Saturday, April 12, 2014

ရန်ကုန်သင်္ကြန်အပေါ် စိတ်ဝင်စားမှု ယခင်နှစ်ထက် ပိုများ၊ ကမ္ဘာအေးစေတီလမ်း၊ ကန်ပတ်လမ်းတို့တွင် မဏ္ဍပ်အများဆုံး ရှိမည်ဖြစ်ပြီး အဆိုပါမဏ္ဍပ်များတွင် လက်မှတ်ရောင်းချမှု ကုန်သလောက်နီးပါးဖြစ်နေ


Photo: ရန်ကုန်သင်္ကြန်အပေါ် စိတ်ဝင်စားမှု ယခင်နှစ်ထက် ပိုများ၊ ကမ္ဘာအေးစေတီလမ်း၊ ကန်ပတ်လမ်းတို့တွင် မဏ္ဍပ်အများဆုံး ရှိမည်ဖြစ်ပြီး အဆိုပါမဏ္ဍပ်များတွင် လက်မှတ်ရောင်းချမှု ကုန်သလောက်နီးပါးဖြစ်နေ

မြန်မာလူမျိုးများ၏  ရိုးရာပွဲတော် တစ်ခုဖြစ်သည့် မဟာသင်္ကြန်ပွဲတော် ရောက်ရှိရန် တစ်ရက်သာလိုတော့ပြီး သင်္ကြန်ပွဲတော်ကို ဆင်နွှဲရန်အတွက် ကြိုတင်ပြင်ဆင် နေပြီဖြစ်သည်။

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်အပေါ် စိတ်ဝင်စားမှု အနေအထားမှာ ယခင်နှစ်ထက် ပိုများပြားနေသည်ဟု ဆိုကြပြီး သင်္ကြန်မဏ္ဍပ် ထိုင်မည့်သူများ၊ လည်ပတ်မည့် သူများလည်း အများအပြား ရှိနေကြသည်။

ရန်ကုန်သင်္ကြန် ရေကစားမဏ္ဍပ် ၁၀၀ နီးပါးရှိမယ်

ရန်ကုန်သင်္ကြန်တွင် ရေကစားမဏ္ဍပ်များ အနေဖြင့် နှစ်စဉ်စည်ကား နေကြဖြစ်သော ကမ္ဘာအေးစေတီလမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ် အများဆုံး တည်ရှိမည်ဖြစ်ပြီး ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ်အကြီး ၁၈ ခု၊ ကမ္ဘာအေးစေတီလမ်းတွင် မဏ္ဍပ်အကြီး ၁၂ ခု၊ ပြည်လမ်းတွင် သုံးခု၊ သိမ်ဖြူယာဉ်မောင်းကွင်းရှေ့ ဦးအောင်မြတ်လမ်းတွင် သုံးခု ဆရာစံလမ်းတွင် လေးခု၊ ကမ်းနားလမ်းတွင် နှစ်ခုအပါအ၀င် ရန်ကုန်မြို့နေရာ အနှံ့တွင် ရေကစားမဏ္ဍပ် အကြီး အသေး စုစုပေါင်း ၁၀၀ နီးပါး ဆောက်လုပ်ခွင့် ချထားပေးခဲ့ကြောင်း မဏ္ဍပ်နေရာ ချထားပေးရေး ကော်မတီက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်ဆောက်လုပ်မှု အခြေအနေအရ ရေကစားမဏ္ဍပ် ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ်အကြီး ၁၅ ခု၊ ကမ္ဘာအေး စေတီလမ်းတွင် ကိုးခု၊ ပြည်လမ်းတွင် မဏ္ဍပ်အကြီး လေးခု၊ ရန်ကင်းဆရာစံ ပန်းခြံရှေ့တွင် တစ်ခု၊ ဘုရင့်နောင်လမ်းပေါ်တွင် ငါးခု၊ ကမ်းနားလမ်းတွင် နှစ်ခု၊ အပါအ၀င် မဏ္ဍပ်စုစုပေါင်း ၅၀ ခွင့်ပြုခဲ့ပြီး ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ ရေကစားမဏ္ဍပ်များတွင် ရေကစားသူ များပြားခဲ့သော်လည်း ကန်တော်ကြီးပတ်လမ်းရှိ မဏ္ဍပ်များသို့ ရေလာရောက်ကစားသူ အရေအတွက် နည်းပါးခဲ့ကာ အရှုံးပေါ်ခဲ့သည်ဟု ယခင်နှစ် မဏ္ဍပ်ဆောက်လုပ်သူ အချို့၏ ပြောကြားချက်များအရ သိရသည်။

ယင်းအခြေအနေများကြောင့် ယခုနှစ် သင်္ကြန်တွင်လည်း မဏ္ဍပ်ဆောက်လုပ်ရန် လျှောက်ထားမှု နည်းပါးခဲ့မည်ဟု ခန့်မှန်းခဲ့သော်လည်း မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသူ ယခင်နှစ်ထက် များပြားခဲ့ပြီး မဏ္ဍပ်အကြီး လျှောက်ထားသူ စုစုပေါင်း ၂၀၀ ကျော်ရှိကြောင်း သိရသည်။

မဏ္ဍပ်ပါမစ်ဈေး စံချိန်တင်မြင့်တက်ခဲ့တဲ့နှစ်

မဏ္ဍပ်လျှောက်ထားသူများတွင် အရှုံးအမြတ်ကို မကြည့်ဘဲ ပျော်ချင်ရုံသက်သက်ဖြင့် ကိုယ်တိုင်မဏ္ဍပ် ဆောက်လုပ်လျှောက်ထား သူများလည်း ပါဝင်သလို မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်ကို အခြားသူတစ်ဦးထံသို့ လက်လွှဲရောင်းချသည့် သူများလည်း ပါဝင်ခဲ့ပြီး ယခုနှစ် မဏ္ဍပ်ပါမစ် တစ်စောင်လျှင် ကျပ်သိန်း ၂၀၀ မှ ၃၀၀ အထိ ပေါက်ဈေးရှိခဲ့သည်ဟု သိရပြီး ယခင်နှစ် မဏ္ဍပ်ပါမစ်ဈေးနှုန်းမှာ ကျပ်သိန်း ၁၅၀ လောက်အထိသာ ရှိခဲ့ကြောင်း မဏ္ဍပ်ဆောက်လုပ်မည့်သူ အသိုင်းအ၀ိုင်းမှ သိရသည်။

