Tuesday, April 22, 2014

KIA တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး လက်နက်မဲ့အလင်းဝင်ရောက်


KIA တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး လက်နက်မဲ့အလင်းဝင်ရောက်

ဧပြီလ ၂၁ ရက် ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ် နန်းမွန်းကျေးရွာနေ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးသည် ၂၀၁၄ခုနှစ် အေပြီလ(၁၉)ရက်ေ န့တွင် မြစ်ကြီးနားမြို့ဌာနဆိုင်ရာရုံးသို့ လက်နက်မဲ့အလင်းဝင်ရောက် ခဲ့ကြောင်း ယင်းဌာနဆိုင်ရာရုံးမှ သိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးမှာ KIA တပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း(၂၆)ပြည်သူ့စစ်မှ အမှတ် ၂၀၁၃၆ ဗိုလ်အဆင့်ရှိ ခေါ်ယော်(၅၈)နှစ်(ဘ)ဦးယော်ခေါ်၊ နန်းမွန်းကျေးရွာ ကချင်စု ရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
`` သူက ၁၉၈၈ခုနှစ်မှာ KIA အဖွဲ့ထဲကနေ ထွက်လာပြီး မိသားစုနှင့်အတူ နန်းမွန်းရွာမှာ ပြန်နေတာ၊ တောင်သူလုပ်ငန်း လုပ်တယ်လို့သိရတယ်၊ ၂၀၁၁ခုနှစ်မှာ KIA အဖွဲ့က တပ်ဖွဲ့ဝင်ဟောင်းတွေကို စစ်မှုထမ်းဆောင် ဖို့ပြန်ခေါ်တဲ့အတွက် ပြန်သွားရတယ်လို့ပြောတယ်´´ ဟု ယင်းရုံးမှ ပြောရေးဆိုခွင့်ရှိသူ အရာရှိတစ်ဦးကဆိုသည်။

ယခုကာလတွင် KIA အဖွဲ့မှ ၄င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများအား ပြန် လည်စစ်မှုထမ်းရန် ခေါ်ယူနေမှုများကြောင့် အချို့တပ်ဖွဲ့ဝင်ဟောင်းများ မှာ နေရပ်များကိုစွန့်ခွာပြီး ပြောင်းရွှေ့တိမ်းရှောင်လျက်ရှိကြောင်း၊ အချို့ကမူ ပြန်လည်တာဝန် မထမ်းဆောင်လိုသဖြင့် ယခုကဲ့သို့အလင်းဝ င်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းသည် KIA (၂၆)တွင် ၂၀၁၃ခုနှစ်၊နိုဝင်ဘာလအထိ ပြည်သူ့စစ် အဖြစ်ပြန်လည်တာဝန်ထမ်းဆာင်ခဲ့ပြီး အောက်တိုဘာလမှစ၍ ၄င်းဆန္ဒ အလျှောက်နန်းမွန်းကျေးရွာသို့ ပြန်လည်နေထိုင်ရာမှ အလင်းဝင်ရောက်လြာ ခင်း ဖြစ်ကြောင်း ထွက်ဆိုချက်များအရ ယင်းအရာရှိက ဆက်လက်ပြောကြား သွားသည်။

၂၀၁၄ခုနှစ်အေပြီလမှစ၍ KIA  အဖွဲ့အနေဖြင့် နိုင်ငံရေး၊စစ်ရေး အခြေ အနေများကြောင့် ယခင်တပ်ဖွဲ့ဝင်ဟောင်းများအား ပြန်လည်တာ ၀န်ထမ်းေ ဆာင်ရန် ပြန်လည်ခေါ်ယူမှုများကြောင့် ဆက်လက်တာဝန် မထမ်းဆောင် လိုသော တပ်ဖွဲ့ဝင် ဟောင်းများမှ လက်နက်မဲ့အလင်းဝင်ရန် စီစဉ်နေ ကြကြောင်း အဆိုပါအလင်းဝင်သူ၏ ပြောပြချက်အား တာဝန်ရှိသူအရာ ရှိက ပြန်လည်ပြောကြားသွားခဲ့ပါသည်။ 

အယ်လ်နော်ဆိုင်း
ကချင်ပြည်နယ် နန်းမွန်းကျေးရွာနေ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးသည် ၂၀၁၄ခုနှစ် အေပြီလ(၁၉)ရက်ေ န့တွင် မြစ်ကြီးနားမြို့ဌာနဆိုင်ရာရုံးသို့ လက်နက်မဲ့အလင်းဝင်ရောက် ခဲ့ကြောင်း ယင်းဌာနဆိုင်ရာရုံးမှ သိရသည်။
အဆိုပါ အလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးမှာ KIA တပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း(၂၆)ပြည်သူ့စစ်မှ အမှတ် ၂၀၁၃၆ ဗိုလ်အဆင့်ရှိ ခေါ်ယော်(၅၈)နှစ်(ဘ)ဦးယော်ခေါ်၊ နန်းမွန်းကျေးရွာ ကချင်စု ရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
`` သူက ၁၉၈၈ခုနှစ်မှာ KIA အဖွဲ့ထဲကနေ ထွက်လာပြီး မိသားစုနှင့်အတူ နန်းမွန်းရွာမှာ ပြန်နေတာ၊ တောင်သူလုပ်ငန်း လုပ်တယ်လို့သိရတယ်၊ ၂၀၁၁ခုနှစ်မှာ KIA အဖွဲ့က
တပ်ဖွဲ့ဝင်ဟောင်းတွေကို စစ်မှုထမ်းဆောင် ဖို့ပြန်ခေါ်တဲ့အတွက် ပြန်သွားရတယ်လို့ပြောတယ်´´ ဟု ယင်းရုံးမှ ပြောရေးဆိုခွင့်ရှိသူ အရာရှိတစ်ဦးကဆိုသည်။
ယခုကာလတွင် KIA အဖွဲ့မှ ၄င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများအား ပြန် လည် စစ်မှုထမ်းရန် ခေါ်ယူနေမှု များကြောင့် အချို့တပ်ဖွဲ့ဝင်ဟောင်းများ မှာ နေရပ်များကို စွန့်ခွာပြီး ပြောင်းရွှေ့တိမ်းရှောင်လျက်ရှိကြောင်း၊ အချို့ကမူ ပြန်လည်တာဝန် မထမ်းဆောင်လိုသဖြင့် ယခုကဲ့သို့အလင်းဝ င်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းသည် KIA (၂၆)တွင် ၂၀၁၃ခုနှစ်၊နိုဝင်ဘာလအထိ ပြည်သူ့စစ် အဖြစ်ပြန်လည်တာဝန်ထမ်းဆာင် ခဲ့ပြီး အောက်တိုဘာလမှစ၍ ၄င်းဆန္ဒ အလျှောက်နန်းမွန်းကျေးရွာသို့ ပြန်လည်နေထိုင်ရာမှ အလင်းဝင်ရောက်လြာ ခင်း ဖြစ်ကြောင်း ထွက်ဆိုချက်များအရ ယင်းအရာရှိက ဆက်လက်ပြောကြား သွားသည်။
၂၀၁၄ခုနှစ်အေပြီလမှစ၍ KIA အဖွဲ့အနေဖြင့် နိုင်ငံရေး၊စစ်ရေး အခြေ အနေများကြောင့် ယခင်တပ်ဖွဲ့ဝင်ဟောင်းများအား ပြန်လည်တာ ၀န်ထမ်းေ ဆာင်ရန် ပြန်လည်ခေါ်ယူမှုများကြောင့် ဆက်လက်တာဝန် မထမ်းဆောင် လိုသော တပ်ဖွဲ့ဝင် ဟောင်းများမှ လက်နက်မဲ့အလင်းဝင်ရန် စီစဉ်နေ ကြကြောင်း အဆိုပါအလင်းဝင်သူ၏ ပြောပြချက်အား တာဝန်ရှိသူအရာ ရှိက ပြန်လည်ပြောကြား သွားခဲ့ပါသည်။
အယ်လ်နော်ဆိုင်း

KDN

No comments:

Post a Comment