Thursday, May 8, 2014

အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များငြိမ်းချမ်းရေးပန်းခင်းသို့ ရောက်စေချင်


ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA တိုက်ပွဲများနဲ့ပတ်သတ်ပြီး အစိုးရဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အကြိမ်ကြိမ်ပြုလုပ်ကာ ပြည်တွင်ငြိမ်းချမ်းရေးကြီးရအောင် ကြိုးစားနေသလို ငြိမ်းချမ်းရေးကို လိုလားနေသာ တိုင်းရင်းသား လက်နက်ကိုင်များဘက်မှလည်း အစိုးရနဲ့အတူ ညှိနှိုင်းမှုများ၊ ဆွေးနွေးမှုများကို အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းနေကြပါသည်။ ထို့သို့ ကြိုးပမ်းနေသောအချိန်မှာလည်း အစိုးရတပ်တွေနဲ့ လက်မှတ်ထိုးထားချင်းမရှိသေးသော KIO/KIA တိုက်ပွဲများကလဲ အနည်းနဲ့အများ ဖြစ်ပွားလျက်ရှိပါတယ်။ ထိုသို့ ဖြစ်ပွားရခြင်းမှာလည်း တပ်မတော်မှ နယ်မြေလုံခြုံရေး၊ မူးယစ်ဆေးဝါးနဲ့ သစ်မှောင်ခိုတာဆီးရေး လုပ်ငန်းများဆောင်ရွက်နေစဉ် KIA မှ တပ်များနဲ့ ရင်ဆိုင်တိုက်ပွဲလေးများ ဖြစ်ပွားခဲ့တာပါ။
သို့ပေမဲ့ နိုင်ငံခြားအခြေစိုက်နဲ့ နိုင်ငံခြားသို့ ရောက်ရှိနေသော ပြည်ပအပေးအကမ်းခံ မီဒီယာတချို့ဟာ ဆိုရင်တော့ တပ်မတော်အပေါ်မှာ နဂိုကတည်းက အမြင်မရှင်းချင်တာကြောင့် တပ်မတော်အပေါ် နိုင်ငံတကာမှ အကောင်းမမြင်အောင် နည်းမျိုးစုံးနဲ့ဟုတ်သော်ရှိ မဟုတ်သော်ရှိ လေထဲကနေ အသားထဲကလောက်ထွက်စွာ ပြောဆိုနေကြတာကို တွေ့ရပါတယ်။ တပ်မတော်မှ တိုင်းရင်းသာလက်နက်ကိုင်များအား လက်နက်အင်အား၊ လူအင်အားများစွားဖြင့်သော်လည်းကောင်း၊ လေယာဉ်များကိုအသုံးပြု၍သော်လည်းကောင်း၊ တိုင်းရင်သားများ အားနည်းမျိုးစုံဖြင့် နှိပ်စက်ညှင်းပန်နေသလို မဟုတ်မမှန် သတင်းများကို အသုံးပြုကာ ပြည်သူများ အယုံအ ကြည်ပျက်အောင် ရေးသားဖော်ပြနေကြပါတယ်။
တပ်မတော်အနေနဲ့ကလည်း အထက်မှပေးတဲ့အမိန့်နှင့် တာဝန်အတိုင်း စည်းကမ်း နှင့်အညီလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် မလိုအပ်သော၊ မမှန် သော သတင်းများကို သီးသန့်ဖြေရှင်းမနေတော့ပဲ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်လမ်းကိုယ်လျှောက်တာပဲ ဆိုတဲ့အသိနဲ့ Media မှာပါတာတွေ၊ ရေးတာတွေအပေါ်မှာလည်း သိပ်ပြီး မတုံ့ပြန်ခဲ့ပါဘူး။ ကြာလာတာနဲ့အမျှ Media များဟာ သူတို့ရေးတိုင်း၊ သူတို့ပြောတိုင်း ဖြစ်နေသည်ဟူသော အတွေးများဝင်လာကာ တပ်မတော် အား ပြည်သူနဲ့ဝေးသထက်ဝေးအောင် ပြောဆိုရေးသားလာပါသည်။ ဒါကြောင့်လည်း တချို့ဖြစ်စဉ်၊ ဖြစ်ရပ်တွေ ဟာ တပ်မတော်ဘက်ကရေးမယ့်၊ ပြောမယ့်သူလည်းမရှိတော့ အရင်ပြောတဲ့သူက အမှန်လိုဖြစ်နေပြီး တိုင်းရင်း သားပြည်သူများဟာ တပ်မတော်အပေါ် အထင်အမြင်တွေ လွဲမှားလာကြပါတယ်။
အမှန်တော့ ကချင်ပြည်နယ်တွင်လည်း နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်ထားခဲ့တော့ ရဲစခန်းရော၊ တပ်မတော်စခန်းရော၊ အကောက်ခွန်စခန်းတွေရောရှိပြီး ၂၀၁၁ခုနှစ် ဇွန်လမှာ KIA က ပြန်လည်တိုက်ခိုက်မှု တွေပြုလုပ်လာခဲ့လို့ နယ်စပ်ကုန်သွယ်ရေးစခန်းကို ပိတ်ပစ်ခဲ့ရတယ်။ အဲဒီနောက်တော့ KIA ဘက်မှ ၎င်းနေရာ များကို ဝင်ရောက်နေရာယူပြီး ဒေသခံတွေကိုနှိပ်စက်ခြင်း၊ လူတွေကို အဓမ္မဖမ်းဆီးပြီး KIA စစ်သားလုပ်ခိုင်း စေခြင်း၊ ဆက်ကြေးများကောက်ကာ မရပါက ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ နိုင်ငံရဲ့သယံဇာတတွေကို ခိုးထုတ်ခြင်းပြု လုပ်လာကြပါတယ်။ အဲ့ဒါတွေကြောင့် ဒေသခံတွေက သူတို့နယ်မြေကို ကာကွယ်ပေးဖို့ တောင်းဆိုမှုတွေရှိ လာခဲ့တဲ့အတွက် တပ်မတော်မှ ကချင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ကာ နယ်မြေနဲ့ဒေသခံများ လုံခြုံရေးကို ဆောင်ရွက်နေတာပါ။
တပ်မတော်ဟာ စည်းကမ်းနှင့်အညီလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့အတွက် တိုက်ပွဲနဲ့ပတ်သတ်သော မှတ်တမ်းမှတ်ရာနဲ့ဓါတ်ပုံများ စနစ်တကျရှိသော်လည်း လူမျိုးရေးအသွင် သဏ္ဌာန် ဆောင်သွားမယ့် ဖြစ်စဉ်ဖြစ်ရပ်မျိုးမဖြစ်အောင်၊ နာကြည်းချက်မဖြစ်သွားအောင် ထိန်းပြီးတော့ လုပ်ဆောင်နေ သလို တကယ့်လက်တွေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို နိုင်ငံတော်အစိုရနဲ့ တိုင်းရင်းသားလက်နက်ကိုင် များ တစိုက်မတ်မတ်လုပ်ဆောင်နိုင်အောင် ကူညီပေးနေခြင်းသာ ဖြစ်ပါသည်။ ဒါကြောင့် နယ်ပယ်အသီးသီး မှာရှိသော သတင်း Media များအနေဖြင့် မကူညီချင်ပါက ဘေးမှာထွက်နေပါ။ အကယ်၍ ငြိမ်းချမ်းသွားရင် ဖြစ်ရပ်မှန်တွေဟာ ဖုံးကွယ်ထားလို့မရဘဲ ဘူးပေါ်သလိုပေါ်လာမှာဖြစ်တဲ့အတွက် ပြည်းတွင်းစစ်မီးကြီး ထပ်ပြီး လောင်ကျွမ်းအောင် မီးမမွှေးပါကြပါနဲ့။ တကယ်စေတနာအရင်းခံကာ နိုင်ငံတော်ကြီးကို အေးချမ်းသာယာစေ ချင်သော စိတ်ရှိပါက ငြိမ်းချမ်းရေး ရေစင်လောင်းနိုင်အောင် ကူညီပေးရန်တိုက်တွန်းလိုက်ပါတယ်။
မဟာသွေး

No comments:

Post a Comment