ယင်းသို့ ပါမစ်များကို လက်လွှဲရောင်းချပါက ဒဏ်ကြေးငွေကို ကျပ်သိန်း ၅၀ အထိ ပေးဆောင်ရမည်ဟု စည်းကမ်းချက် ထုတ်ထားသော်လည်း ရောင်းချမှုများ ရှိနေဆဲပင်ဖြစ်ပြီး ထိုသို့လက်လွှဲ ရောင်းချမှုမှာ အစိုးရဌာနများနှင့် နီးစပ်သူများသာ ဖြစ်လိမ့်မည်ဟုလည်း ပြောဆိုမှုများ ရှိနေသည်။

ရန်ကုန်သင်္ကြန် ကမ္ဘာအေးစေတီလမ်းမှာလား

ယခုနှစ်ရန်ကုန်သင်္ကြန်မှာ ကမ္ဘာအေးစေတီလမ်းမှာ အစည်ကားဆုံးဖြစ်မည်ဟု ခန့်မှန်းထားကြပြီး လက်ရှိရေကား မဏ္ဍပ် အနေ ထားများအရလည်း ကမ္ဘာအေးစေတီလမ်းပေါ်ရှိ မဏ္ဍပ်များမှာ အပြင်အဆင်ပိုင်း၌ ပိုမို ခမ်းနားနေပြီး မဏ္ဍပ်ထိုင်ရန် စိတ်ဝင်စားမှုမှာလည်း ကန်တော်ကြီးပတ်လမ်းထက် မြင့်တက်နေသည်ဟု သိရသည်။ မဏ္ဍပ်လက်မှတ်ခ နှုန်းထားများအနေဖြင့် ယခုနှစ်နှုန်းထားမှာ အခြားနှစ်များနှင့် မတူသည့် နှုန်းထားများဖြစ်နေပြီး သင်္ကြန်ရက် အကုန်လုံး ထိုင်မည်ဆိုပါက ယခင်နှစ် အများဆုံး ကျပ်လေးသောင်းခွဲ အထိသာ ရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ်ခြောက်သောင်းကျော်အထိ ပေါက်ဈေးရှိနေပြီး VIP လက်မှတ် ဆိုပါက ကျပ်တစ်သိန်းခွဲအထိ ပေါက်ဈေးရှိနေသည်။

မဏ္ဍပ်လက်မှတ်တွေ ကုန်တော့မယ်                

သို့သော် ကန်တော်ကြီးပတ်လမ်းရှိ မဏ္ဍပ်လက်မှတ်ခမှာ ကမ္ဘာအေးစေတီလမ်းထက် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ကြား သက်သာသည်ဟု သိရပြီး မဏ္ဍပ်လက်မှတ်များမှာ ကုန်သလောက်နီးပါး ရောင်းချပြီးနေပြီဟု သိရသည်။      

"အခုလက်မှတ်ရောင်းတာက ကုန်သလောက်နီးပါး ရှိနေပါပြီ။ ကျွန်တော်တို့ မှန်းထားတဲ့ လူဦးရေကို ကျော်လွန်ပြီး လက်မှတ်ရောင်းခဲ့ ရတဲ့အတွက် လက်မှတ်ဈေးနှုန်းတွေကို ဆွဲတင်လိုက်ရပါတယ်။ သင်္ကြန်တွင်းမှာ ဆိုရင်လည်း နဂိုသတ်မှတ်ထားတဲ့ ဈေးတွေထက်ကို ကျပ် ၁၀၀၀၀ လောက်ပိုပြီး ဈေးတက်နိုင်ပါတယ်။ ဈေးမြင့်တက်ပေမယ့် လက်မှတ်ဝယ်ကြတာ များတဲ့အတွက် အခုရာခိုင်နှုန်း  ၇၀ လောက် ရောင်းပြီးသွားပါပြီ။ ကျွန်တော်တို့မဏ္ဍပ်က လူ ၃၀၀၀ လောက် ရေကစားနိုင်ပါတယ်" ဟု ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ Titan မဏ္ဍပ်မှ ကိုအောင်ဦးထွန်းက ဆိုသည်။

"သင်္ကြန်းနီးလာတဲ့ အတွက်ကြောင့် ဈေးတိုးမြှင့်တာက လူအရမ်းများမှာ စိုးလို့ပါ။ သတ်မှတ်တဲ့လူဦးရေ စောစောပြည့်အောင် ဈေးနှုန်းတိုးလိုက်တာပါ။ သင်္ကြန်အပေါ် လူငယ်တွေ တော်တော်များများက စိတ်ဝင်စားတဲ့အတွက် လက်မှတ်ရောင်းအားကတော့ အခုထိ ရာခိုင်နှုန်း ၇၀ လောက် ရောင်းပြီးပြီနေပါပြီ" ဟု ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ Project-X မဏ္ဍပ်မှ ကိုအောင်ကောင်းဆက်ကလည်း ပြောကြားသည်။

မဏ္ဍပ်တွေရဲ့ ၀န်ဆောင်မှု အပြိုင်အဆိုင် မြှင့်နေ

မဏ္ဍပ်လက်မှတ်ခ ဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ မဏ္ဍပ်မှ ပြန်လည်ပေးအပ်မည့် အစားအသောက် ကားပါကင် နေ့စဉ်ကံစမ်းမဲစသော ၀န်ဆောင်မှုအချို့ကိုလည်း အပြိုင်အဆိုင် တိုးမြှင့်ထားသည်ဟု သိရပြီး ကန်တော်ကြီး ကန်ပတ်လမ်းရှိ Out of Control မဏ္ဍပ်တွင် ရေကူးကန်သဘောမျိုးပင် ပါဝင်မည်ဟု ကြေညာထားသည်။

"ကျွန်တော်တို့ အစားအသောက်ကို ဖော့ဘူးနဲ့ မကျွေးဘူး။ မဏ္ဍပ်မှာဟင်း သုံး၊ လေး မျိုးနဲ့ မနက် ၁၀ နာရီကနေ မွန်းလွဲ ၂ နာရီအတွင်း ကြိုက်ရာစားနိုင်အောင် စီစဉ်ထားတယ်။  ပြီးတော့ ဘားကောင်တာလို ပုံစံမျိုးပါ အောင်ထည့်ထားတယ်" ဟု 14 Club မဏ္ဍပ်မှ ကိုငြိမ်းချမ်းကျော်က ဆိုသည်။

