Friday, April 18, 2014

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့သည့် လူနာဦးရေ ယခင်နှစ်ထက် ၂၀၀ နီးပါးပိုများ

Photo: သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့သည့် လူနာဦးရေ ယခင်နှစ်ထက် ၂၀၀ နီးပါးပိုများ

ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေမှာ ယခင်နှစ်ထက် ၂၀၀ နီးပါး ပိုများခဲ့ပြီး လူနာဦးရေ ၆၉၀ ကျော်၊ သေဆုံးလူနာ ၁၀ ဦးအထိ ရှိခဲ့ရာ ယာဉ်မတော်တဆမှုများကြောင့် အများဆုံးဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာပပ၏ ပြောကြားချက်အရ သိရသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိသည့် လူနာများအနက် ယာဉ်ထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအပြင် အခြားထိခိုက်မှုကြောင့် ဆေးရုံရောက်ခဲ့သူများလည်း ပါဝင်ကြောင်း၊ သင်္ကြန်အကြိုနေ့တွင် ၁၂၈ ဦး၊ သေဆုံးလူနာ နှစ်ဦး၊ သင်္ကြန်အကျနေ့တွင် ၁၅၉ ဦး၊ သေဆုံးလူနာ သုံးဦး၊ သင်္ကြန်အကြတ်နေ့တွင် ၁၈၉ ဦး၊ သေဆုံးလူနာ တစ်ဦး၊ သင်္ကြန်အတက်နေ့တွင်၂၁၈ ဦး၊ သေဆုံးလူနာ လေးဦးအထိရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေ ၅၁၈ ဦး၊ သေဆုံးလူနာ သုံးဦးအထိ ရှိခဲ့သည့်အတွက် ယခုနှစ်လူနာဦးရေမှာ ယခင်နှစ်ကထက် ပိုများခဲ့ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် ယခုနှစ် သင်္ကြန်ကာလအတွင်း အရိုးအကြော၊ ခွဲစိတ်အပါအ၀င် အခြားအထူးကု ဆရာဝန်များနှင့်အတူ အရေးပေါ် အထူးကုဆရာဝန်များကပါ ပထမဦးဆုံးအကြိမ် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် အထူးကု ဆရာဝန်များ အပါအ၀င် အခြားကျန်းမာရေး ၀န်ထမ်းများ၊ အထွေထွေ လုပ်သားများကိုပါ ယခင်နှစ်များထက် အင်အားနှစ်ဆ တိုးမြှင့်ချထားပေးခဲ့ပြီး ဆေးဝါး၊ စက်ပစ္စည်းများကိုလည်း ယခင်ကထက် တိုးမြှင့်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“သင်္ကြန်ရက်အတွင်း အရိုး၊ ခွဲစိတ် အထူးကုဆရာဝန်ကြီးတွေအပြင် အရေးပေါ် အထူးကု ဆရာဝန်တွေကိုပါ ပူးတွဲတာဝန် ချထားပေးခဲ့တယ်။ ဒါကို ဒီနှစ်မှာမှ ပထမဆုံးအကြိမ် စလုပ်တာပါ။ မြန်မာနိုင်ငံမှာ အရေးပေါ် အထူးကုဘွဲ့ရထားတဲ့ ဆရာဝန် ၁၈ ဦးထဲက ခြောက်ဦးကို ဒီနှစ်မှာ စပြီးတာဝန်ပေးတာပေါ့။ ၀န်ထမ်းအင်အားတွေအပြင် ဆေးဝါးကအစ အားလုံးတော်တော်များများကို ယခင်နှစ်တွေကထက် ပိုပေးနိုင်ခဲ့တယ်။ နောက်သင်္ကြန်ရက်အတွင်း အရေးပေါ် ကြီးကြီးမားမား ဖြစ်ခဲ့ရင်လည်း လုပ်ဆောင်ပေးဖို့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့ပါတယ်” ဟု ဆေးရုံအုပ် ဒေါက်တာပပက ဧပြီ ၁၇ ရက်တွင် ပြောကြားသည်။

