Tuesday, April 29, 2014

ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ခံ ကျေးရွာ ၂၀ ကျော် သောက်သုံးရေ ခက်ခဲ

Tuesday, April 29, 2014
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ပေါင်းလောင်းဒေသတွင်အကောင်အထည်ဖော်တည်ဆောက် လျက်ရှိသော အထက်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းကြောင့်နေရာသစ် သို့ ပြောင်းရွှေ့ပေး ခဲ့ရ သည့် ကျေးရွာ ၂၃ ရွာမှာ ယခုအခါ သောက်သုံးရေ ရှားပါးမှု အခက်အခဲ ဖြစ်ပေါ်နေကြောင်း အဆို ပါကျေးရွာ ဒေသခံများက ပြောကြားသည်။လက်ရှိ ပြောင်းရွှေ့ နေထိုင်သည့် နေရာမှာ တောင်ပေါ်ဒေ သ ဖြစ်ခြင်းကြောင့် သောက်သုံးရေ မရသည့်အပြင် နွေရာသီကာလ ဖြစ်ခြင်းကြောင့် ရေ တွင်း၊ ရေကန်များ ပါ ခန်းခြောက်လာသည့် အတွက် ဒေသခံများ အခက်တွေ့နေရကြောင်း ထိန်ပင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ပြောကြားသည်။ယင်းသို့ သောက်သုံးရေ ရှားပါးနေခြင်းကြောင့် သက်ဆိုင်ရာ ကုမ္ပဏီ တာဝန်ရှိသူများကို ပြောဆိုရာတွင် သောက်သုံးရေကန်များ လာရောက် တည်ဆောက်ပေး ခဲ့သော်လည်း ရေရရှိခြင်း မရှိကြောင်း ၎င်းကဆိုသည်။
“နွေရာသီမှာ ရေရှားပါးလာလို့ လူကြီးနှင့် ကလေးငယ်တွေပါ ကျန်းမာရေး ထိခိုက်လာတာတွေ ရှိတယ်” ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးညွှန့်ဝင်းက ဆိုသည်။
အဆိုပါ ရေအားလျှပ်စစ် ထုတ်ယူရေး စီမံကိန်းကို ၂၀၀၅ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ယင်းစီမံကိန်းကြောင့် ရေနစ်မြုပ်နိုင်သည့် ကျေးရွာပေါင်း ၂၃ ရွာကို လျော်ကြေးပေးကာ တောင်ပေါ်ဒေသသို့ ၂၀၁၃ ခုနှစ်အတွင်း ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
The Voice Weekly

No comments:

Post a Comment