စပွန်ဆာတွေ မျက်စိကျတဲ့ ဒီနှစ်သင်္ကြန် ယခုနှစ်ရန်ကုန် သင်္ကြန်အား ပိုမိုစည်ကားနိုင်မည်ဟု မှန်းထားသောကြောင့် မဏ္ဍပ်စပွန်ဆာ ပေးလိုသူများ မျက်စိကျခဲ့ကြပြီး ယခင်နှစ်များက စပွန်ဆာ ပေးလိုသူများကို လိုက်လံရှာဖွေ နေရသော်လည်း ယခုနှစ်တွင် စပွန်ဆာအတွက် အခက်အခဲ မရှိခဲ့ကြောင်းနှင့် အချို့ကုမ္ပဏီများမှာ မဏ္ဍပ်နှစ်ခုအထိ တစ်ပြိုင်နက်စပွန်ဆာ ပေးမှုများပင် ရှိသည်ဟု မဏ္ဍပ်ဆောက်လုပ်သူ အသိုင်းအ၀ိုင်းမှ သိရသည်။

"မနှစ်ကထက်စာရင် စပွန်ဆာပိုပေးတော့ ဘတ်ဂျက်ကလည်း ပိုကောင်းလာတယ်။ မဏ္ဍပ်ကလည်း အရင်နှစ်တွေထက် ပိုပြီးချဲ့လို့ရတယ်။ ပြီးတော့ ၀န်ဆောင်မှုကိုလည်း ပိုကောင်းအောင် လုပ်လို့ရတယ်။ စပွန်ဆာပေးတဲ့သူတွေ များတဲ့အတွက် အရင်နှစ်တွေကထက် Trend လည်း ပြောင်းသွားပါတယ်" ဟု ကန်တော်ကြီး ကန်ပတ်လမ်းရှိ Black Culture မဏ္ဍပ်မှ ကိုဟိန်းအောင်စိုးက ဆိုသည်။

ယခုနှစ် မဏ္ဍပ်ဆောက်လုပ်သည့်သူ အချို့မှာ ၎င်းတို့မဏ္ဍပ်မှ ရရှိသည့် အကျိုးအမြတ်အချို့ကို ဘုန်းတော်ကြီး ကျောင်းများသို့ ခွဲဝေလှူဒါန် သွားမည်ဟုလည်း ဆိုကြသည်။

မဏ္ဍပ်မှာ နားနေခန်းတွေ ပါမယ်ဆိုတဲ့ ကိစ္စ

ယခုနှစ်သင်္ကြန် မဏ္ဍပ်များတွင် နားနေခန်းကဲ့သို့ အခန်းငယ်များ ထည့်သွင်းဆောက်လုပ် ထားသည်ဟု သတင်းများ ထွက်ပေါ်နေရာ ယင်းကိစ္စရပ်မှာ မဖြစ်သင့်ကြောင်း အများစု ဝေဖန်နေကြရာ အဆိုပါ အခန်းငယ်များ ထည့်သွင်းတည်ဆောက် ထားခြင်းမရှိကြောင်း ကမ္ဘာစေတီလမ်းပေါ်ရှိ မဏ္ဍပ်အများစုက ဆိုသည်။

"အဲဒီလိုအခန်းမျိုးတော့ ထည့်မဆောက်ပါဘူး။ ဒါပေမဲ့ မဏ္ဍပ်နောက်မှာတော့ ရေမပက်ချင်တဲ့သူတွေ ဆင်းနားနေလို့ရအောင် နားလို့ရတဲ့ နေရာတွေကိုတော့ လူတွေမြင်သာအောင်တော့ လုပ်ထားပါတယ်" ဟု ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်တစ်ခုက ဆိုသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် မဏ္ဍပ်များ ပေးသွင်းရသော မဏ္ဍပ်ဆောက်လုပ်မှု အာမခံစပေါ်ငွေ၊ ရေဆက်သွယ်ခ၊ အမှိုက်သိမ်းဆည်းခ၊ လမ်းတံတားကြေးစသော အခွန်အခနှုန်းထားများ ယခင်နှစ်များ ကတည်းက တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ သို့သော် ယခုနှစ်စပွန်ဆာ ရရှိမှု များပြားခြင်းကြောင့် အခြားနှစ်များထက် အမြတ်အစွန်း ရရှိမှုများပြားမည်ဟုလည်း ခန့်မှန်းနေကြသည်။

မဏ္ဍပ်တွေကို ကန်တော်ကြီးနဲ့ အင်းလျားကန်က အဓိက ရေပေးမယ်

ရေကစား မဏ္ဍပ်များအတွက် အသုံးပြုမည့် ရေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ပိုက်လိုင်းများ၊ ကန်တော်ကြီးနှင့် အင်းလျားကန်တို့မှ အဓိက ပေးဝေမည်ဖြစ်ပြီး ကမ္ဘာအေးစေတီလမ်း၊ ပြည်လမ်းတို့ရှိ ရေကစားမဏ္ဍပ်များအား အင်းလျားကန်မှ ပေးဝေမည်ဖြစ်ပြီး ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များအား ကန်တော်ကြီးမှ အဓိကပေးဝေမည် ဖြစ်ကြောင်းနှင့် အခြားနေရာများမှ မဏ္ဍပ်များကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ရေပိုက်လိုင်းများမှ ပေးဝေမည်ဖြစ်သည်။

လည်မယ့်သူတွေလည်း ရှိတယ်

လက်ရှိ ရာသီဥတု အခြေအနေအရ ပူပြင်းမှုအပြင် ယာဉ်ကြောပိတ်ဆို့မှု များကြောင့်လည်း သင်္ကြန်ကာလ ကားဖြင့်လည်ပတ်မည့် အစီအစဉ်မှာမူ နည်းပါးမည်ဟု ခန့်မှန်းထားကြသော်လည်း မိမိအစီအစဉ်ဖြင့် လည်ပတ်မည့် သူများလည်း ကိုယ်စီရှိနေကြကြောင်း၊ သို့သော် ယခင်နှစ်ထက် လည်ပတ်ရန် ကားငှားရမ်းမှု နည်းပါးနေသည်ဟု သိရပြီး ကားငှားရမ်းခ အနေဖြင့် တစ်ရက်လျှင် ကျပ်တစ်သိန်းနှစ်သောင်းခန့် ရှိသည်ဟု သိရသည်။

