Saturday, April 12, 2014

DVB သတင်းထောက် ကိုဇော်ဖေအပေါ် မကွေးတရားရုံး၏ အမိန့်ချမှတ်မှုအပေါ် DVB သတင်းဌာန၏ ထုတ်ပြန်ချက်စာရွက်များကို မန္တလေးမြို့အနှံ့ လိုက်လံဝေငှ

Photo: DVB သတင်းထောက် ကိုဇော်ဖေအပေါ် မကွေးတရားရုံး၏ အမိန့်ချမှတ်မှုအပေါ် DVB သတင်းဌာန၏ ထုတ်ပြန်ချက်စာရွက်များကို မန္တလေးမြို့အနှံ့ လိုက်လံဝေငှ
Saturday, April 12, 2014

မကွေးမြို့နယ်ပညာရေးဌာနက တရားလိုပြုကာ DVB သတင်းထောက် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်တို့နှစ်ဦးကို ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ-၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ-၄၄၈ တို့ဖြင့် ၂၀၁၂ ခုနှစ်မှစ၍ တရားစွဲဆိုခဲ့ပြီး ၂၀၁၄ ဧပြီ ၇ ရက်တွင် ထောင်ဒဏ်တစ်နှစ်ချမှတ်ခြင်းအပေါ် DVB သတင်းဌာနမှ ထုတ်ပြန်ကြေညာချက်အား မန္တလေးမြို့တွင်း လူစည်ကားရာနေရာများ၌ လိုက်လံဝေငှခြင်းကို ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ထုတ်ပြန်ကြေညာချက်မှာ အများပြည်သူသိလိုသော ပညာသင်ဆုဆိုင်ရာသတင်းကို မြို့နယ်ပညာရေးဌာနမှတစ်ဆင့်ရယူခဲ့ခြင်းမှာ သတင်းထောက်တစ်ယောက်၏အလုပ်ကို တာဝန်သိသိ လုပ်ကိုင်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ သတင်းဌာနမှ ယုံကြည်ကြောင်းနှင့် ယင်းပြစ်ဒဏ်ချမှတ်မှုကို သတင်းဌာနအနေနှင့် လုံးဝကန့်ကွက်ရှုတ်ချကြောင်းပါရှိပြီး ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် တောင်းဆိုသည်ဟု ထုတ်ပြန်ထားသည်။ အဆိုပါထုတ်ပြန်ချက်စာရွက်များ ဝေငှခြင်းကို မွန်းလွဲတစ်နာရီမှစတင်၍ ဈေးချိုဝန်းကျင် ၈၄ လမ်းနှင့် ၂၇ လမ်းထောင့်၊ ဘုရားကြီးအရှေ့ဘက်မုခ်၊ ၃၃ လမ်း နှင့် ၇၈ လမ်းထောင့်ရှိ ဒိုင်းမွန်းပလာဇာရှေ့တို့တွင် လိုက်လံဝေငှခဲ့ခြင်းဖြစ်သည်။

မတရားဖမ်းဆီးချုပ်နှောင်ကာ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရသော သတင်းထောက် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်တို့နှစ်ဦး ပြန်လည်လွတ်မြောက်ဖို့အတွက် ယင်းသို့စာရွက်များ လိုက်လံဝေငှခြင်းကို  မြို့ခံသတင်းထောက် ၁၀ ဦးမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး DVB သတင်းထောက် ကိုကျော်ဇေ၀င်းက "ကျွန်တော်တို့ ခုလိုလုပ်ဆောင်ခြင်းဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း၊ စီတန်းလမ်းလျှောက်ခြင်းပြုလုပ်တာ လုံးဝမဟုတ်ပါဘူး။ မိမိတို့သတင်းထောက် ပြန်လည်လွတ်မြောက်ဖို့အတွက် စာရွက်ဝေငှခြင်းဖြစ်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။ နောက်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေတယ်လို့ ပြောဆိုနေချိန်မှာ အခုလို သတင်းထောက်တစ်ယောက်ကို ထောင်ဒဏ်ချမှတ်တာက စာနယ်ဇင်းနဲ့ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တားမြစ်လိုက်တာပဲဆိုတာကို အများပြည်သူသိစေချင်တဲ့အတွက်လည်း ထုတ်ပြန်ချက်ကို လိုက်လံဝေငှတာပါ" ဟု ပြောကြားသည်။

