Tuesday, April 15, 2014

စကားများရန်ဖြစ်ပြီးဓါးဖြင့်ထိုးကာဝိုင်းဝန်းရိုက်နှက်ခဲ့ကြသဖြင့် ခင်ပွန်းဖြစ်သူ သေဆုံးပြီး ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးမှ အရေးယူပေးရန်တိုင်တန်း


ရန်ကုန်၊ ဧပြီ ၁၄
၁၄.၄.၂၀၁၄ရက်နေ့ ၁၂၃၀အချိန်တွင် ဒဂုံတောင်မြို့နယ်၊ (၅၅)ရပ်ကွက်နေ မ၀င်းဝင်းမြင့်မှ ၎င်းသည် ခင်ပွန်းဖြစ်သူ ကိုကိုနိုင်နှင့်အတူ တစ်လမ်းတည်း
နေ မယဉ်ယဉ်မွှေး၏နေအိမ်တွင်ရှိနေစဉ် ကြက်ဖ(ခ)မိုးကျော်ကျော်၊(၁၉)နှစ်၊ (ဘ)ဦးကျော်ညွန့်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူရောက်ရှိလာပြီး ၀ါးလုံးကိုင်ကာ ၎င်းနှင့် ခင်ပွန်းဖြစ်သူတို့အား ရန်ပြုစိန်ခေါ်ခဲ့ကြောင်း၊ အနီး
ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းဖြန်ဖြေပေးသဖြင့် ကြက်ဖ(ခ)မိုးကျော်ကျော်မှာ
ပြန်သွားခဲ့ပြီး ခဏအကြာတွင် ပြန်လည်ရောက်ရှိလာကာ ခင်ပွန်းဖြစ်သူ
အား ဓါးဖြင့်ထိုးခဲ့၍ ၀ဲဘက်ချိုင်းအောက်ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့
ကြောင်း၊ ထိုအချိန်တွင် ကြက်ဖ(ခ)မိုးကျော်ကျော်၏အစ်ကိုဖြစ်သူ
ကျော်သူအောင်၊ (၂၅)နှစ်၊ (ဘ)ဦးကျော်ညွန့်ရောက်ရှိလာပြီး ၎င်းအား သံတူရွင်းဖြင့်ရိုက်နှက်ခဲ့၍ ၀ဲဘက်လက်နှင့်ဂုတ်ပိုးတို့၌ နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထိုသို့ဒဏ်ရာရရှိခဲ့သဖြင့် နေအိမ်သို့ပြန်ပြေးစဉ် ကြက်ဖ(ခ)
မိုးကျော် ကျော်၏အစ်မ ဖြစ်သူ မသီသီသော်၊ (၃၀)နှစ်၊ (ဘ)ဦးကျော်ညွန့်မှ
နေအိမ်ပေါ်သို့ရောက်ရှိလာပြီး ၎င်းအားဆံပင်ဆွဲ၍ ပါးရိုက်ခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုကိုနိုင်မှာလည်း ရရှိသည့်ဒဏ်ရာဖြင့် သင်္ဃန်းကျွန်းစံပြ
ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားခဲ့ပြီး ၎င်းမှာလည်း ပြင်ပလူနာ
အဖြစ် ဆေးကုသခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ ကျူးလွန်ကြသူများကို အရေးယူပေးပါရန်တိုင်တန်းလာခဲ့ပါသည်။
တိုင်တန်းချက်အရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၃၆၆/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၀၂/၃၂၅/၄၅၁/ ၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူ
များဖြစ်သည့် ကြက်ဖ(ခ)မိုးကျော်ကျော်၊ ကျော်သူအောင်နှင့် မသီသီသော်
တို့ကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment