Friday, May 16, 2014

ဖွဲ့စည်းပုံပြင်ရေး ဥပဒေဘောင်တွင်းကလုပ်ဖို့ ဦးသိန်းစိန်ပြော

Photo: ဖွဲ့စည်းပုံပြင်ရေး ဥပဒေဘောင်တွင်းကလုပ်ဖို့ ဦးသိန်းစိန်ပြော 
Friday, May 16, 2014

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပညာရေးဝန်ကြီး အပါအဝင် ပြည်ထောင်စုဝန်ကြီး တချို့ဟာ မန္တလေးမြို့ကို ဒီကနေ့ရောက်ရှိလာပြီး မန္တလေးတိုင်းအတွင်း ၄၅ ရက်တာလုပ်ခဲ့တဲ့ စာမတတ်သူပပျောက်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လုပ်အားပေး ဆရာ ဆရာမတွေနဲ့ သင်တန်းသားတွေကို ဂုဏ်ပြုညစာစားပွဲနဲ့ ဧည့်ခံခဲ့ပါတယ်။

ဒီပွဲမှာ သမ္မတဦးသိန်းစိန်က မကြာခင်ကြုံတွေရတော့မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တရားမျှတပြီးလွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ကို ဥပဒေဘောင်အတွင်းက လုပ်ကိုင်ကြဖို့ ၊ ဒီကိစ္စတွေကြောင့် တိုင်းပြည် ဆူဆူပူပူ ဖြစ်မှာကို ဘယ်သူကမှ လိုလားမှာ မဟုတ်ကြောင်း ပြောသွားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲတွေ လုပ်မယ့်ခရီးစဉ်မတိုင်ခင် ချိန်ကိုက်လာတာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်တုံးကလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲမတိုင်ခင် မန္တလေးကို ဦးသိန်းစိန် ဒီလိုပဲ လာရောက်ခဲ့ဘူးပြီး စစ်ကိုင်းတက္ကသိုလ်အဆင့် ပေးသွားခဲ့တာမျိုးရှိခဲ့တယ်လို့ မန္တလေးမြို့က မြန်မာနိုင်ငံရှေ့နေများကွန်ယက်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက သုံးသပ်ပါတယ်။

ဦးသိန်းစိန်ဟာ နန်းတွင်းထဲကို သွားရောက်လေ့လာစစ်ဆေးခဲ့သလို အထွေထွေရောဂါကု ဆေးရုံကြီးနဲ့ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးကိုလည်း သွားရောက်စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း) 
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပညာရေးဝန်ကြီး အပါအဝင် ပြည်ထောင်စုဝန်ကြီး တချို့ဟာ မန္တလေးမြို့ကို ဒီကနေ့ရောက်ရှိလာပြီး မန္တလေးတိုင်းအတွင်း ၄၅ ရက်တာလုပ်ခဲ့တဲ့ စာမတတ်သူပပျောက်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လုပ်အားပေး ဆရာ ဆရာမတွေနဲ့ သင်တန်းသားတွေကို ဂုဏ်ပြုညစာစားပွဲနဲ့ ဧည့်ခံခဲ့ပါတယ်။

ဒီပွဲမှာ သမ္မတဦးသိန်းစိန်က မကြာခင်ကြုံတွေရတော့မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ကို ဥပဒေဘောင်အတွင်းက လုပ်ကိုင်ကြဖို့ ၊
ဒီကိစ္စတွေကြောင့် တိုင်းပြည် ဆူဆူပူပူ ဖြစ်မှာကို ဘယ်သူကမှ လိုလားမှာ မဟုတ်ကြောင်း ပြောသွား ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲတွေ လုပ်မယ့်ခရီးစဉ်မတိုင်ခင် ချိန်ကိုက်လာတာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်တုံးကလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲမတိုင်ခင် မန္တလေးကို ဦးသိန်းစိန် ဒီလိုပဲ လာရောက်ခဲ့ဘူးပြီး စစ်ကိုင်းတက္ကသိုလ်အဆင့် ပေးသွားခဲ့တာမျိုးရှိခဲ့တယ်လို့ မန္တလေးမြို့က မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက သုံးသပ်ပါတယ်။

ဦးသိန်းစိန်ဟာ နန်းတွင်းထဲကို သွားရောက်လေ့လာစစ်ဆေးခဲ့သလို အထွေထွေရောဂါကု ဆေးရုံကြီးနဲ့ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးကိုလည်း သွားရောက်စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment