Wednesday, April 30, 2014

အပစ်ရပ်ရေး ဆွေးနွေးပွဲကို မေလ တတိယပတ်ကုန်မှာ ပြုလုပ်ဖို့ရှိ

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြား ဆွေးနွေးပွဲကို လာမယ့်မေလ တတိယပတ်အကုန်မှာ ပြုလုပ်သွားဖို့ရှိပါတယ်။ဒီလာမယ့် တွေ့ဆုံပွဲနဲ့ပတ်သက်ပြီးတော့ ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေ ဆွေးနွေးပွဲကနေ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Photo: အပစ်ရပ်ရေး ဆွေးနွေးပွဲကို မေလ တတိယပတ်ကုန်မှာ ပြုလုပ်ဖို့ရှိ
Wednesday, April 30, 2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြား ဆွေးနွေးပွဲကို လာမယ့်မေလ တတိယပတ်အကုန်မှာ ပြုလုပ်သွားဖို့ရှိပါတယ်။ဒီလာမယ့် တွေ့ဆုံပွဲနဲ့ပတ်သက်ပြီးတော့ ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့  NCCT ခေါင်းဆောင်တွေ ဆွေးနွေးပွဲကနေ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ခေါင်းဆောင်တွေ အကြား ပြေလည်မှုမရရှိသေးတဲ့ မတူညီတဲ့ အချက် တွေကို ပြန်လည် သုံးသပ်ခဲ့ကြတာ ဖြစ်ပြီး အပြန်လှန် ဆွေးနွေးခဲ့ကြပြီး နောက် ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့  NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ က အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို အခုလို ပြောပါတယ်။

“ဒီနေ့ ထူးထူးခြားခြားပေါ့ဗျားနော် အရေးကြီးဆုံး ရှေ့လုပ်ငန်းစဉ် ချမှတ်လိုက်တာကတော့ ဒီ UPWC အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ ပေါ့လေ အန်ကယ်တို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ လာမည့် ဒီ မေလ တတိယအပတ် အကုန် စတ္တုထအပတ်အကူးလောက်မှာပေါ့နော် ဒီကြားထဲမှာ တွေ့ဆုံနိုင်ဖို့ အဲ့ဒါကို ဆုံးဖြတ်ချက် ချပါတယ်။ တွေ့ဆုံဖို့ ဆိုတဲ့ နေရာမှာလည်း NCCT နဲ့ UPWC ဆိုတဲ့ ကိုယ်စားလှယ် အပြည့်နဲ့သွားမှာမဟုတ်ပါဘူး၊ အန်အယ်တို့ ဒီ နှစ်ဖက် ညှိနိုင်းထားတဲ့ ဒီ single text ဖြစ်ဖို့ နော် အဲ့ဒီ ကော်မတီစု အနေနဲ့ပဲ သွားပြီးတော့ တွေ့ဆုံကြဖို့ အဲ့လို စီစဉ်ထားပါတယ်။”

ဆွေးနွေးပွဲမှာ စစ်ရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး code of conduct လိုက်နာရမယ့် ကျင့်ထုံးတွေကို ပြင်ဆင်ရေးစွဲဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

သဘောတူညီမှု မရရှိသေးတဲ့ အချက် တွေကို တိတိကျကျ သိရှိအောင် အစိုးရနဲ့ ထပ်မံတွေ့ဆုံဖို့ရှိပြီး အဲဒီအတွက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့  NCCT ဒုအဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ဦးဆောင်တဲ့ အဖွဲ့ဝင် ၈ ဦးကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ကချင်ပြည်လွတ်လပ်ရေးတပ်ဖွဲ့ ကေအိုင်အိုက ပြည်ထောင်စုငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီထံ အဆိုပြုလိုက်ပါတယ်။

လာမယ့် မေလ ၁၀ ရက်နေ့ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြန်လည်ဆွေးနွေးဖို့ အဆိုပြုထားတာဖြစ်တယ်လို့  KIO အဖွဲ့က ဒုစစ်ဦးစီးချုပ် ဗိုလ်ချူပ် ဆွမ်လွတ်ဂွမ်မော် က အခုလိုပြောပါတယ်။

“ကချင်ပြည်နယ်နဲ့ ဒီရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ သိပ့်များလာတဲ့ အခါကြတော့ ဒီတိုက်ပွဲတွေကြောင့် ကျနော်တို့ရဲ့ ဒီ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေမှာ တင်းမာမှုတွေ ဖြစ်လာနိုင်တယ်၊ ပြီးတော့ ကျနော်တို့ရဲ့ ပါဝင်မှုတွေကိုလည်း ကျနော်တို့က ပြန်စဉ်းစားဖို့ လိုအပ်လာတယ် အဲ့ဒါကြောင့် ဒီလို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အရှိန်အဟုန်မပျက်အောင် ကျနော်တို့က ဆွေးနွေးပွဲတွေ လုပ်ချင်တဲ့ သဘောဖြစ်ပါတယ်၊ အဲ့ဒါကြောင့် အစိုးရကို ကျနော်တို့က ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။”

အစိုးရနဲ့တွေ့ဆုံဆွေးနွေးတဲ့အခါကျရင် KIO အဖွဲ့အနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံက အာရှရေးရာ အထူးကိုယ်စားလှယ်တို့နဲ့အတူ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ခေါင်းဆောင်တွေနဲ့ NCCT ခေါင်းဆောင် တွေကို လေ့လာသူတွေအဖြစ် ဖိတ်ကြားသွားမယ်လို့ အဆိုပြုထားကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ ထားပါတယ်။

ABC Radio Australia 

No comments:

Post a Comment