တရားစခန်းဝင်မယ့် သူလည်းများတယ်

ယခုနှစ်သင်္ကြန် ကာလအတွင်း တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှု များပြားလျက်ရှိပြီး စာရင်းပေးသွင်းသူ အများစုမှာ လူငယ်များဖြစ်ကာ အချို့တရားစခန်းများတွင် သတ်မှတ်လူဦးရေထက် ကျော်လွန်လက်ခံ နေရသည်ဟု တရားစခန်းများမှ သိရသည်။

"အစ်မတို့ဆီမှာ တရားစခန်းဝင်ဖို့ စာရင်းပေးထားတာ ၇၈၀ ကျော်ရှိပါတယ်။ ဒါတောင် နယ်ကလာတဲ့သူတွေ မပါသေးဘူး" ဟု ပုညာရာမ မိုးကုတ်ဝိပဿနာ ကျောင်းတိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သင်္ကြန်ကာလသည် မြန်မာလူမျိုးတို့၏ ရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်သည့်အတွက် အားလုံးပါဝင် ဆင်နွှဲလိုကြသော်လည်း လက်ရှိဖြစ်ပေါ်နေသာ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်  ငွေကြေးအကျပ်အတည်း များကိုလည်း ချင့်ချိန်နေကြရသည်။ ယင်းအခြေအနေများကြောင့် သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲ လိုသော်လည်း ပါဝင်ခွင့် မရရှိသူများလည်း ရှိနေကြမည်ဖြစ်သည်။

သင်္ကြန်နဲ့ လုံခြုံရေး

ယခုနှစ်ပိုင်းတွင် သင်္ကြန်ဟုဆိုလိုက်လျှင် လုံခြုံရေးကိုပါ တွဲမြင်လာကြပြီး ၂၀၁၀ ပြည့်နှစ် သင်္ကြန်အကြတ်နေ့က ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဖြစ်ပွားခဲ့သော  မိဘပြည်သူများစွာ ထိတ်လန့်မှု ဖြစ်ပွားခဲ့ရသည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန်လည်း မျှော်လင့်နေပြီး လုံခြုံရေးဆိုင်ရာ ကိစ္စအား များစွာစိုးရိမ် ထိတ်လန့်နေကြသည်ဟု သိရသည်။ သို့သော်လည်း တစ်နှစ်တစ်ခါသာ ကျရောက်သည့် သင်္ကြန်ပွဲတော်ဖြစ်၍ လုံခြုံရေးကိစ္စအား မေ့ထားကာ ပျော်ရွှင်မည့် သူများလည်း ရှိနေသည်။

ရန်ကုန်သင်္ကြန်အတွက် လုံခြုံရေးဆိုင်ရာ ကွပ်ကဲမှုရုံးကို သုံးနေရာ ထားရှိမည်ဖြစ်ပြီး ကန်တော်ကြီး ကန်ပတ်လမ်းရှိ သိမ်ဖြူမိုးလုံလေလုံ အားကစားရုံတွင် ကွပ်ကဲမှုရုံးတစ်ခု ထားရှိမည်ဖြစ်ကြောင်း၊ အလားတူ မြို့တော်စည်ပင်ကလည်း အင်းလျားကန်ပေါင်များတွင် အများအပြည်သူ အန္တရာယ်မဖြစ်ပွားအောင် စောင့်ကြည့်မှုများ ရှိမည်ဖြစ်ကြောင်း၊ မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး တုတ် ဓား လက်နက်များ ကိုင်ဆောင်ခြင်း မပြုရန်လည်း အသိပေးထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီ ၁ ရက်တွင် ပြောကြားထားသည်။

မဏ္ဍပ်တွေ CCTV အလုံအလောက် တပ်ရမယ်

သင်္ကြန်ဏ္ဍပ်များ အနေဖြင့် လုံခြုံရေးပိုင်းဆိုင်ရာကို ပိုမိုဂရုပြုရန် ညွှန်ကြားထားပြီး မဏ္ဍပ်အကြီးတစ်ခုလျှင် CCTV ကင်မရာ အကြီးတစ်လုံးနှင့် Fix ကင်မရာ လေးလုံး၊ မဏ္ဍပ်အလတ် တစ်ခုလျှင် ကင်မရာအကြီး တစ်လုံးနှင့် Fix ကင်မရာ သုံးလုံးတင်ဆင်ရန်နှင့် မဏ္ဍပ်များတွင် လုံခြုံရေး ၀န်ထမ်းများကိုလည်း အလုံအလောက် ခန့်အပ်ထားရန် တင်းကျပ်ထားသည်ဟု သိရသည်။ CCTV ကင်မရာများ၏ နေ့စဉ်မှတ်တမ်းများအား သက်ဆိုင်ရာ ကွပ်ကဲမှုရုံးသို့ ညစဉ် ၈ နာရီ ထက် နောက်မကျဘဲ ပေးပို့တင်ပြရမည်ဟုလည်း စည်းကမ်းထုတ်ပြန်ထားသည်။

သင်္ကြန်အထူးတရားရုံးတွေ ဖွင့်စစ်မယ်

သင်္ကြန်အထူး တရားရုံးများတွင် သင်္ကြန်နှင့် ဆက်နွှယ်ဖြစ်ပွားသည့် သာမန်မှုခင်းလေးများကို ချက်ချင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် သင်္ကြန်ကာလတွင်းက သင်္ကြန်နှင့်ဆက်နွယ် ဖြစ်ပွားသည့် ပြစ်မှုပေါင်း ၁၆၉ မှုရှိခဲ့ပြီး ယစ်မျိုး ၉၁၊ ခိုးမှု(နှိုက်) ၄၁ မှု၊ ခိုက်ရန် ၁၅ မှုစသည်တို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သင်္ကြန်တွင်း ကားပိတ်ဆို့မှုကို ဘယ်လိုရှင်းမလဲ

သင်္ကြန်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ရှင်းလင်းရန်နှင့် စည်းကမ်းပျက် မောင်းနှင်သည့် မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူရန် ယာဉ်ထိန်းတပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှုကို အမြန်ဆုံးဖြေရှင်းနိုင်ရန် ရန်ကုန်မြို့အတွင်းရှိ Down Town မြို့နယ် ခြောက်မြို့တွင် ကားဆွဲကရိန်းကားများ ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်သင်္ကြန် ကာလတွင်း ယာဉ်တိုက်မှု အနေဖြင့်လည်း ၂၀၁၃ ခုနှစ် သင်္ကြန်တွင် ယာဉ်တိုက်မှု ၄၆ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ လေးဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၉၂ ဦး အထိ ရှိခဲ့ကြောင်း သိရသည်။

