Friday, May 16, 2014

ရာဇာမင်းမှန်လုံယာဉ်မှ ယာဉ်မောင်း လိုင်စင်ပိတ်သိမ်းခံထားရသည့် ကာလအတွင်း ယာဉ်မောင်း လိုင်စင်မရှိဘဲ ယာဉ် တက်ရောက် မောင်းနှင်ကြောင်း ပေါ်ပေါက် ယာဉ်မောင်း လိုင်စင် ရာသက်ပန် ပိတ်သိမ်း နိုင်သည်အထိ အရေးယူရန် ဆောင်ရွက်နေ

မေ ၁၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က ၁၄ ဦးသေဆုံးပြီး လူ ၃၀ ဒဏ်ရာရရှိခဲ့သည့် ရာဇာမင်း မှန်လုံယာဉ် တိမ်းမှောက်ခဲ့မှု ဖြစ်စဉ်တွင် အဆိုပါယာဉ်အား မောင်းနှင်သူမှာ ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံသူဖြစ်ကြောင်း သိရှိရပြီး ၄င်းအား ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူနိုင်ရေး ဆောင်ရွက်ထားကြောင်း သိရှိရသည်။
ရာဇာမင်း မှန်လုံယာဉ်၏ ယာဉ်မောင်း ဦးမင်းခန့် (ခ) ထွန်းခန့်စိုး သည် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်အတွင်း ၄င်းမောင်းနှင်သော ယာဉ်ဖြင့် ဆလွန်းယာဉ်နှင့်
လိုက်ထရပ်ယာဉ်တို့အား တိုက်မိခဲ့သဖြင့် ၄င်း၏ ယာဉ်မောင်း လိုင်စင် အမှတ် င/ ၁၃၀/၁၁ အား သုံးနှစ် ပိတ်သိမ်း ခံထားရသူ ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်တွင် ယာဉ်မောင်း လိုင်စင် ပိတ်သိမ်းခံထားရသည့် ကာလ အတွင်း ယာဉ်မောင်း လိုင်စင်မရှိဘဲ ယာဉ်အား တက်ရောက် မောင်းနှင်ရာမှ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ကာ လူအများသေဆုံး၊ ဒဏ်ရာရရှိ စေခဲ့သဖြင့် ၄င်း၏ ယာဉ်မောင်းလိုင်စင်အား ရာသက်ပန် ပိတ်သိမ်းနိုင်ရေး အတွက် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

No comments:

Post a Comment