Wednesday, May 28, 2014

မောင်တော မြို့နယ်တွင် ဓားပြအဖွဲ့မှ ခြိမ်းခြောက် ငွေတောင်းသူအား ငွေကျပ်နှစ်သိန်း လုပ်သေနတ် တစ်လက်နှင့် ကျည်နှစ်တောင့် တယ်လီဖုန်း ဆင်းကတ် တစ်ခု နှင့် အတူ ဖမ်းဆီး ရမိ

Photo: မောင်တော မြို့နယ်တွင် ဓားပြအဖွဲ့မှ ခြိမ်းခြောက် ငွေတောင်းသူအား ငွေကျပ်နှစ်သိန်း လုပ်သေနတ် တစ်လက်နှင့် ကျည်နှစ်တောင့် တယ်လီဖုန်း ဆင်းကတ် တစ်ခု နှင့် အတူ ဖမ်းဆီး ရမိ

နေပြည်တော် မေ ၂၇

ရခိုင်ပြည်နယ် မောင်တော ခရိုင် မောင်တောမြို့နယ် ဦးဒေါင်းကျေးရွာ အုပ်စု ဇုံမာရွာတွင် နေထိုင်သော ရွာသား တစ်ဦးထံသို့ တစ်ရွာတည်းနေ မာမောက်ရာဆိန်း ၃ဝ နှစ် (ဘ) အဒူလာကိန်းက မေ ၂၃ရက် နံနက် ၁ဝနာရီတွင် ''ဓားပြခေါင်းဆောင် အဒူလာ ကိန်းမှ ငွေကျပ်ငါးသိန်း ပေးရန် တောင်းခံခိုင်း ကြောင်းနှင့် မပေးပါက မိသားစု များကို သတ်ပစ်မည်'' ဟု ဖုန်းဖြင့် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း၊

ထို့အပြင် မေ ၂၄ရက် ညနေ ၅နာရီတွင် မာမောက် ရာဆိန်းက တောင်းခံထားသည့်ငွေ ပေးနိုင်/ မပေးနိုင် ဖုန်းဖြင့် ထပ်မံ၍ မေးမြန်းခဲ့ပြီး မေ ၂၅ရက် နံနက် ၇ နာရီ ခန့်တွင် ၎င်းသည် အဆိုပါရွာသား နေအိမ်သို့ ရောက်ရှိ လာပြီး ငွေကျပ် နှစ်သိန်း အား တောင်းခံသွားကြောင်းဖြင့် မေ ၂၅ရက် နံနက် ၁ဝနာရီတွင် နယ်ခြား စောင့်ရဲ ကွပ်ကဲမှုအဖွဲ့ အလယ်သံကျော် ရဲစခန်းသို့ လာရောက် တိုင်တန်းသဖြင့် ၎င်းအား ဝိုင်းဝန်း ရှာဖွေခဲ့ရာ မွန်းလွဲ ၂နာရီ ၂၅မိနစ်ခန့်တွင် တောင်းခံ ထားသည့် ငွေ နှစ်သိန်း နှင့်အတူ ဖမ်းဆီး မိသည်။

စစ်ဆေး ဖော်ထုတ်ချက်အရ တရားခံ မာမောက်ရာဆိန်း၏ နေအိမ်အား ယင်းနေ့ ညနေ ၅နာရီတွင် နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့၊ အလယ်သံကျော် ရဲစခန်းမှ တပ်ဖွဲ့ဝင် များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ ရာအိမ်မှူး အာရှော ဒူလာတို့ နှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် သက်သေများ နှင့်အတူ ဝင်ရောက် ရှာဖွေခဲ့ရာ ၎င်း၏ နေအိမ် အတွင်းမှ ပြောင်း အရှည် လေးလက်မခန့်၊ အချင်း ၃၂မီလီမီတာခန့်၊ အလျား(ဒင်မပါ) ငါးလက်မခန့်၊ ဒင် အရှည် ၃ဒသမ ၅လက်မခန့်ရှိ တစ်တောင့် ထိုးလုပ်သေနတ်တစ်လက် GFL 7.65 MM စာတန်းပါ ကျည်တစ်စောင့်၊ .32 PMC တံဆိပ်ပါ ကျည်တစ်တောင့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး Gramee ဆင်းကတ် တစ်ကတ်တို့အား သိမ်းဆည်း ရမိခဲ့သဖြင့် ညနေ ၆နာရီခန့်တွင် မာမောက်ရာဆိန်း (ဖမ်းမိ)အား အလယ်သံကျော် ရဲစခန်း၌ အမှုဖွင့် အရေးယူ ထားရှိသည်။

အဆိုပါ ဓားပြခေါင်းဆောင် အဒူလာကိန်း ဦးစီးသည့် ဓားပြအဖွဲ့သည် ဘင်္ဂလား ပင်လယ်အော် မြန်မာရေပိုင်နက် အတွင်း ငါးဖမ်းနေသူ များအား ပြန်ပေးဆွဲခြင်း၊ စက်လှေများအား ဓားပြတိုက်ခြင်း၊ ပင်လယ် ကမ်းစပ် အနီး ကျေးရွာများအတွင်း အလစ်အငိုက် ဝင်ရောက် ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းများနှင့် လူသတ်ခြင်း စသည့် ပြစ်မှုများ ကျူးလွန်ခဲ့ကြောင်း သတင်းဖော်ထုတ် ရရှိပြီး ဓားပြအဖွဲ့မှ တရားခံများ ဖမ်းဆီးရမိရေးအတွက် သတင်းဖော်ထုတ် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
ရခိုင်ပြည်နယ် မောင်တော ခရိုင် မောင်တောမြို့နယ် ဦးဒေါင်းကျေးရွာ အုပ်စု ဇုံမာရွာတွင် နေထိုင်သော ရွာသား တစ်ဦးထံသို့ တစ်ရွာတည်းနေ မာမောက်ရာဆိန်း ၃ဝ နှစ် (ဘ) အဒူလာကိန်းက မေ ၂၃ရက် နံနက် ၁ဝနာရီတွင် ''ဓားပြခေါင်းဆောင် အဒူလာ ကိန်းမှ ငွေကျပ် ငါးသိန်း ပေးရန် တောင်း ခံခိုင်း ကြောင်းနှင့် မပေးပါက မိသားစု များကို သတ်ပစ်မည်'' ဟု ဖုန်းဖြင့် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း၊

ထို့အပြင် မေ ၂၄ရက် ညနေ ၅နာရီတွင် မာမောက် ရာဆိန်းက တောင်းခံထားသည့်ငွေ ပေးနိုင်/ မပေးနိုင် ဖုန်းဖြင့် ထပ်မံ၍ မေးမြန်းခဲ့ပြီး မေ ၂၅ရက် နံနက် ၇ နာရီ ခန့်တွင် ၎င်းသည် အဆိုပါရွာသား နေအိမ်သို့ ရောက်ရှိ လာပြီး ငွေကျပ် နှစ်သိန်း အား တောင်းခံသွားကြောင်းဖြင့် မေ ၂၅ရက်
နံနက် ၁ဝနာရီတွင် နယ်ခြား စောင့်ရဲ ကွပ်ကဲမှုအဖွဲ့ အလယ်သံကျော် ရဲစခန်းသို့ လာရောက် တိုင်တန်းသဖြင့် ၎င်းအား ဝိုင်းဝန်း ရှာဖွေခဲ့ရာ မွန်းလွဲ ၂နာရီ ၂၅မိနစ်ခန့်တွင် တောင်းခံ ထားသည့် ငွေ နှစ်သိန်း နှင့်အတူ ဖမ်းဆီး မိသည်။

စစ်ဆေး ဖော်ထုတ်ချက်အရ တရားခံ မာမောက်ရာဆိန်း၏ နေအိမ်အား ယင်းနေ့ ညနေ ၅နာရီတွင် နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့၊ အလယ်သံကျော် ရဲစခန်းမှ တပ်ဖွဲ့ဝင် များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ ရာအိမ်မှူး အာရှော ဒူလာတို့ နှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် သက်သေများ နှင့်အတူ ဝင်ရောက် ရှာဖွေခဲ့ရာ ၎င်း၏ နေအိမ် အတွင်းမှ ပြောင်း အရှည် လေးလက်မခန့်၊ အချင်း ၃၂မီလီမီတာခန့်၊ အလျား(ဒင်မပါ) ငါးလက်မခန့်၊ ဒင် အရှည် ၃ဒသမ ၅လက်မခန့်ရှိ တစ်တောင့် ထိုးလုပ်သေနတ်တစ်လက် GFL 7.65 MM စာတန်းပါ ကျည်တစ်စောင့်၊ .32 PMC တံဆိပ်ပါ ကျည်တစ်တောင့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး Gramee ဆင်းကတ် တစ်ကတ်တို့အား သိမ်းဆည်း ရမိခဲ့သဖြင့် ညနေ ၆နာရီခန့်တွင် မာမောက်ရာဆိန်း (ဖမ်းမိ)အား အလယ်သံကျော် ရဲစခန်း၌ အမှုဖွင့် အရေးယူ ထားရှိသည်။

အဆိုပါ ဓားပြခေါင်းဆောင် အဒူလာကိန်း ဦးစီးသည့် ဓားပြအဖွဲ့သည် ဘင်္ဂလား ပင်လယ်အော် မြန်မာရေပိုင်နက် အတွင်း ငါးဖမ်းနေသူ များအား ပြန်ပေးဆွဲခြင်း၊ စက်လှေများအား ဓားပြတိုက်ခြင်း၊ ပင်လယ် ကမ်းစပ် အနီး ကျေးရွာများအတွင်း အလစ်အငိုက် ဝင်ရောက် ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းများနှင့် လူသတ်ခြင်း စသည့် ပြစ်မှုများ ကျူးလွန်ခဲ့ကြောင်း သတင်းဖော်ထုတ် ရရှိပြီး ဓားပြအဖွဲ့မှ တရားခံများ ဖမ်းဆီးရမိရေးအတွက် သတင်းဖော်ထုတ် ဆောင် ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။


မြ၀တီ

No comments:

Post a Comment