Eleven Media Group 

ဧပြီ ၁၀ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ ရေကစား မဏ္ဍပ်တစ်ခုပေါ်မှ ရေစမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်) 
ဧပြီ ၁၀ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ ရေကစား မဏ္ဍပ်တစ်ခုပေါ်မှ ရေစမ်းနေသည်ကို တွေ့ရစဉ် 
 
မြန်မာလူမျိုးများ၏  ရိုးရာပွဲတော် တစ်ခုဖြစ်သည့် မဟာသင်္ကြန်ပွဲတော် ရောက်ရှိရန် တစ်ရက်သာလိုတော့ပြီး သင်္ကြန်ပွဲတော်ကို ဆင်နွှဲရန်အတွက် ကြိုတင်ပြင်ဆင် နေပြီဖြစ်သည်။
ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်အပေါ် စိတ်ဝင်စားမှု အနေအထားမှာ ယခင်နှစ်ထက် ပိုများပြားနေသည်ဟု ဆိုကြပြီး သင်္ကြန်မဏ္ဍပ် ထိုင်မည့်သူများ၊ လည်ပတ်မည့် သူများလည်း အများအပြား ရှိနေကြသည်။

ရန်ကုန်သင်္ကြန် ရေကစားမဏ္ဍပ် ၁၀၀ နီးပါးရှိမယ်
ရန်ကုန်သင်္ကြန်တွင် ရေကစားမဏ္ဍပ်များ အနေဖြင့် နှစ်စဉ်စည်ကား နေကြဖြစ်သော ကမ္ဘာအေးစေတီလမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ် အများဆုံး တည်ရှိမည်ဖြစ်ပြီး ကန်တော်ကြီး ကန်ပတ် လမ်းတွင် မဏ္ဍပ်အကြီး ၁၈ ခု၊ ကမ္ဘာအေးစေတီလမ်းတွင် မဏ္ဍပ်အကြီး ၁၂ ခု၊ ပြည်လမ်းတွင် သုံးခု၊ သိမ်ဖြူယာဉ်မောင်းကွင်းရှေ့ ဦးအောင်မြတ်လမ်းတွင် သုံးခု ဆရာစံလမ်းတွင် လေးခု၊ ကမ်းနားလမ်း တွင် နှစ်ခုအပါအ၀င် ရန်ကုန်မြို့နေရာ အနှံ့တွင် ရေကစားမဏ္ဍပ် အကြီး အသေး စုစုပေါင်း ၁၀၀ နီးပါး ဆောက်လုပ်ခွင့် ချထားပေးခဲ့ကြောင်း မဏ္ဍပ်နေရာ ချထားပေးရေး ကော်မတီက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်ဆောက်လုပ်မှု အခြေအနေအရ ရေကစားမဏ္ဍပ် ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ်အကြီး ၁၅ ခု၊ ကမ္ဘာအေး စေတီလမ်းတွင် ကိုးခု၊ ပြည်လမ်းတွင် မဏ္ဍပ် အကြီး လေးခု၊ ရန်ကင်းဆရာစံ ပန်းခြံရှေ့တွင် တစ်ခု၊ ဘုရင့်နောင်လမ်းပေါ်တွင် ငါးခု၊ ကမ်းနား လမ်း တွင် နှစ်ခု၊ အပါအ၀င် မဏ္ဍပ်စုစုပေါင်း ၅၀ ခွင့်ပြုခဲ့ပြီး ကမ္ဘာအေးစေတီ လမ်းပေါ် ရှိ ရေကစား မဏ္ဍပ်များတွင် ရေကစားသူ များပြားခဲ့သော်လည်း ကန်တော်ကြီးပတ်လမ်းရှိ မဏ္ဍပ်များသို့ ရေ လာရောက် ကစားသူ အရေအတွက် နည်းပါးခဲ့ကာ အရှုံးပေါ်ခဲ့သည်ဟု ယခင်နှစ် မဏ္ဍပ်ဆောက်လုပ်သူ အချို့၏ ပြောကြားချက်များအရ သိရသည်။

ယင်းအခြေအနေများကြောင့် ယခုနှစ် သင်္ကြန်တွင်လည်း မဏ္ဍပ်ဆောက်လုပ်ရန် လျှောက်ထားမှု နည်းပါးခဲ့ မည်ဟု ခန့်မှန်းခဲ့သော်လည်း မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသူ ယခင်နှစ်ထက် များပြားခဲ့ပြီး မဏ္ဍပ် အကြီး လျှောက်ထားသူ စုစုပေါင်း ၂၀၀ ကျော်ရှိကြောင်း သိရသည်။

မဏ္ဍပ်ပါမစ်ဈေး စံချိန်တင်မြင့်တက်ခဲ့တဲ့နှစ်
မဏ္ဍပ်လျှောက်ထားသူများတွင် အရှုံးအမြတ်ကို မကြည့်ဘဲ ပျော်ချင်ရုံသက်သက်ဖြင့် ကိုယ်တိုင် မဏ္ဍပ် ဆောက် လုပ်လျှောက်ထား သူများလည်း ပါဝင်သလို မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်ကို အခြားသူ တစ်ဦးထံသို့ လက်လွှဲရောင်းချသည့် သူများလည်း ပါဝင်ခဲ့ပြီး ယခုနှစ် မဏ္ဍပ်ပါမစ် တစ်စောင်လျှင် ကျပ်သိန်း ၂၀၀ မှ ၃၀၀ အထိ ပေါက်ဈေးရှိခဲ့သည်ဟု သိရပြီး ယခင်နှစ် မဏ္ဍပ်ပါမစ်ဈေးနှုန်းမှာ ကျပ်သိန်း ၁၅၀ လောက်အထိသာ ရှိခဲ့ကြောင်း မဏ္ဍပ်ဆောက်လုပ်မည့်သူ အသိုင်းအ၀ိုင်းမှ သိရသည်။

ယင်းသို့ ပါမစ်များကို လက်လွှဲရောင်းချပါက ဒဏ်ကြေးငွေကို ကျပ်သိန်း ၅၀ အထိ ပေးဆောင်ရမည်ဟု စည်းကမ်းချက် ထုတ်ထားသော်လည်း ရောင်းချမှုများ ရှိနေဆဲပင်ဖြစ်ပြီး ထိုသို့လက်လွှဲ ရောင်းချမှုမှာ အစိုးရဌာနများနှင့် နီးစပ်သူများသာ ဖြစ်လိမ့်မည်ဟုလည်း ပြောဆိုမှုများ ရှိနေသည်။

ရန်ကုန်သင်္ကြန် ကမ္ဘာအေးစေတီလမ်းမှာလား
ယခုနှစ်ရန်ကုန်သင်္ကြန်မှာ ကမ္ဘာအေးစေတီလမ်းမှာ အစည်ကားဆုံးဖြစ်မည်ဟု ခန့်မှန်းထားကြပြီး လက်ရှိရေကား မဏ္ဍပ် အနေ ထားများအရလည်း ကမ္ဘာအေးစေတီလမ်းပေါ်ရှိ မဏ္ဍပ်များမှာ အပြင်အဆင် ပိုင်း၌ ပိုမို ခမ်းနားနေပြီး မဏ္ဍပ်ထိုင်ရန် စိတ်ဝင်စားမှုမှာလည်း ကန်တော်ကြီးပတ်လမ်း ထက် မြင့်တက်နေ သည်ဟု သိရသည်။ မဏ္ဍပ်လက်မှတ်ခ နှုန်းထားများအနေဖြင့် ယခုနှစ်နှုန်းထားမှာ အခြားနှစ်များနှင့် မတူသည့် နှုန်းထားများဖြစ်နေပြီး သင်္ကြန်ရက် အကုန်လုံး ထိုင်မည်ဆိုပါက ယခင်နှစ် အများဆုံး ကျပ်လေးသောင်းခွဲ အထိသာ ရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ်ခြောက်သောင်းကျော်အထိ ပေါက်ဈေး ရှိနေပြီး VIP လက်မှတ် ဆိုပါက ကျပ်တစ်သိန်းခွဲအထိ ပေါက်ဈေးရှိနေသည်။

မဏ္ဍပ်လက်မှတ်တွေ ကုန်တော့မယ်               
သို့သော် ကန်တော်ကြီးပတ်လမ်းရှိ မဏ္ဍပ်လက်မှတ်ခမှာ ကမ္ဘာအေးစေတီလမ်းထက် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ကြား သက်သာသည်ဟု သိရပြီး မဏ္ဍပ်လက်မှတ်များမှာ ကုန်သလောက်နီးပါး ရောင်းချပြီးနေပြီဟု သိရသည်။     

"အခုလက်မှတ်ရောင်းတာက ကုန်သလောက်နီးပါး ရှိနေပါပြီ။ ကျွန်တော်တို့ မှန်းထားတဲ့ လူဦးရေကို ကျော် လွန်ပြီး လက်မှတ်ရောင်းခဲ့ ရတဲ့အတွက် လက်မှတ်ဈေးနှုန်းတွေကို ဆွဲတင်လိုက်ရပါတယ်။ သင်္ကြန်တွင်းမှာ ဆိုရင်လည်း နဂိုသတ်မှတ်ထားတဲ့ ဈေးတွေထက်ကို ကျပ် ၁၀၀၀၀ လောက်ပိုပြီး ဈေးတက်နိုင် ပါတယ်။ ဈေးမြင့်တက်ပေမယ့် လက်မှတ်ဝယ်ကြတာ များတဲ့အတွက် အခုရာခိုင်နှုန်း  ၇၀ လောက် ရောင်းပြီး သွားပါပြီ။ ကျွန်တော်တို့မဏ္ဍပ်က လူ ၃၀၀၀ လောက် ရေကစားနိုင်ပါတယ်" ဟု ကမ္ဘာအေးစေ တီ လမ်းပေါ်ရှိ Titan မဏ္ဍပ်မှ ကိုအောင်ဦးထွန်းက ဆိုသည်။

"သင်္ကြန်းနီးလာတဲ့ အတွက်ကြောင့် ဈေးတိုးမြှင့်တာက လူအရမ်းများမှာ စိုးလို့ပါ။ သတ်မှတ်တဲ့ လူဦးရေ စောစောပြည့်အောင် ဈေးနှုန်းတိုးလိုက်တာပါ။ သင်္ကြန်အပေါ် လူငယ်တွေ တော်တော်များများက စိတ်ဝင်စားတဲ့အတွက် လက်မှတ်ရောင်းအားကတော့ အခုထိ ရာခိုင်နှုန်း ၇၀ လောက် ရောင်းပြီးပြီနေပါပြီ" ဟု ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ Project-X မဏ္ဍပ်မှ ကိုအောင်ကောင်းဆက်ကလည်း ပြောကြားသည်။

မဏ္ဍပ်တွေရဲ့ ၀န်ဆောင်မှု အပြိုင်အဆိုင် မြှင့်နေ
မဏ္ဍပ်လက်မှတ်ခ ဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ မဏ္ဍပ်မှ ပြန်လည်ပေးအပ်မည့် အစားအသောက် ကားပါကင် နေ့စဉ်ကံစမ်းမဲစသော ၀န်ဆောင်မှုအချို့ကိုလည်း အပြိုင်အဆိုင် တိုးမြှင့်ထားသည်ဟု သိရပြီး ကန်တော်ကြီး ကန်ပတ်လမ်းရှိ Out of Control မဏ္ဍပ်တွင် ရေကူးကန်သဘောမျိုးပင် ပါဝင်မည်ဟု ကြေ ညာ ထားသည်။

"ကျွန်တော်တို့ အစားအသောက်ကို ဖော့ဘူးနဲ့ မကျွေးဘူး။ မဏ္ဍပ်မှာဟင်း သုံး၊ လေး မျိုးနဲ့ မနက် ၁၀ နာရီ ကနေ မွန်းလွဲ ၂ နာရီအတွင်း ကြိုက်ရာစားနိုင်အောင် စီစဉ်ထားတယ်။  ပြီးတော့ ဘားကောင်တာလို ပုံစံမျိုးပါ အောင်ထည့်ထားတယ်" ဟု 14 Club မဏ္ဍပ်မှ ကိုငြိမ်းချမ်းကျော်က ဆိုသည်။

စပွန်ဆာတွေ မျက်စိကျတဲ့ ဒီနှစ်သင်္ကြန် ယခုနှစ်ရန်ကုန် သင်္ကြန်အား ပိုမိုစည်ကားနိုင်မည်ဟု မှန်း ထားသောကြောင့် မဏ္ဍပ်စပွန်ဆာ ပေးလိုသူများ မျက်စိကျခဲ့ကြပြီး ယခင်နှစ်များက စပွန်ဆာ ပေးလိုသူများ ကို လိုက်လံရှာဖွေ နေရသော်လည်း ယခုနှစ်တွင် စပွန်ဆာအတွက် အခက်အခဲ မရှိခဲ့ကြောင်းနှင့် အချို့ကုမ္ပဏီများမှာ မဏ္ဍပ်နှစ်ခုအထိ တစ်ပြိုင်နက်စပွန်ဆာ ပေးမှုများပင် ရှိသည်ဟု မဏ္ဍပ်ဆောက်လုပ်သူ အသိုင်းအ၀ိုင်းမှ သိရသည်။

"မနှစ်ကထက်စာရင် စပွန်ဆာပိုပေးတော့ ဘတ်ဂျက်ကလည်း ပိုကောင်းလာတယ်။ မဏ္ဍပ်ကလည်း အရင်နှစ်တွေထက် ပိုပြီးချဲ့လို့ရတယ်။ ပြီးတော့ ၀န်ဆောင်မှုကိုလည်း ပိုကောင်းအောင် လုပ်လို့ရတယ်။ စပွန်ဆာပေးတဲ့သူတွေ များတဲ့အတွက် အရင်နှစ်တွေကထက် Trend လည်း ပြောင်းသွားပါတယ်" ဟု ကန်တော်ကြီး ကန်ပတ်လမ်းရှိ Black Culture မဏ္ဍပ်မှ ကိုဟိန်းအောင်စိုးက ဆိုသည်။

ယခုနှစ် မဏ္ဍပ်ဆောက်လုပ်သည့်သူ အချို့မှာ ၎င်းတို့မဏ္ဍပ်မှ ရရှိသည့် အကျိုးအမြတ်အချို့ကို ဘုန်းတော် ကြီး ကျောင်းများသို့ ခွဲဝေလှူဒါန် သွားမည်ဟုလည်း ဆိုကြသည်။

မဏ္ဍပ်မှာ နားနေခန်းတွေ ပါမယ်ဆိုတဲ့ ကိစ္စ

ယခုနှစ်သင်္ကြန် မဏ္ဍပ်များတွင် နားနေခန်းကဲ့သို့ အခန်းငယ်များ ထည့်သွင်းဆောက်လုပ် ထားသည်ဟု သတင်းများ ထွက်ပေါ်နေရာ ယင်းကိစ္စရပ်မှာ မဖြစ်သင့်ကြောင်း အများစု ဝေဖန်နေကြရာ အဆိုပါ အခန်း ငယ်များ ထည့်သွင်းတည်ဆောက် ထားခြင်းမရှိကြောင်း ကမ္ဘာစေတီလမ်းပေါ်ရှိ မဏ္ဍပ်အများစုက ဆိုသည်။

"အဲဒီလိုအခန်းမျိုးတော့ ထည့်မဆောက်ပါဘူး။ ဒါပေမဲ့ မဏ္ဍပ်နောက်မှာတော့ ရေမပက်ချင်တဲ့သူတွေ ဆင်းနားနေလို့ရအောင် နားလို့ရတဲ့ နေရာတွေကိုတော့ လူတွေမြင်သာအောင်တော့ လုပ်ထားပါတယ်" ဟု ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်တစ်ခုက ဆိုသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် မဏ္ဍပ်များ ပေးသွင်းရသော မဏ္ဍပ်ဆောက်လုပ်မှု အာမခံစပေါ်ငွေ၊ ရေ ဆက်သွယ်ခ၊ အမှိုက်သိမ်းဆည်းခ၊ လမ်းတံတားကြေးစသော အခွန်အခနှုန်းထားများ ယခင်နှစ်များ ကတည်း က တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ သို့သော် ယခုနှစ်စပွန်ဆာ ရရှိမှု များပြားခြင်းကြောင့် အခြားနှစ် များထက် အမြတ်အစွန်း ရရှိမှုများပြားမည်ဟုလည်း ခန့်မှန်းနေကြသည်။

မဏ္ဍပ်တွေကို ကန်တော်ကြီးနဲ့ အင်းလျားကန်က အဓိက ရေပေးမယ်
ရေကစား မဏ္ဍပ်များအတွက် အသုံးပြုမည့် ရေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ပိုက်လိုင်းများ၊ ကန်တော်ကြီးနှင့် အင်းလျားကန်တို့မှ အဓိက ပေးဝေမည်ဖြစ်ပြီး ကမ္ဘာအေးစေတီ လမ်း၊ ပြည် လမ်းတို့ရှိ ရေကစားမဏ္ဍပ်များအား အင်းလျားကန်မှ ပေးဝေမည်ဖြစ်ပြီး ကန်တော်ကြီး ကန်ပတ် လမ်းရှိ မဏ္ဍပ်များအား ကန်တော်ကြီးမှ အဓိကပေးဝေမည် ဖြစ်ကြောင်းနှင့် အခြားနေရာများမှ မဏ္ဍပ်များကို မူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ရေပိုက်လိုင်းများမှ ပေးဝေမည်ဖြစ်သည်။

လည်မယ့်သူတွေလည်း ရှိတယ်
လက်ရှိ ရာသီဥတု အခြေအနေအရ ပူပြင်းမှုအပြင် ယာဉ်ကြောပိတ်ဆို့မှု များကြောင့်လည်း သင်္ကြန်ကာလ ကားဖြင့်လည်ပတ်မည့် အစီအစဉ်မှာမူ နည်းပါးမည်ဟု ခန့်မှန်းထားကြသော်လည်း မိမိအစီအစဉ်ဖြင့် လည်ပတ်မည့် သူများလည်း ကိုယ်စီရှိနေကြကြောင်း၊ သို့သော် ယခင်နှစ်ထက် လည်ပတ်ရန် ကားငှားရမ်းမှု နည်းပါးနေသည်ဟု သိရပြီး ကားငှားရမ်းခ အနေဖြင့် တစ်ရက်လျှင် ကျပ်တစ်သိန်းနှစ်သောင်းခန့် ရှိသည်ဟု သိရသည်။

တရားစခန်းဝင်မယ့် သူလည်းများတယ်
ယခုနှစ်သင်္ကြန် ကာလအတွင်း တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှု များပြားလျက်ရှိပြီး စာရင်းပေးသွင်းသူ အများစုမှာ လူငယ်များဖြစ်ကာ အချို့တရားစခန်းများတွင် သတ်မှတ်လူဦးရေထက် ကျော်လွန် လက်ခံ နေရ သည်ဟု တရားစခန်းများမှ သိရသည်။