Eleven Media Group 

မန္တလေးမြို့ ဘုရားကြီးအရှေ့မုခ်တွင် လက်ကမ်းစာစောင်များ လိုက်လံဝေငှနေ သည်ကို တွေ့ရစဉ်
မန္တလေးမြို့ ဘုရားကြီးအရှေ့မုခ်တွင် လက်ကမ်းစာစောင်များ လိုက်လံဝေငှနေ သည်ကို တွေ့ရစဉ်  
 
မကွေးမြို့နယ်ပညာရေးဌာနက တရားလိုပြုကာ DVB သတင်းထောက် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်တို့နှစ်ဦးကို ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ-၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ-၄၄၈ တို့ဖြင့် ၂၀၁၂ ခုနှစ်မှ စ၍ တရားစွဲဆိုခဲ့ပြီး ၂၀၁၄ ဧပြီ ၇ ရက်တွင် ထောင်ဒဏ်တစ်နှစ်ချမှတ်ခြင်းအပေါ် DVB သတင်း ဌာနမှ ထုတ်ပြန်ကြေညာချက်အား မန္တလေးမြို့တွင်း လူစည်ကားရာနေရာများ၌ လိုက်လံဝေငှခြင်းကို ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။ထုတ်ပြန်ကြေညာချက်မှာ အများပြည်သူသိလိုသော ပညာသင်ဆုဆိုင်ရာသတင်းကို မြို့နယ်ပညာရေးဌာနမှ တစ်ဆင့် ရယူခဲ့ခြင်းမှာ သတင်းထောက်တစ်ယောက်၏အလုပ်ကို တာဝန်သိသိ လုပ်ကိုင်ဆောင်ရွက်ခြင်း သာဖြစ်ကြောင်း၊ သတင်းဌာနမှ ယုံကြည်ကြောင်းနှင့် ယင်းပြစ်ဒဏ်ချမှတ်မှုကို သတင်းဌာနအနေနှင့် လုံးဝ ကန့်ကွက်ရှုတ်ချကြောင်းပါရှိပြီး ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် တောင်းဆိုသည်ဟု ထုတ်ပြန် ထား သည်။ အဆိုပါထုတ်ပြန်ချက်စာရွက်များ ဝေငှခြင်းကို မွန်းလွဲတစ်နာရီမှစတင်၍ ဈေးချိုဝန်းကျင် ၈၄ လမ်းနှင့် ၂၇ လမ်းထောင့်၊ ဘုရားကြီးအရှေ့ဘက်မုခ်၊ ၃၃ လမ်း နှင့် ၇၈ လမ်းထောင့်ရှိ ဒိုင်းမွန်းပလာဇာရှေ့တို့တွင် လိုက်လံဝေငှခဲ့ခြင်းဖြစ်သည်။

မတရားဖမ်းဆီးချုပ်နှောင်ကာ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရသော သတင်းထောက် ကိုဇော်ဖေနှင့် ကျောင်း သား မိဘ ကိုဝင်းမြင့်လှိုင်တို့နှစ်ဦး ပြန်လည်လွတ်မြောက်ဖို့အတွက် ယင်းသို့စာရွက်များ လိုက် လံဝေငှခြင်း ကို  မြို့ခံသတင်းထောက် ၁၀ ဦးမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး DVB သတင်းထောက် ကိုကျော်ဇေ၀င်း က "ကျွန်တော် တို့ ခုလိုလုပ်ဆောင်ခြင်းဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း၊ စီတန်းလမ်းလျှောက်ခြင်းပြု လုပ်တာ လုံးဝမဟုတ်ပါဘူး။ မိမိတို့သတင်းထောက် ပြန်လည်လွတ်မြောက်ဖို့အတွက် စာရွက်ဝေ ငှခြင်းဖြစ်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။ နောက်ပြီး စာနယ်ဇင်း လွတ်လပ်ခွင့် ဆိုင် ရာ ပြုပြင်ပြောင်း လဲရေးကို လုပ်ဆောင်နေတယ်လို့ ပြောဆိုနေချိန်မှာ အခုလို သတင်းထောက် တစ်ယောက် ကို ထောင်ဒဏ်ချမှတ်တာက စာနယ်ဇင်းနဲ့ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တားမြစ်လိုက် တာပဲ ဆိုတာကို အများပြည်သူသိစေချင်တဲ့အတွက်လည်း ထုတ်ပြန်ချက်ကို လိုက်လံဝေငှတာပါ" ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment