Tuesday, April 22, 2014

သန္ဓေသားအလောင်းကို စွန့်ပစ်ဖျောက်ဖျက်သူအား အရေးယူ စုံစမ်းလျက်ရှိ

၂၁.၄.၂၀၁၄ ရက်နေ့ ၂၀၄၅ အချိန် ရန်ကင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် ရန်ကင်းမြို့နယ်၊ (၄)ရပ်ကွက်၊ ရန်နိုင်လမ်းဘေး မြို့မစာကြည့်တိုက် အနီးတွင် သေဆုံးနေသည့် သန္ဓေသားအား စွန့်ပစ် ထားသည်ကိုတွေ့ရှိ ရကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် ကျား/မ ခွဲခြား၍မရသော သေဆုံးနေသည့်
သန္ဓေသားအား မြက်ခြောက်များဖြင့် ဖုံးအုပ်ကာစွန့်ပစ်ထား သည်ကို တွေ့ရှိရပါသည်။
ယင်းကဲ့သို့ သန္ဓေသားအလောင်းကို စွန့်ပစ်ဖျောက်ဖျက်သူအား အရေးယူနိုင်ရန်အတွက် ရန်ကင်းမြို့မ ရဲစခန်း (ပ)၇၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၁၈ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။
 Yangon Police

No comments:

Post a Comment