Wednesday, April 30, 2014

ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးတွင် ခုံးကျော် တံတားများနှင့် ဆက်စပ်နေသည့် မီးပွိုင့်စနစ်များ ပြန်လည် သုံးသပ်မည်

ရန်ကုန်မြို့တော် အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချနိုင်ရန် လှည်းတန်း ခုံးကျော်တံတား၊ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတား သုံးစင်းတို့ကို ၂ဝ၁၃ ခုနှစ်အတွင်း ဖွင့်လှစ် ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်လျက် ရှိသည့်အတွက် ယင်း ခုံးကျော်တံတား များနှင့် ဆက်စပ်နေသည့် မီးပွိုင့်စနစ်များ ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်မှုများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။အထူးသဖြင့် လှည်းတန်း ခုံးကျော်တံတား စတင် အသုံးပြုချိန်မှ စတင်ကာ ယာဉ်ကြောပိတ်ဆို့မှု များပြား နေသော ဟံသာဝတီ အဝိုင်းကို ဖျက်သိမ်း၍ မီးပွိုင့်စနစ် ပြောင်းလဲရန် ရှိသော်လည်း လက်ရှိတွင် မီးပွိုင့်နှင့် အဝိုင်းပတ်စနစ် နှစ်မျိုးစလုံးကို သုံးစွဲနေကြောင်း သိရသည်။

Photo: ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးတွင် ခုံးကျော် တံတားများနှင့် ဆက်စပ်နေသည့် မီးပွိုင့်စနစ်များ ပြန်လည် သုံးသပ်မည်
Wednesday, April 30, 2014

ရန်ကုန်မြို့တော် အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချနိုင်ရန် လှည်းတန်း ခုံးကျော်တံတား၊ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတား သုံးစင်းတို့ကို ၂ဝ၁၃ ခုနှစ်အတွင်း ဖွင့်လှစ် ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်လျက် ရှိသည့်အတွက် ယင်း ခုံးကျော်တံတား များနှင့် ဆက်စပ်နေသည့် မီးပွိုင့်စနစ်များ ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်မှုများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

အထူးသဖြင့် လှည်းတန်း ခုံးကျော်တံတား စတင် အသုံးပြုချိန်မှ စတင်ကာ ယာဉ်ကြောပိတ်ဆို့မှု များပြား နေသော ဟံသာဝတီ အဝိုင်းကို ဖျက်သိမ်း၍ မီးပွိုင့်စနစ် ပြောင်းလဲရန် ရှိသော်လည်း လက်ရှိတွင် မီးပွိုင့်နှင့် အဝိုင်းပတ်စနစ် နှစ်မျိုးစလုံးကို သုံးစွဲနေကြောင်း သိရသည်။

ယင်းအတွက် ဟံသာဝတီအဝိုင်းကို ဖျက်သိမ်း၍ မီးပွိုင့်စနစ် ပြောင်းလဲရန် ယာဉ်သွားလာမှု စစ်တမ်း ကောက်ယူခြင်းကို နှစ်လ ထပ်တိုး ပြုလုပ် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) မှ သိရသည်။

ဟံသာဝတီအဝိုင်း အနီးတစ်ဝိုက်တွင် ယာဉ်သွားလာမှု အစီးရေ ကောက်ယူခြင်း လုပ်ငန်းကို ဇန်နဝါရီလမှ စတင်ကာ သုံးလကြာ ကောက်ယူခဲ့သော်လည်း အချက်အလက်များ ပိုမိုခိုင်မာစေရန် နှစ်လ ထပ်တိုး ကောက်ယူရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

''ခုံးကျော် တံတားတွေနဲ့ ဆက်စပ်နေတဲ့ မီးပွိုင့်တွေကြောင့် ယာဉ်ကြော ပိတ်ဆို့မှုကို ပိုမို ဖြစ်စေတယ်ဆိုတဲ့ စစ်တမ်းတွေ၊ အဖြေတွေ ထွက်ခဲ့ရင် မီးပွိုင့်တွေကို ဝေးဝေး ချဲ့ထုတ်ရမှာပေါ့။ တစ်ခါတလေမှာ မီးပွိုင့်ကြောင့် ယာဉ်တန်းဟာ ခုံးကျော်တံတား အလယ်အထိ ရောက်သွား တာမျိုး ရွှေဂုံတိုင်မှာ တွေ့နေရတယ်။ လှည်းတန်းမှာလည်း ဖြစ်တတ်တာ ရှိတယ်'' ဟု မြို့ပြ အင်ဂျင်နီယာ တစ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ 

No comments:

Post a Comment