လက်ရှိ ပြည်တွင်း၌ အရေးပေါ်ပြုစုကုသ အထူးကုဆရာဝန်များကို ပြီးခဲ့သည့်နှစ်များက လေ့ကျင့်မွေးထုတ်ပေးထားကြောင်း မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အရေးပေါ်ပြုစုကုသမှုပညာ ဒီပလိုမာ ရရှိထားသူ ၁၈ ဦးရှိကြောင်းနှင့် လာမည့် ၂၀၁၅ ခုနှစ်အတွင်း အရေးပေါ် ပြုစုကုသ အထူးကုဆရာဝန်များအပြင် အရေးပေါ် ပြုစုကုသ အထူးကုသူနာပြုများ စတင်မွေးထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သင်္ကြန်အကြတ်နေ့က ကန်တော်ကြီးကန်ပတ်လမ်းတွင် ရေပက်ခံထွက်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
 Eleven Media Group
ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေမှာ ယခင်နှစ်ထက် ၂၀၀ နီးပါး ပိုများခဲ့ပြီး လူနာဦးရေ ၆၉၀ ကျော်၊ သေဆုံးလူနာ ၁၀ ဦးအထိ ရှိခဲ့ရာ ယာဉ်မတော်တဆမှုများကြောင့် အများဆုံးဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာပပ၏ ပြောကြားချက်အရ သိရ သည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိသည့် လူနာများအနက် ယာဉ် ထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအပြင် အခြားထိခိုက်မှုကြောင့် ဆေးရုံရောက်ခဲ့သူများလည်း ပါဝင်ကြောင်း၊ သင်္ကြန် အကြိုနေ့တွင် ၁၂၈ ဦး၊ သေဆုံးလူနာ နှစ်ဦး၊ သင်္ကြန်အကျနေ့တွင် ၁၅၉ ဦး၊ သေဆုံးလူနာ သုံးဦး၊ သင်္ကြန်အကြတ်နေ့တွင် ၁၈၉ ဦး၊ သေဆုံးလူနာ တစ်ဦး၊ သင်္ကြန်အတက်နေ့တွင်၂၁၈ ဦး၊ သေဆုံးလူနာ လေးဦးအထိရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက် ရှိခဲ့သည့် လူနာဦးရေ ၅၁၈ ဦး၊ သေဆုံးလူနာ သုံးဦးအထိ ရှိခဲ့သည့်အတွက် ယခုနှစ်လူနာဦးရေမှာ ယခင်နှစ်ကထက် ပိုများခဲ့ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် ယခုနှစ် သင်္ကြန်ကာလအတွင်း အရိုးအကြော၊ ခွဲစိတ်အပါအ၀င် အခြားအထူးကု ဆရာဝန်များနှင့်အတူ အရေးပေါ် အထူးကုဆရာဝန်များကပါ ပထမဦးဆုံးအကြိမ် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် အထူးကု ဆရာဝန်များ အပါအ၀င် အခြားကျန်းမာရေး ၀န်ထမ်းများ၊ အထွေထွေ လုပ်သားများကိုပါ ယခင်နှစ်များထက် အင်အားနှစ်ဆ တိုးမြှင့်ချထားပေးခဲ့ပြီး ဆေးဝါး၊ စက်ပစ္စည်းများကိုလည်း ယခင်ကထက် တိုးမြှင့်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“သင်္ကြန်ရက်အတွင်း အရိုး၊ ခွဲစိတ် အထူးကုဆရာဝန်ကြီးတွေအပြင် အရေးပေါ် အထူးကု ဆရာဝန်တွေကိုပါ ပူးတွဲတာဝန် ချထားပေးခဲ့တယ်။ ဒါကို ဒီနှစ်မှာမှ ပထမဆုံးအကြိမ် စလုပ်တာပါ။ မြန်မာနိုင်ငံမှာ အရေးပေါ် အထူးကုဘွဲ့ရထားတဲ့ ဆရာဝန် ၁၈ ဦးထဲက ခြောက်ဦးကို ဒီနှစ်မှာ စပြီးတာဝန်ပေးတာပေါ့။ ၀န်ထမ်းအင်အားတွေအပြင် ဆေးဝါးကအစ အားလုံးတော်တော်များများကို ယခင်နှစ်တွေကထက် ပိုပေးနိုင်ခဲ့တယ်။ နောက်သင်္ကြန်ရက်အတွင်း အရေးပေါ် ကြီးကြီးမားမား ဖြစ် ခဲ့ရင်လည်း လုပ်ဆောင်ပေးဖို့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့ပါတယ်” ဟု ဆေးရုံအုပ် ဒေါက်တာပပက ဧပြီ ၁၇ ရက်တွင် ပြောကြားသည်။

လက်ရှိ ပြည်တွင်း၌ အရေးပေါ်ပြုစုကုသ အထူးကုဆရာဝန်များကို ပြီးခဲ့သည့်နှစ်များက လေ့ကျင့်မွေး ထုတ်ပေးထားကြောင်း မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အရေးပေါ်ပြုစုကုသမှုပညာ ဒီပလိုမာ ရရှိထားသူ ၁၈ ဦးရှိကြောင်းနှင့် လာမည့် ၂၀၁၅ ခုနှစ်အတွင်း အရေးပေါ် ပြုစုကုသ အထူးကုဆရာဝန်များအပြင် အရေးပေါ် ပြုစုကုသ အထူးကုသူနာပြုများ စတင်မွေးထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သင်္ကြန်အကြတ်နေ့က ကန်တော်ကြီးကန်ပတ်လမ်းတွင် ရေပက်ခံထွက်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Eleven Media Group

No comments:

Post a Comment