Wednesday, May 28, 2014

ယခုနှစ် မိုးရာသီမှစ၍ လမ်းပေါ် ရေလျှံမှုများ လျော့ပါးသွားမည်ဟု ရန်ကုန်မြို့တော် ဝန်ပြောကြား


Photo: ယခုနှစ် မိုးရာသီမှစ၍ လမ်းပေါ် ရေလျှံမှုများ လျော့ပါးသွားမည်ဟု ရန်ကုန်မြို့တော် ဝန်ပြောကြား
Wednesday, May 28, 2014

လမ်းပေါ် ရေလျှံမှုများသည် ဇွန်လမှစ၍ လျော့ပါးသွားမည် ဖြစ်ကြောင်း သိရသည်။ နှစ်စဉ်နှစ်တိုင်း ပြည်သူများ ခံစားနေရသည့် မိုးရွာသည့် အခါတိုင်း လျော့နည်းသွားအောင် ပြုလုပ်ေ နပြီ ဖြစ်ကြောင်း သိရသည်။

''တစ်နှစ်ထက် တစ်နှစ်တော့ ကောင်းလာပါပြီ။ အရင်က မိုးရွာပြီဆိုရင် နာရီနဲ့ချီပြီး ရေတင် ကျန်တယ်။ အခုနည်းလာပြီ။ မိုးရွာစဉ် ခဏတော့ ရေအိုင်သွားမယ်။ ပြီးရင်ပြန်ကျ သွားမှာပါ။ ကမ်းနား တစ်လျှောက်မှာတော့ ရေထွက်ပေါက်တွေ အကုန်လိုက်ဖွင့်ရတယ်။ တံခါးရွက်မကောင်း တာတွေကို ပြန်လဲနေသလို ရေမြောင်းတွေကိုလည်း သေသေချာချာ ရှင်းခိုင်း ထားပါတယ်။ မြောင်းဘေးမှာ လည်း အမှိုက်တွေ မပုံခဲ့ဖို့ကိုလည်း မှာထားပါတယ်။ အခုဌာန ဆိုင်ရာတွေနဲ့ ပေါင်းပြီး မြောင်းတွေကို အကုန်လိုက်ဖွင့်နေတယ်။ အသေးစား မြောင်းတူးစက်ဆိုရင် အလုံး ၄ဝ ကျော်သုံးပြီး အကြီးစားလည်း ၁ဝ လုံးကျော် ရှိပါတယ်။ ဒါကြောင့် ဒီမိုးရာသီမှာတော့ ရေလျှံတာတွေ လျော့ပါးသွားမှာပါ''ဟု မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။

ရေကြောင်းနှင့် လမ်းနယ်မြေ အချို့၌ လူအများက နေရာကျူးကျော် ထားသည်များ ရှိသည့် အတွက် မြောင်းရှင်းရာတွင် အခက်အခဲများ ရှိပြီး လမ်းအချို့မှာ စက်ကြီးများ ဝင်ရောက်ရန် ခက်ခဲနေ သေးေ သာကြောင့် အပြီးသတ် ရေလျှံမှု မရှိတော့ဟု မပြောနိုင်သေးဘဲ ယခုနှစ် မိုးရာသီတွင် ရေလျှံမှုများ သက်သာသွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်
မြ၀တီ 
 လမ်းပေါ် ရေလျှံမှုများသည် ဇွန်လမှစ၍ လျော့ပါးသွားမည် ဖြစ်ကြောင်း သိရသည်။ နှစ်စဉ်နှစ် တိုင်း ပြည်သူများ ခံစားနေရသည့် မိုးရွာသည့် အခါတိုင်း လျော့နည်းသွားအောင် ပြုလုပ်ေ နပြီ ဖြစ်ကြောင်း သိရသည်။

''တစ်နှစ်ထက် တစ်နှစ်တော့ ကောင်းလာပါပြီ။ အရင်က မိုးရွာပြီဆိုရင် နာရီနဲ့ချီပြီး ရေတင် ကျန်တယ်။ အခုနည်းလာပြီ။ မိုးရွာစဉ် ခဏတော့ ရေအိုင်သွားမယ်။ ပြီးရင်ပြန်ကျ သွားမှာပါ။ ကမ်းနား
တစ်လျှောက်မှာတော့ ရေထွက်ပေါက်တွေ အကုန်လိုက်ဖွင့်ရတယ်။ တံခါးရွက်မကောင်း တာတွေကို ပြန်လဲနေသလို ရေမြောင်းတွေကိုလည်း သေသေချာချာ ရှင်းခိုင်း ထားပါတယ်။ မြောင်းဘေးမှာ လည်း အမှိုက်တွေ မပုံခဲ့ဖို့ကိုလည်း မှာထားပါတယ်။ အခုဌာန ဆိုင်ရာတွေနဲ့ ပေါင်းပြီး မြောင်းတွေကို အကုန်လိုက်ဖွင့်နေတယ်။ အသေးစား မြောင်းတူးစက်ဆိုရင် အလုံး ၄ဝ ကျော်သုံးပြီး အကြီးစားလည်း ၁ဝ လုံးကျော် ရှိပါတယ်။ ဒါကြောင့် ဒီမိုးရာသီမှာတော့ ရေလျှံတာတွေ လျော့ပါးသွားမှာပါ''ဟု မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။

ရေကြောင်းနှင့် လမ်းနယ်မြေ အချို့၌ လူအများက နေရာကျူးကျော် ထားသည်များ ရှိသည့် အတွက် မြောင်းရှင်းရာတွင် အခက်အခဲများ ရှိပြီး လမ်းအချို့မှာ စက်ကြီးများ ဝင်ရောက်ရန် ခက်ခဲနေ သေးေ သာကြောင့် အပြီးသတ် ရေလျှံမှု မရှိတော့ဟု မပြောနိုင်သေးဘဲ ယခုနှစ် မိုးရာသီတွင် ရေလျှံမှုများ သက်သာသွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်
မြ၀တီ

No comments:

Post a Comment