"အစ်မတို့ဆီမှာ တရားစခန်းဝင်ဖို့ စာရင်းပေးထားတာ ၇၈၀ ကျော်ရှိပါတယ်။ ဒါတောင် နယ်ကလာတဲ့ သူတွေ မပါသေးဘူး" ဟု ပုညာရာမ မိုးကုတ်ဝိပဿနာ ကျောင်းတိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သင်္ကြန်ကာလသည် မြန်မာလူမျိုးတို့၏ ရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်သည့်အတွက် အားလုံးပါဝင် ဆင်နွှဲ လိုကြသော်လည်း လက်ရှိဖြစ်ပေါ်နေသာ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်  ငွေကြေးအကျပ်အတည်း များကိုလည်း ချင့်ချိန်နေကြရသည်။ ယင်းအခြေအနေများကြောင့် သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲ လိုသော်လည်း ပါဝင်ခွင့် မရရှိသူများလည်း ရှိနေကြမည်ဖြစ်သည်။

သင်္ကြန်နဲ့ လုံခြုံရေး
ယခုနှစ်ပိုင်းတွင် သင်္ကြန်ဟုဆိုလိုက်လျှင် လုံခြုံရေးကိုပါ တွဲမြင်လာကြပြီး ၂၀၁၀ ပြည့်နှစ် သင်္ကြန် အကြတ်နေ့ က ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဖြစ်ပွားခဲ့သော  မိဘပြည်သူ များစွာ ထိတ်လန့်မှု ဖြစ်ပွားခဲ့ရသည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန်လည်း မျှော်လင့်နေပြီး လုံခြုံရေးဆိုင်ရာ ကိစ္စအား များစွာစိုးရိမ် ထိတ်လန့်နေကြသည်ဟု သိရသည်။ သို့သော်လည်း တစ်နှစ်တစ်ခါသာ ကျရောက်သည့် သင်္ကြန်ပွဲတော်ဖြစ်၍ လုံခြုံရေးကိစ္စအား မေ့ထားကာ ပျော်ရွှင်မည့် သူများလည်း ရှိနေသည်။

ရန်ကုန်သင်္ကြန်အတွက် လုံခြုံရေးဆိုင်ရာ ကွပ်ကဲမှုရုံးကို သုံးနေရာ ထားရှိမည်ဖြစ်ပြီး ကန်တော်ကြီး ကန်ပတ်လမ်းရှိ သိမ်ဖြူမိုးလုံလေလုံ အားကစားရုံတွင် ကွပ်ကဲမှုရုံးတစ်ခု ထားရှိမည်ဖြစ်ကြောင်း၊ အလားတူ မြို့တော်စည်ပင်ကလည်း အင်းလျားကန်ပေါင်များတွင် အများအပြည်သူ အန္တရာယ်မဖြစ်ပွားအောင် စောင့် ကြည့် မှုများ ရှိမည်ဖြစ်ကြောင်း၊ မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး တုတ် ဓား လက်နက်များ ကိုင်ဆောင်ခြင်း မပြုရန်လည်း အသိပေးထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီ ၁ ရက်တွင် ပြောကြားထားသည်။

မဏ္ဍပ်တွေ CCTV အလုံအလောက် တပ်ရမယ်
သင်္ကြန်ဏ္ဍပ်များ အနေဖြင့် လုံခြုံရေးပိုင်းဆိုင်ရာကို ပိုမိုဂရုပြုရန် ညွှန်ကြားထားပြီး မဏ္ဍပ်အကြီးတစ်ခုလျှင် CCTV ကင်မရာ အကြီးတစ်လုံးနှင့် Fix ကင်မရာ လေးလုံး၊ မဏ္ဍပ်အလတ် တစ်ခုလျှင် ကင်မရာအကြီး တစ်လုံးနှင့် Fix ကင်မရာ သုံးလုံးတင်ဆင်ရန်နှင့် မဏ္ဍပ်များတွင် လုံခြုံရေး ၀န်ထမ်းများကိုလည်း အလုံအလောက် ခန့်အပ်ထားရန် တင်းကျပ်ထားသည်ဟု သိရသည်။ CCTV ကင်မရာများ၏ နေ့စဉ် မှတ်တမ်းများအား သက်ဆိုင်ရာ ကွပ်ကဲမှုရုံးသို့ ညစဉ် ၈ နာရီ ထက် နောက်မကျဘဲ ပေးပို့တင်ပြရ မည်ဟုလည်း စည်းကမ်းထုတ်ပြန်ထားသည်။

သင်္ကြန်အထူးတရားရုံးတွေ ဖွင့်စစ်မယ်
သင်္ကြန်အထူး တရားရုံးများတွင် သင်္ကြန်နှင့် ဆက်နွှယ်ဖြစ်ပွားသည့် သာမန်မှုခင်းလေးများကို ချက်ချင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် သင်္ကြန်ကာလတွင်းက သင်္ကြန်နှင့်ဆက်နွယ် ဖြစ်ပွား သည့် ပြစ်မှုပေါင်း ၁၆၉ မှုရှိခဲ့ပြီး ယစ်မျိုး ၉၁၊ ခိုးမှု(နှိုက်) ၄၁ မှု၊ ခိုက်ရန် ၁၅ မှုစသည်တို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သင်္ကြန်တွင်း ကားပိတ်ဆို့မှုကို ဘယ်လိုရှင်းမလဲ
သင်္ကြန်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ရှင်းလင်းရန်နှင့် စည်းကမ်းပျက် မောင်းနှင် သည့် မော်တော်ယာဉ် များကို ဖမ်းဆီးအရေးယူရန် ယာဉ်ထိန်းတပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော် အသုံးပြု မည်ဖြစ်ကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှုကို အမြန်ဆုံးဖြေရှင်းနိုင်ရန် ရန်ကုန်မြို့အတွင်းရှိ Down Town မြို့နယ် ခြောက်မြို့တွင် ကားဆွဲကရိန်းကားများ ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်သင်္ကြန် ကာလတွင်း ယာဉ်တိုက်မှု အနေဖြင့်လည်း ၂၀၁၃ ခုနှစ် သင်္ကြန်တွင် ယာဉ်တိုက်မှု ၄၆ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ လေးဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၉၂ ဦး အထိ ရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment