Friday, May 2, 2014

eBay ကုမ္ပဏီမှ အလုပ်သမား ယှဉ်ပြိုင်ငှားရမ်းမှုအတွက် အမေရိကန် စည်းမျဉ်းထိန်းသိမ်းသူများအား ဒဏ်ကြေးပေးဆောင်ရ

အင်တာနက် လုပ်ငန်းကြီး တစ်ခုဖြစ်သည့် eBay မှ အလုပ်သမား ယှဉ်ပြိုင်ငှားရမ်းမှု ဆန့်ကျင်သည့် အမူအကျင့်များအပေါ်တွင်စွပ်စွဲမှုများနှင့် ပတ်သက်ပြီး နစ်နာကြေး ပေးအပ်သွားရန် သဘောတူညီခဲ့သည်။
အမေရိကန် စည်းမျဉ်းထိန်းသိမ်းသူများမှ သီးခြား တရားစွဲဆိုမှု နှစ်ခုတွင် eBay အား နည်းပညာ လုပ်ငန်းစု Intuit နှင့် တစ်ခု၏လုပ်သားများအား တစ်ခုမှ ငှားရမ်းခြင်း မပြုရန် သဘောတူညီခဲ့မှုဖြင့် စွပ်စွဲထားသည်။
eBay အနေဖြင့် ကာလီဖိုးနီးယား အစိုးရအား အမေရိကန် ဒေါ်လာ ၃.၇၅ သန်း ပေးဆောင်ရမည် ဖြစ်ပြီး ယှဉ်ပြိုင်ငှားရမ်းမှုဆန့်ကျင်သော အမူအကျင့်များမှ ရှောင်ကြဉ်ရမည် ဖြစ်သည်။


Photo: eBay ကုမ္ပဏီမှ အလုပ်သမား ယှဉ်ပြိုင်ငှားရမ်းမှုအတွက် အမေရိကန် စည်းမျဉ်းထိန်းသိမ်းသူများအား ဒဏ်ကြေးပေးဆောင်ရ 
Friday, May 2, 2014

အင်တာနက် လုပ်ငန်းကြီး တစ်ခုဖြစ်သည့် eBay မှ အလုပ်သမား ယှဉ်ပြိုင်ငှားရမ်းမှု ဆန့်ကျင်သည့် အမူအကျင့်များအပေါ်တွင်
စွပ်စွဲမှုများနှင့် ပတ်သက်ပြီး နစ်နာကြေး ပေးအပ်သွားရန် သဘောတူညီခဲ့သည်။

အမေရိကန် စည်းမျဉ်းထိန်းသိမ်းသူများမှ သီးခြား တရားစွဲဆိုမှု နှစ်ခုတွင် eBay အား နည်းပညာ လုပ်ငန်းစု Intuit နှင့် တစ်ခု၏
လုပ်သားများအား တစ်ခုမှ ငှားရမ်းခြင်း မပြုရန် သဘောတူညီခဲ့မှုဖြင့် စွပ်စွဲထားသည်။

eBay အနေဖြင့် ကာလီဖိုးနီးယား အစိုးရအား အမေရိကန် ဒေါ်လာ ၃.၇၅ သန်း ပေးဆောင်ရမည် ဖြစ်ပြီး ယှဉ်ပြိုင်ငှားရမ်းမှု
ဆန့်ကျင်သော အမူအကျင့်များမှ ရှောင်ကြဉ်ရမည် ဖြစ်သည်။

