)ဦးမှာ လွှတ်ထားသော ကျွဲ၊ နွားများအား
သွားရောက်ရှာဖွေစဉ် မျက်စိလည်လမ်းမှားပြီး ပြန်မလာနိုင်ခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုနေသော်လည်း ဒုက္ခသည်များကမူ KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခြင်းသာဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေကြသည်။

`` ဒုက္ခသည်စခန်းမှာနေတယ်ဆိုပေမယ့် နန့်ဆိုင်းရွာသားတွေပါ၊ ကျွဲ၊ နွားတွေ လွှတ်ထားတာကို သွားသွင်းတဲ့ အချိန် ကချင်စစ်သားတွေနဲ့တွေ့ပြီး အဖမ်းခံရတာပါ၊ မျက်မြင်သက်သေတွေလည်းရှိပါတယ် ´´ ဟု စခန်းနေ အသက်ခုနှစ်ဆယ်အရွယ် အဘ လဂျော်နန် က ပြောကြားသွားသည်။
KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ဒုက္ခသည်စခန်းနေ ဒေသခံရွာသား (၃)ဦးမှာ ဦးမီတုံတန် (၃၂)နှစ်၊ မောင်ဇော်ဆိုင်း(၁၆)နှစ်၊ မောင်နော်တွဲ(၁၈)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

`` အင်ဘာပါဘက်ကို ခေါ်သွားတယ်လို့ သိရတယ်၊ ကျွန်တော့်သားက (၁၆)နှစ်ပဲရှိသေးတာ၊ စစ်သားတော့ မလုပ်ခိုင်းနိုင်ဘူး၊ သွားပြီးပြန်ခေါ်မယ်၊ ခေါ်လို့ မပေးရင် ဒုက္ခသည်စခန်းကိုလာပြီး ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေကို အကူအညီတောင်းမယ်´´ ဟု အဖမ်းခံရသော မောင်ဇော်ဆိုင်း၏ ဖခင် ဦးဇော်လွန်းက ဆိုသည်။

မိုးမောက်မြို့ခံတစ်ဦးက `` ဒုက္ခရောက်လို့ ဒုက္ခသည်စခန်းမှာ ခိုကပ်နေရပါတယ်ဆိုမှ ခုလို KIA က လူသစ်စု လိုက်တော့ ဒုက္ခက နှစ်ခါခံစားရတာပေါ့၊ KIA အားကိုးနဲ့ ဒုက္ခသည်စခန်းမှာ နေတာကို အခွင့်ကောင်းယူပြီး လူသစ်စုတော့ ဒီဒေသခံတွေ ဘယ်သူ့အားကိုးမလဲ၊ ဒီပြဿနာတွေကို ဘယ်သူဖြေရှင်းပေးမလဲ၊ အင်ဘာပါ ဘက်ကို ဖမ်းခေါ်သွားတာမှန်ခဲ့ရင် စစ်သင်တန်းတက်ခိုင်းတော့မှာပဲလေ၊ မိဘတွေ လိုက်သွားရင်လည်း ကလေးတွေကို ၀ှက်ထားပြီး မရှိဘူးလို့ ဗြောင်ငြင်းလွှတ်သေးတာ၊ ဒုက္ခသည်ဘ၀ကို KIA က ထပ်ပြီး ဒုက္ခ ပေးနေတာ တကယ်စိတ်မကောင်းစရာပါ ´´ ဟု ပြောကြားသွားခဲ့သည်။

နော်မိုင်
KDN

No comments:

Post a Comment