တရားစွဲဆိုမှုများအား အမေရိကန် တရားမျှတမှု ဌာန (DOJ) နှင့် ကာလီဖိုးနီးယား ရှေ့နေချုပ်တို့မှ ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နစ်နာကြေးမှ ကာလီဖိုးနီးယား တရားရုံးမှ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ eBay ရဲ့ Intuit နဲ့ သဘောတူညီချက်ဟာ ရည်ရွယ်ချက် မရှိပေမဲ့လည်း လုပ်ငန်းစု နှစ်ခုကြားက အလုပ်သမား ငှားရမ်းမှုအတွက်
ယှဉ်ပြိုင်ခြင်းကို ကန့်သတ်ရာရောက်စေခဲ့ပါတယ်။ အလုပ်သမား ဈေးကွက်ကို ပုံပျက်စေပြီး အလုပ်သမားတွေအတွက် ပိုမိုကောင်းမွန်တဲ့
အလုပ်အကိုင်နဲ့ ပိုပြီး ကောင်းမွန်တဲ့ လစာနှုန်းထားတွေကို ရရှိဖို့ အခွင့်အရေးတေါ ဆုံးရှုံးစေပါတယ် ” ဟု DOJ မှ လက်ထောက်
ရှေ့နေချုပ် ဘီလ်ဘဲမှ ကြေငြာချက်တွင် ပြောဆိုခဲ့သည်။

eBay မှ ၎င်းအနေဖြင့် ၂၀၁၀ ခုနှစ်ကတည်းက စပြီး အမေရိကရှိ စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် ပတ်သက်မည့် မည့်သည့်
အလုပ်သမား ငှားရမ်းမှုမျိုးတွင်မှ ပါဝင်လုပ်ဆောင်မှု မရှိခဲ့ကြောင်း ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ၎င်းတို့အနေဖြင့်
ယခု တရားစွဲဆိုမှုများကို ပြုလုပ်ခဲ့သည့် မူဝါဒသည် လက်ခံနိုင်ဖွယ် ရှိပြီး တရားမျှတသည်ဟု ယုံကြည်ကြောင်းနှင့် ယှဉ်ပြိုင်နေရသည့်
အရည်အချင်း ဈေးကွက်တွင် အလုပ်သမား ယှဉ်ပြိုင်ငှားရမ်းမှု မရှိသည့် အဖြစ်မျိုး ကင်းမဲ့သွားစေမည်ဟု ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့သည်။

ကာလီဖိုးနီးယားရုံးနှင့် သဘောတူညီချက်အရ eBay နှင့် Intuit တို့တွင် ၂၀၀၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်လုပ်ကိုင်ခဲ့သည့် နစ်နာရန်
အလားအလာရှိသော ကာလီဖိုးနီးယား နယ်သားများအား နစ်နာကြေး အမေရိကန်ဒေါ်လာ ၃.၇၅ သန်းကို eBay မှ ပေးဆောင်သွားရမည်
ဖြစ်သည်။ ထပ်မံပြီး လူမှုရေးဆိုင်ရာ ပြစ်ဒဏ်အနေဖြင့် အမေရိကန်ဒေါ်လာ ၂.၅ သိန်းကိုလည်း ပေးဆောင်ရမည် ဖြစ်သည်။

Intuit အဖွဲ့အစည်းမှာ အမေရိကန် စည်းမျဉ်းထိန်းသိမ်းသူများနှင့် ရင်ဆိုင်ခဲ့ရသည့် ၂၀၁၀ ခုနှစ်က တရားစွဲဆိုမှုတွင် သဘောတူညီ
ရှင်းလင်းခဲ့ပြီးဖြစ်သောကြောင့် ယခုနစ်နာကြေး ပေးရမည့် အစီအစဉ်တွင် ပါဝင်ခြင်း မရှိပေ။

ယခု လှုပ်ရှားမှုများမှာ Apple၊ Google၊ Adobe နှင့် Intel ကုမ္ပဏီများမှ သီးခြား အဆင့်အတန်းရှိ အလားတူ တရားစွဲဆိုမှုများကို
ရင်ဆိုင်ဖြေရှင်းခဲ့ရပြီးနောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကုမ္ပဏီကြီးများ၏ သဘောတူညီချက်အား ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

BBC 

တရားစွဲဆိုမှုများအား အမေရိကန် တရားမျှတမှု ဌာန (DOJ) နှင့် ကာလီဖိုးနီးယား ရှေ့နေချုပ်တို့မှ ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နစ်နာကြေးမှ ကာလီဖိုးနီးယား တရားရုံးမှ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“ eBay ရဲ့ Intuit နဲ့ သဘောတူညီချက်ဟာ ရည်ရွယ်ချက် မရှိပေမဲ့လည်း လုပ်ငန်းစု နှစ်ခုကြားက အလုပ်သမား ငှားရမ်းမှုအတွက်ယှဉ်ပြိုင်ခြင်းကို ကန့်သတ်ရာရောက်စေခဲ့ပါတယ်။အလုပ်သမား ဈေးကွက် ကို ပုံပျက်စေပြီး အလုပ်သမားတွေအတွက် ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်နဲ့ ပိုပြီး ကောင်းမွန်တဲ့ လစာနှုန်းထားတွေကို ရရှိဖို့ အခွင့်အရေးတေါ ဆုံးရှုံးစေပါတယ် ” ဟု DOJ မှ လက်ထောက်
ရှေ့နေချုပ် ဘီလ်ဘဲမှ ကြေငြာချက်တွင် ပြောဆိုခဲ့သည်။eBay မှ ၎င်းအနေဖြင့် ၂၀၁၀ ခုနှစ်ကတည်းက စပြီး အမေရိကရှိ စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် ပတ်သက်မည့် မည့်သည့်အလုပ်သမား ငှားရမ်းမှုမျိုးတွင်မှ ပါဝင်လုပ်ဆောင်မှု မရှိခဲ့ကြောင်း ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ၎င်းတို့အနေဖြင့်ယခု တရားစွဲဆိုမှုများကို ပြုလုပ်ခဲ့သည့် မူဝါဒသည် လက်ခံနိုင်ဖွယ် ရှိပြီး တရားမျှတသည်ဟု ယုံကြည်ကြောင်းနှင့် ယှဉ်ပြိုင်နေရသည့်အရည်အချင်း ဈေးကွက် တွင် အလုပ်သမား ယှဉ်ပြိုင်ငှားရမ်းမှု မရှိသည့် အဖြစ်မျိုး ကင်းမဲ့သွားစေမည်ဟု ယုံကြည်ကြောင်း လည်း ပြောဆို ခဲ့သည်။ ကာလီဖိုးနီးယားရုံးနှင့် သဘောတူညီချက်အရ eBay နှင့် Intuit တို့တွင် ၂၀၀၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်လုပ်ကိုင်ခဲ့သည့် နစ်နာရန်အလားအလာရှိသော ကာလီဖိုးနီးယား နယ်သားများအား နစ်နာကြေး အမေရိကန်ဒေါ်လာ ၃.၇၅ သန်းကို eBay မှ ပေးဆောင်သွားရမည်
ဖြစ်သည်။ ထပ်မံပြီး လူမှုရေးဆိုင်ရာ ပြစ်ဒဏ်အနေဖြင့် အမေရိကန်ဒေါ်လာ ၂.၅ သိန်းကိုလည်း ပေးဆောင် ရမည် ဖြစ်သည်။ Intuit အဖွဲ့အစည်းမှာ အမေရိကန် စည်းမျဉ်းထိန်းသိမ်းသူများနှင့် ရင်ဆိုင်ခဲ့ရသည့် ၂၀၁၀ ခုနှစ်က တရားစွဲဆိုမှုတွင် သဘောတူညီရှင်းလင်းခဲ့ပြီးဖြစ်သောကြောင့် ယခုနစ်နာကြေး ပေးရမည့် အစီအစဉ်တွင် ပါဝင်ခြင်း မရှိပေ။ ယခု လှုပ်ရှားမှုများမှာ Apple၊ Google၊ Adobe နှင့် Intel ကုမ္ပဏီများမှ သီးခြား အဆင့်အတန်းရှိ အလားတူ တရားစွဲဆိုမှုများကိုရင်ဆိုင်ဖြေရှင်းခဲ့ရပြီးနောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကုမ္ပဏီကြီးများ၏ သဘောတူညီချက်အား ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
BBC

No comments:

Post a Comment